မဇ္ဈိမခရီးစဉ် ( ၂ )
************
ဒိဋ္ဌိ
***
ဒိဋ္ဌိ သဒ္ဒါသည် သူ့ချည်းသက်သက်ဆို လျှင်---
"အယူ ။ အမြင်" ဟုသာ သာမည(သာမန်)အနက်
မြန်မာပြန်ဆိုမှု့ပြုရသည် ။
ဒိဋ္ဌိသဒ္ဒါသည်။အယူ။အမြင်။ဒိဋ္ဌိစေတသိက်။ရှု့သိ
မြင်ခြင်း။အထင်အမြင်။ရှု့မြင်တတ်ကြောင်းမျက်လုံး။
မြင်ခြင်း။ကြည့်ရှု့ခြင်း။သိခြင်း။စိစစ်ခြင်း။စသဖြင့်အ
နက်များစွာကိုဟောနှိုင်သော်လည်း----
၁။အယူမှား အမြင်မှား မိစ္ဆာဒိဋ္ဌိ ။
၂။အယူမှန် အမြင်မှန် သမ္မာဒိဋ္ဌိ ။
ဟူ၍နှစ်မျိုးသာ ရှိပေသည် ။အယူမှန် အမြင်မှန်
သမ္မာဒိဋ္ဌိကို ကုသိုလ်အရာ၌ ရအပ်၍ အယူမှား
အမြင်မှား မိစ္ဆာဒိဋ္ဌိကို အကုသိုလ်အရာ၌ရအပ်၏။
မှားသောအယူအကြောင်းကို လေ့လာမည်ဖြစ်သ
ဖြင့် "ဒိဋ္ဌိ" ဟုသီးခြားဖော်ပြမှု့ကို "မှားသောအယူ"
ဟုသာ ဆိုလိုပါသည် ။ဒိဋ္ဌိနှင့်ပါတ်သက်၍ များပြား
သော သိမှတ်ဖွယ်ရာ လေ့လာစရာ ရှိသော်လည်း
ဤ၌ နားလည်ရုံ အကျဉ်းမျှကိုသာဆိုပါမည် ။
( ၁ )
မိစ္ဆာဒိဋ္ဌိမှန်သမျှသက္ကာယဒိဋ္ဌိမှပေါက်ဖွားလာခြင်း
သာဖြစ်ပါသည် ။လောက၌ ရှိရှိသမျှသော မိစ္ဆာဒိဋ္ဌိ
အယူမှန်သမျှသည် သက္ကာယဒိဋ္ဌိလျှင်အမွန်အစရှိ
ကြကုန်၏ ။ပုထုဇဉ်သတ္တဝါမှန်သမျှသည် ထင်ရှား
ရှိသော ခန္ဓာငါးပါး အပေါင်း၌ မှားသောအားဖြင့်နှလုံး
သွင်းခြင်း မှားသေားအားဖြင့်သုံးသပ်ခြင်း ကြောင့်
သက္ကာယဒိဋ္ဌိသည် ဖြစ်ပွားလာပေသည် ။
( ၂ )
ဒိဋ္ဌိအားလုံးအကျဉ်ချုံး၍ရေတွက်လျှင် သဿတဒိဋ္ဌိ
နှင့် ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးသာလျှင် ရှိပေသည် ။ကမ္ဘ္ဘာလော
က၌ အယူဝါဒတီထွင်ကြသူများသည် ဝါဒအသစ်၏
အမည်နာမကို မည်သို့ပင်ကင်ပွန်းတပ် စေကာမူ
သဿတဒိဋ္ဌိနှင့်ဥစ္ဆေဒဒိဋ္ဌိ အတွင်းမှမလွတ်ကင်းနှိုင်
ကြပေ ။
( ၃ )
သဿတဒိဋ္ဌိနှင့်ဥစ္ဆေဒဒိဋ္ဌိ ကိုအတန်ငယ်ချဲ့၍မကျဉ်း
မကျယ် ဖြင့်မြတ်စွာဘုရားသည် ဒိဋ္ဌိအမျိုးပေါင်း
၆၂-ပါးကို သီလက္ခန်ပါဠိတော်၌အဓိပ္ပါယ်နှင့်တကွ
သရုပ်ထုတ်ကာဟောကြားတော်မူသည် ဟုဆိုပါ
သည် ။ယင်းဒိဋ္ဌိ ၆၂-ပါးတွင် ဥစ္ဆေဒဒိဋ္ဌိ ၇-ပါးနှင့်
သဿတဒိဋ္ဌိ ၅၅-ပါး ပါဝင်ပါသည် ။
( ၄ )
သတ္တလောကကြီးတစ်ခုလုံး၌ ဖြစ်ပွားပေါ်ပေါက်ခဲ့
သော အယူဝါဒများ လက်ရှိကျင့်သုံးနေသည့်အယူ
ဝါဒများ နောင်တွင်ထပ်မံဖြည့်စွက်မည့်အယူဝါဒမှန်
သမျှသည် မိစ္ဆာဒိဋ္ဌိ ၆၂-ပါး၌သာအကျုံးဝင်ပါသည်။
တစ်နည်း ဥစ္ဆေဒဒိဋ္ဌိ နှင့် သဿတဒိဋ္ဌိ နှစ်ပါး၌သာ
အကျုံးဝင်ပါသည် ။တစ်နည်း သက္ကာယဒိဋ္ဌိ နှစ်ဆယ်
၌သာလျှင်အကျုံးဝင်ပါသည် ။
( ၅ )
မိစ္ဆာဒိဋ္ဌိသည် အစိတ်အစိတ်အားဖြင့် အမည်နာမ
အားဖြင့် မရေမတွက်နှိုင်အောင်ပင် များပြားလှသော်
လည်း ခန္ဓာငါးပါးနှင့် စပ်၍သာ တစ်နည်း ရုပ်တရား
နာမ်တရား နှစ်ပါးနှင့်စပ်၍သာ ဖြစ်ပွားပေါ်ပေါက်လာ
ရခြင်းဖြစ်ပါသည် ။သို့ဖြစ်ရာ ခန္ဓာငါးပါးနှင့် စပ်၍ဖြစ်
သော သက္ကာယဒိဋ္ဌိကို စနစ်တကျလေ့လာသိရှိထား
ဖို့မဖြစ်မနေလိုအပ်သည်ဟုသာဆိုရပါမည် ။အခြား
အခြားသော သိမှတ်ဖွယ်ရာများကိုလည်း စွမ်းနှိုင်သ
မျှလေ့လာခြင်းအားဖြင့် အသိဉာဏ်၏ သန့်ရှင်းစင်
ကြယ်၍ရင့်ကျက်မှု့ကိုဖြစ်စေနှိုင်ပါသည် ။
အခြေအနေအရ အလျဉ်းသင့်သလို ဖော်ပြသွားရန်
ရည်ရွယ်ချက်ရှိပါသည် ။သက္ကာယဒိဋ္ဌိအကြောင်းကို
ဆက်လက်ဖော်ပြသွားပါမည် ။
မှတ်ချက်။ ။ပါဠိအကိုးအကားများကို ရေးသားဖော်
ပြရာတွင်မှားယွင်းမည်စိုးသည်ကတစ်ကြောင်း ဖတ်မှတ်သူများ
အဆင်မပြေဖြစ်နှိုင်သည် တို့ကြောင့် ချန်လှပ်ခဲ့ပါ
သည် ။ ။
ဒိဋ္ဌိ ၆၂-ပါးကိုသဘောတူရာစု၍ အုပ်စုခွဲလျှင်-
ReplyDelete(1)ပုဗ္ဗန္တကပ္ပိက
ရှေးအတိတ်ခန္ဓာအဖို့အစုကိုကြံဆတွေးယူသောဒိဋ္ဌိ
၁၈-ပါး ရှိ၏။
သဿတဒိဋ္ဌိလေးပါး
ဧကစ္စသဿတဒိဋ္ဌိလေးပါး
အန္တာနန္တဒိဋ္ဌိလေးပါး
အမရာဝိက္ခေပဒိဋ္ဌိလေးပါး
အဓိစ္စသမုပ္ပန္နဒိဋ္ဌိနှစ်ပါး----တို့ဖြစ်ကြ၏။
အမျိုးအစားခွဲ၍ရေတွက်လျှင်
၁။သဿတဒိဋ္ဌိ
၂။ဧကစ္စသဿတဒိဋ္ဌိ
၃။အန္တာနန္တဒိဋ္ဌိ
၎။အမရာဝိက္ခေပဒိဋ္ဌိ
၅။အဓိစ္စသမုပ္ပန္နဒိဋ္ဌိ----ဟူ၍ငါးမျိုးရှိ၏။
ရုပ်။ဝေဒနာ။သညာ။သင်္ခါရ။ဝိညာဏ်။တို့တွင်တစ်
ပါးပါးကို အတ္တလောက ဟူ၍ -ယင်း အတ္တလောက
သည်မြဲ၏ ဟုယူလျှင် သဿတဒိဋ္ဌိ မည်၏။
အချို့သတ္တဝါသင်္ခါရသာမြဲသည်။အချို့သတ္တဝါ
သင်္ခါရကားမမြဲ ဟုယူလျှင် ဧကစ္စသဿတဒိဋ္ဌိ
မည်၏။
ရုပ်နာမ်သင်္ခါရလောကသည်အဆုံးရှိ၏။အဆုံးမရှိ။
အဆုံးလည်းရှိ၏။အဆုံးလည်းမရှိ။အဆုံးရှိသည်
လည်းမဟုတ်။အဆုံးမရှိသည်လည်းမဟုတ်။ဟုယူ
လျှင် အန္တာနန္တဒိဋ္ဌိ မည်၏။
ဖမ်းယူရန်မလွယ်ကူသည့် တောင်ပြောမြောက်ပြော
ပြောဆိုကြောင်း အယူကိုယူလျှင် အမရာဝိက္ခေပဒိဋ္ဌိ
မည်၏။
အတ္တ ၊လောက သည် အကြောင်းကင်းလျှက် အလို
အလျှောက် မတော်တဆ ဖြစ်သည်ဟုယူလျှင်
အဓိစ္စသမုပ္ပန္နဒိဋ္ဌိ မည်၏။
ဤကားရှေးအတိတ်ခန္ဓာအဖို့အစုကိုကြံစည်တွေး၍
ဖြစ်သော ဒိဋ္ဌိ ၁၈-ပါးဖြစ်သည်။
(2)အပရန္တကပ္ပိက
အနာဂါတ် ခန္ဓာအဖို့အစုကို ကြံစည်တွေးယူသော
ဒိဋ္ဌိ ၄၄-ပါးရှိ၏။
သညီဒိဋ္ဌိ ၁၆-ပါး
အသညီဒိဋ္ဌိ ၈-ပါး
နေဝသညီနာသညီဒိဋ္ဌိ ၈-ပါး
ဥစ္ဆေဒဒိဋ္ဌိ ၇-ပါး
ဒိဋ္ဌဓမ္မနိဗ္ဗာနဒိဋ္ဌိ ၅-ပါး------တို့ဖြစ်ကြသည်။
အမျိုးအစားခွဲ၍ရေတွက်လျှင်
၁။သညီဒိဋ္ဌိ
၂။အသညီဒိဋ္ဌိ
၃။နေဝသညီနာသညီဒိဋ္ဌိ
၎။ဥစ္ဆေဒဒိဋ္ဌိ
၅။ဒိဋ္ဌဓမ္မနိဗ္ဗာနဒိဋ္ဌိ------ဟူ၍ငါးမျိုးရှိသည်။
သေလွန်ပြီးနောက် အတ္တသည်သညာရှိ၏ ဟုယူ
လျှင် သညီဒိဋ္ဌိ မည်၏။
သေလွန်ပြီးနောက် အတ္တသည်သညာမရှိ ဟုယူ
လျှင် အသညီဒိဋ္ဌိ မည်၏။
သေလွန်ပြီးနောက် အတ္တ သည် သညာရှိသည်
လည်းမဟုတ် သညာမရှိသည်လည်းမဟုတ် ဟု
ယူလျှင် နေဝသညီနာသညီဒိဋ္ဌိ မည်၏။
သတ္တဝါသေလွန်ပြီးနောက် ပြတ်၏။နောက်ထပ်တစ်
ဖန်ဘာမျှမဖြစ်တော့ပြီ ဟုယူလျှင် ဥစ္ဆေဒဒိဋ္ဌိ မည်၏။
ပစ္စုပ္ပန်မျက်မှောက်အတ္တဘော၌ ဒုက္ခ၏ ငြိမ်းအေး
မှု့ကို နိဗ္ဗာန် ဟုယူလျှင် ဒိဋ္ဌဓမ္မနိဗ္ဗာနဒိဋ္ဌိ မည်၏။
ဤကား အနာဂါတ်ခန္ဓာအဖို့အစုကို ကြံစည်တွေး
တော၍ ယူသော ဒိဋ္ဌိ ၄၄-ပါးဖြစ်၏။
ဗဟုသုတအလို့ငှာ ဖော်ပြခြင်းဖြစ်ပါသည်။စွမ်းနှိုင်
သူများ အသေးစိတ်လေ့လာသင့်ပါသည်။
ဒိဋ္ဌိ နှင့်ပါတ်သက်၍ မိစ္ဆာဒိဋ္ဌိ ၆၂-ပါး အကုန်လုံး
ReplyDeleteပင် အတ္တသည် သေပြီးလျှင် မြဲ၏ ။အတ္တသည်
သေပြီးလျှင် ပြတ်စဲ၏-နောက်ထပ်ဘာမျှမဖြစ်စ
သဖြင့် ယုံကြည်ယူဆမှု့များကိုသာဆိုပါသည်။
ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်အတ္တ၏ ရှေ့အစွန်းနောက်အ
စွန်း တည်မြဲ ပြတ်စဲ စသည်တို့၌ မှားယွင်းစွာကြံ
ဆတွေးမြင်ယူဆခြင်းဖြစ်ပါသည် ။
သီလက္ခန်ဋီကာသစ်၌
မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကို
၁။ရှေ့အတိတ်ကို ကြံခြင်း ပုဗ္ဗကပ္ပိကဒိဋ္ဌိ (၁၄)
၂။နောက်အနာဂါတ်ကိုကြံခြင်း အပရန္တကပ္ပိကဒိဋ္ဌိ
(၃၉)
၃။ယ္ခုလက်ရှိဘဝကိုကြံခြင်း ပုဗ္ဗန္တာပရန္တကပ္ပိကဒိဋ္ဌိ
(၉) ---ဟုဖွင့်ပြပြန်ပါသည်။
လောကကြီးအဆုံးရှိမရှိနှင့်စပ်၍ အယူမှားသော
အန္တာနန္တဒိဋ္ဌိ (၄)မျိုး---
လက်တွေ့နိဗ္ဗာန်ရခြင်းဟု အယူမှားသော ဒိဋ္ဌဓမ္မ
နိဗ္ဗာနဒိဋ္ဌိ (၅)မျိုး----
ပေါင်း ဒိဋ္ဌိကိုးမျိုးတို့သည် ယ္ခုလက်ရှိပစ္စုပ္ပန်ဘဝအ
တွက် ရှေးအတိတ် လွန်ပြီး အတ္တနှင့် နောက်လာ
လတ္တံ့သော အတ္တ နှစ်မျိုးလုံးပင် ကြံဆ၍ အယူမှား
ခြင်းကြောင့် ပုဗ္ဗန္တာပရန္တကပ္ပိက ဒိဋ္ဌိ ရှေးအကြောင်း
နောက်အကြောင်းကိုပါ ကြံစည်စဉ်းစားခြင်းရှိသော
ဒိဋ္ဌိ ဟူ၍သာဆိုရ၏။
ဤမိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့သည် အတ္တ၏ ပြတ်စဲ တည်
မြဲ နှင့် ပါတ်သက်၍ မှားယွင်းစွာ ကြံဆတွေးယူ
သည့် အတ္တအမြင်များသာဖြစ်ပါသည်။
သက္ကာယဒိဋ္ဌိမှ အခြေခံပေါက်ဖွားလာခြင်းဖြစ်၏။
သက္ကာယဒိဋ္ဌိလျှင် အမွန်အစရှိကြကုန်၏။
မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကို ပိုမိုရှင်းလင်းစေရန် သမ္မာဒိဋ္ဌိကို
အနည်းငယ်ဖော်ပြပါမည်။
သမ္မာဒိဋ္ဌိသည်
လောကီသမ္မာဒိဋ္ဌိ -နှင့်
လောကုတ္တရာသမ္မာဒိဋ္ဌိ -ဟူ၍နှစ်မျိုးရှိ၏။
လောကီသမ္မာဒိဋ္ဌိသည်
ကမ္မဿကတာသမ္မာဒိဋ္ဌိ -နှင့်
ဝိပဿနာသမ္မာဒိဋ္ဌိ -ဟူ၍နှစ်မျိုးရှိပြန်၏။
ကံနှင့်ကံအကျိုး ရှိသည်ဟုယုံကြည်သောဉာဏ်
နောက်ဘဝရှိသည်ဟုယုံကြည်သောဉာဏ်
၃၁-ဘုံ ရှိသည်ဟုယုံကြည်သောဉာဏ်
ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ဂုဏ်ကို
ကြည်ညိုယုံကြည်သောဉာဏ်
မိဘဆရာသမားတို့၏ဂုဏ်ကျေးဇူးကိုယုံကြည်
သောဉာဏ်
ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးပေးဟန်
ကို ယုံကြည်သောဉာဏ်-အမြင်တို့ရှိသည်ဖြစ်၍
ကမ္မဿကတာသမ္မာဒိဋ္ဌိဖြစ်ပွားလျှင်
မိစ္ဆာဒိဋ္ဌိ ၆၂-ပါး မဖြစ်ဟုသိရမည်။
မရှင်းလင်းလျှင် နီးစပ်ရာ ပညာရှင်များထံ မေးမြန်း
ဖြေရှင်းခြင်း ပြုစေချင်ပါသည်။ ။