Thursday, April 10, 2014

နှစ်သစ်

နှစ်သစ် မှာ မင်္ဂလာ ရှိစေချင်
**********************
မကြာမီနှစ်ဟောင်းကုန်ဆုံးတော့မည်။
မကြာမီနှစ်သစ်သို့ရောက်ပါတော့မည်။

#အသက် တစ်နှစ်ကြီး သွားပါသည်။
#အရွယ် တစ်နှစ်စာ အိုသွားပါသည်။
#အသက်တမ်း တစ်နှစ် လျော့သွားပါသည်။
#ဘာတွေဖြစ်ခဲ့သည်ကိုသိသလိုလိုရှိသည်။
#ဘယ်လိုတွေဖြစ်သည်ကိုသိသလိုလိုရှိသည်။
#ဘာတွေကြောင့်ဖြစ်သည်ကို သိသလိုလိုရှိသည်။
#ဘာတွေဖြစ်လာဦးမည်ကိုမသိပါ။

်သေချာတာတစ်ခုရှိပါသည်။၁၃၇၅-ခုနှစ်ကတော့
ဘယ်သောအခါမှပြန်လာတော့မည်မဟုတ်သဖြင့်
၁၃၇၅-ခုနှစ်ကို မိမိတို့ နောက်တစ်ဖန် စီမံခန့်ခွဲ၍
မရနှိုင်တော့ပါ။  

၁၃၇၅-ခုနှစ်သည်အတိတ်ဖြစ်သွားပါသည်။
၁၃၇၅-ခုနှစ်သည်သမိုင်းဖြစ်သွားပါသည်။
၁၃၇၅-ခုနှစ်သည်သင်ခန်းစာဖြစ်သွားပါသည်။
၁၃၇၅-ခုနှစ်သည်အတွေ့အကြုံဖြစ်သွားပါသည်။
 
၁၃၇၅-ခုနှစ်သည် ကုန်ဆုံးသွားပါသည်။
သို့သော်-အချိန်သည် ကုန်ဆုံးမသွားပါ။
အချိန်ကိုရင်ဆိုင်ရပါဦးမည်။
အချိန်ကိုနောက်ထပ် ဘယ်၍ဘယ်မျှရင်
ဆိုင်ရဦးမည်ကို မသိပါ။
အချိန်ကိုနားလည်သလိုလိုရှိသည်။
သို့သော် အချိန်ကို မသိပါ။
အချိန်ကိုသိသလိုလိုရှိသည်။
သို့သော်အချိန်ကို နားမလည်ပါ။

တစ်လက္မ တစ်ပေ တစ်ကိုက် တစ်မိုင် စသည်တို့
သည် အလျားမဟုတ် အနံမဟုတ် အမြင့်(ထု)
မဟုတ် ပမာဏများ အရွယ်အစားတန်ဖိုးများသာ
ဖြစ်ကြသည်။

တစ်စက္ကန့် တစ်မိနစ် တစ်နာရီ တစ်ရက် တစ်လ
တစ်နှစ် စသည်တို့သည် အချိန်မဟုတ်အချိန်၏
ပမာဏများ အချိန်၏ အမှတ်အသားများသာဖြစ်
သည်။အချိန်သည် မည်သည့်အရာပေနည်း။

                      ( က )
အချိန်သည် အတိတ်မှပစ္စုပ္ပန် ၊ပစ္စုပ္ပန်မှအနာဂါတ်
တောက်လျောက် ခရီးနှင်နေသည်။အချိန်ကိုရပ်တန့်
၍မရ ၊ရပ်တန့်ဖို့ မဖြစ်နှိုင်။ အချိန်သည် မည်သည့်
အရာကိုမျှ မှီခိုမှု့မရှိပဲ လွတ်လပ်စွာခရီးနှင်နေသည်။
အချိန်သည် ပကတိ ဖြစ်သည်။အချိန်သည် သက်ရှိ
သက်မဲ့အရာအားလုံးကို ဝါးမျိုဖျက်ဆီးပြစ်သည်။

ဤအမြင်သည် အရပ်ဖက် အမြင်ဖြစ်သည်။
ဤအမြင်သည် လူများစု၏ အမြင်ဖြစ်သည်။
ဤအမြင်သည် သမားရိုးကျ အမြင်ဖြစ်သည်။

                    ( ခ )
အချိန်သည် နှိုင်းရ ဖြစ်သည်။အချိန်သည်စန့်ထွက်
နှိုင်သည်။အချိန်သည် ကိုယ်ပိုင် အချိန် နှင့် နှိုင်းရ
အချိန် နှစ်မျိုးရှိသည်။အချိန်သည် ရွေ့လျားနှုန်း
(အလျှင်)ကိုမှီခိုရသည်။အချိန်သည် အရာဝတ္ထုတိုင်း
အတွက် ပကတိ မဟုတ် နှိုင်းရဖြစ်သည်။
      
ရှု့မှတ်သူနှင့် ရှု့မှတ်ခံ၏ နှိုင်းရ အလျှင်သုည အခြေ
အနေ၌သာ ရှု့မှတ်ခံ၏ အချိန်နှင့် ရှု့မှတ်သူ ၏
အချိန်တို့တူညီမှု့ရှိနှိုင်သည်။

ရှု့မှတ်ခံ နှင့် ရှု့မှတ်သူ ၏ နှိုင်းရအလျှင်သည် တစ်
စက္ကန့်လျှင် ကီလိုမီတာ နှစ်သိန်း ခြောက်သောင်း
ဖြစ်လျှင် ရှု့မှတ်ခံ၏ အချိန်သည်ရှု့မှတ်သူ၏အချိန်
ထက်နှစ်ဆပိုကြာသည်။(photo-တွင်ကြည့်ပါ)

ဆိုလိုသည်မှာ ရှု့မှတ်သူ၏အချိန်ကုန်ဆုံးသွားသော်
လည်း ရှု့မှတ်ခံ၏ အချိန်သည် တစ်ဝက်သာ ရှိသေး
သည်။အချိန်စန့်ထွက်သည်ဟုဆိုသည်။အချိန်စန့်
ထွက်ခြင်းအကျိုးဟုခေါ်သည်။
(Time delation effect)

ဤအမြင်သည် အိုင်းစတိုင်း၏အမြင်ဖြစ်သည်။
ဤအမြင်သည်ဒီတာမနစ်စတစ်သိပ္ပံအမြင်ဖြစ်သည်။
ဤအမြင်သည်ရီလေတီဗီတီသီအိုရီအမြင်ဖြစ်သည်။
(deterministic science)(relativity theory)
                
                   ( ဂ )
ကရဏံ ကာရော ၊ ကာရော ဧဝ ကာလော။
ကရဏံ-ပြုခြင်း ၊ကာရော-ပြုခြင်း ၊ ကာရော ဧဝ-
ပြုခြင်းသည်ပင် ၊ ကာလော-ကာလမည်၏။
ဤသို့ သဒ္ဒါဆရာတို့ဝိဂြိုဟ်ပြုသည်ဟုဆို၏။

ကာလ ဟူသည် ဖြစ်ခြင်း ပျက်ခြင်း ဟူသော ကြိယာ
ပင်ဖြစ်သည်။ဖြစ်ခြင်း ပျက်ခြင်း၏တည်ရာဖြစ်တတ်
ပျက်တတ်သော အရာဝတ္တုများကို ဒေသ ဟုခေါ်၏။

အကြောင်းတရားများပြည့်စုံညီညွတ်သောအခါ
ခန္ဓာ နာမ် ရုပ် တို့သည် ဖြစ်ပေါ် လာရ ပေသည်။
ခန္ဓာ နာမ် ရုပ် တို့၏ ဖြစ်ခြင်းကြောင့်သာလျှင် အချိန်
သည်ဖြစ်ပေါ်လာရပေသည်။

ခန္ဓာနာမ် ရုပ် တို့ ဖြစ်လျှင်သံသရာဖြစ်သည်။
ခန္ဓာ နာမ်ရုပ် တို့ မဖြစ်လျှင် သံသရာမဖြစ် ။
သံသရာဖြစ်လျှင် အချိန်ဖြစ်သည်။
သံသရာမဖြစ်လျှင် အချိန်မဖြစ်။
သံသရာမှလွတ်လျှင်အချိန်မှလွတ်သည်။
သံသရာမှမလွတ်လျှင်အချိန်မှမလွတ်။
ဤသည်တို့မှာရှု့မှတ်သူတို့၏ ကိုယ်ပိုင်အချိန်များ
ကိုသာဆိုလိုပါသည်။

အချိန်သည် သတ္တဝါကိုစား၏။
အချိန်သည် အချိန်ကိုစား၏။
ရဟန္တာသူမြတ်သည် အချိန်ကိုစား၏။  

ကံနှင့်ကိလေသာ သည် ခန္ဓာနာမ်ရုပ်တို့ကိုဖြစ်စေ၏။
ကံနှင့်ကိလေသာ သည် သံသရာကို ဖြစ်စေ၏။
ကံနှင့်ကိလေသာ သည် အချိန်ကို ဖြစ်စေ၏။

အရှင်ဇနကာဘိဝံသ၏ သင်္ဂြိုဟ်ဘာသာဋီကာ၌--
အနုသယကိလေသာသည် ဥပါဒ် ဌီ ဘင် အားဖြင့်
အထင်အရှားမရှိချေ။ဥပါဒ် ဌီ ဘင် အားဖြင့်အထင်
အရှားရှိသောအခါ အနုသယ မဟုတ်။ပရိယုဋ္ဌာန
ကိလေသာဖြစ်ပါသည်။-------
အနု အနု ၊အစဉ်တစိုက်။သန္တာနေ ၊ရုပ်နာမ်ခန္ဓာအ
စဉ်၌ ။သေန္တိ ၊ကိန်းဝပ်တည်နေတတ်ကုန်၏။ဣတိ၊
ထို့ကြောင့်။အနုသယ ၊အနုသယမည်ကုန်၏။

တစ်ဖန် ဆရာကြီးဦးရွှေအောင်၏ အတ္တဝါဒမှအနတ္တ
ဝါဒသို့ တွင် အနုသယ ဟူသည်ထိုထိုပုဂ္ဂိုလ်တို့၏
အဇ္ဈတ္တသန္တာန်၌ အမြဲကိန်းနေသောသဘောဖြစ်ပါ
သည်။ဤနေရာ၌ ကာလ နှင့်ပါတ်သက်၍ အထူးဆို
ရန်ရှိပါသည်။ပရိဏာမီကာလ နှင့် ကူဋဋ္ဌာယီကာလ
ဟူ၍နှစ်မျိုးရှိပါသည်။

ပရိဏာမီကာလသည် ဖြစ်တည်ပျက် သဘောနှင့်
ယှဉ်သဖြင့် အတိတ် ပစ္စုပ္ပန် အနာဂါတ် ဟူ၍အပိုင်း
အခြားပြုကောင်းသော ကာလ ဖြစ်ပါသည်။

ကူဋဋ္ဌာယီကာလကို ထာဝရပစ္စုပ္ပန် ဟူ၍လည်းဆို
ပါသည်။ဘာဝမုခ ဟူ၍ အဖြစ်တရားတို့၏ နှုတ်ခမ်း
ဝ ဟုလည်းဆိုပါသည်။

ပရိဏာမီကာလဖြင့် ပရိယုဋ္ဌာနကိလေသာကိုတိုင်း
တာနှိုင်ပါသည်။ကူဋဋ္ဌာယီကာလဖြင့် အနုသယကိ
လေသာကိုတိုင်းတာနှိုင်ပါသည်။ထို့ကြောင့် ပရိယု
ဋ္ဌာနကိလေသာသည် သတ္တဝါတို့၏ သန္တာန်၌အမြဲ
မရှိသောကိလေသာဖြစ်၍ အနုသယကိလေသာ
သည် သတ္တဝါတို့၏ သန္တာန်၌ ထာဝရပစ္စုပ္ပန်အနေ
ဖြင့် အမြဲရှိသောကိလေသာဖြစ်ပါသည်။

သံသရာဆိုသည်ကား---
တစ်ယောက်တစ်ယောက်သော သတ္တဝါဟု ခေါ်ဝေါ်
အပ်သော ခန္ဓာ ,အာယတန ,ဓာတ် ,တို့၏ အနမတဂ္ဂ
သံသရာ ကာလ၌ ဘဝအဆက်ဆက် ကမ္ဘာအဆက်
ဆက်အားဖြင့် မပြတ်မလပ် ဆက်လက်ဖြစ်ပွားလျှက်
နေသော အစဉ်သည် သံသရာမည်၏။
(လယ်တီနိဗ္ဗာန်-မှ)                                       

သံသရာဆိုသည် မှာ အစမထင်သည့်အလွန်ရှည်
လျားလှသော အဓွန့် ရှိသည့် ကာလ ဖြစ်သည်။

နှစ်သစ်ကူး ဆုတောင်း-----
နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးလျှင် တစ်ဦးချင်းဖြစ်စေ
အစုလိုက်အဖွဲ့လိုက်ဖြစ်စေ နှစ်သစ်ကူးဆုတောင်း
အဖြစ် မိမိ၊မိမိတို့ဆန္ဒရှိရာဖြစ်လိုသည်များကိုတောင်း
ခံဆန္ဒပြုလေ့ရှိကြသည်။

ဆုတောင်းမှု့ကို အပိုလုပ်ငန်း ဟုအမြင်မရှင်း သူများ
ကယူဆပါသည်။လက်တွေ့ပဓာနဝါဒ သမားများက
လက်တွေ့ကျကျ ဆောင်ရွက်မှု့မှအပ အခြားသော
အရိုအသေပေးခြင်း ဆုတောင်းခြင်း အမျှပေးဝေခြင်း
သာဓုခေါ်ခြင်း စသောလုပ်ငန်းများကိုအပိုအမိုလုပ်
ငန်းများအဖြစ် ရှု့မြင်တတ်လေ့ရှိကြသည်။

ဆုတောင်းခြင်းသည်အပိုလုပ်ငန်းမဟုတ်ပါ။
လုပ်နည်းလုပ်ဟန်မှန်ကန်မှု့ရှိဖို့တော့လိုပါသည်။
နှစ်သစ်ကူးပြောင်းရုံမျှဖြင့် ဆုတောင်းမှု့ ပြုလုပ်ခြင်း
သည်မှန်ကန်မှု့မရှိပါ။

ဆုတောင်းခြင်းအမှု့မပြုမီ ကောင်းမှု့ကိုပြုရပါမည်။
ထိုထိုကောင်းမှု့၏အားလျော်စွာကောင်းကျိုးရရှိမည်
မှာလည်း ဧကန်ပင်ဖြစ်ပေသည်။
မိမိဖြစ်လိုသည် ကို ဆုတောင်း ယူရခြင်းမှာ ထိုထို
ကောင်းမှု့၏ အကျိုးပေး တည်မြဲစေဖို့ နှင့် ဖရိုဖရဲ
မဖြစ်စေဖို့ဖြစ်ပါသည်။

မန္တလေးသို့ရောက်လိုသူသည် မန္တလေးသို့ဦးတည်
သွားဖို့လိုပါသည်။ရန်ကုန်သို့ ရောက်လိုသူသည်
ရန်ကုန်သို့ဦးတည်သွားဖို့လိုပါသည်။

ခရီးသွားသည်ဆိုရုံမျှဖြင့်မိမိရောက်လိုသောပန်းတိုင်
ကိုရောက်မည်မရောက်မည်မှာမသေခြာပေ။
သံသရာခရီးသည် အသွားခက်လှသဖြင့်မရောက်ဖို့
ကပိုများပါလိမ့်မည်။

မည်သူမဆိုမိမိရလိုဖြစ်လိုသောဆုကိုကောင်းမှု့ပြု
ပြီးတိုင်းတောင်းယူနှိုင်သည်။သို့သော်သာသနာတွင်း
သားများအနေဖြင့် ခန္ဓာနာမ်ရုပ် တို့မဖြစ်ရာနိဗ္ဗာန်ကို
သာတောင်းယူသင့်ပေသည်။

နိဗ္ဗာန်ကိုမြင်နှိုင်ရောက်နှိုင်သောကုသိုလ်မှာမုချအား
ဖြင့် မဂ်ကုသိုလ်သာဖြစ်ပါသည်။သို့သော်လည်းနိဗ္ဗာန်
သည် ကုသိုလ်အားလုံးနှင့်အလျော်ဖြစ်သဖြင့်မည်
သည့်ကုသိုလ်ကိုပြုပြုနိဗ္ဗာန်ကိုဆုတောင်းသဖြင့်
လျှင်မြန်စောစွာရနှိုင်ရောက်နှိုင်ပါသည်။

သောက်တော်ရေတစ်ခွက်ကပ်လှူသည့်ကုသိုလ်
ကလည်းနိဗ္ဗာန်အကျိုးကိုပေးနှိုင်ပါသည်။ဆုတောင်း
သောအခါ၌စိတ်ပါလက်ပါဖြစ်ဖို့သာအရေးကြီးသည်။
ထုံးတမ်းစဉ်လာအရဆုတောင်းခြင်းသူတစ်ပါးတိုက်
တွန်းချက်အရဆုတောင်းခြင်းအစရှိသည့်စိတ်အား
မထက်သန်သည့်ဝတ်တရားကျေဆုတောင်းခြင်းကို
စိတ်ထက်သန်လာအောင်ပြုပြင်ပေးဖို့လိုပါသည်။

တစ်ယောက်တစ်ယောက်စီ၏သံသရာထဲတွင်ကုသိုလ်
နှင့်အကုသိုလ်တို့သည်မရေမတွက်နှိုင်လောက်အောင်
်ပင် အလွန့်အလွန်အမြောက်အများ ထာဝရပစ္စုပ္ပန်
အနေဖြင့် ထာဝစဉ်ကပ်လျှက်လိုက်ပါကာ ခဏပစ္စုပ္ပန်
အနေဖြင့်ခန္ဓာ နာမ် ရုပ်များ ကိုတရစပ်အလုအယက်
မရပ်မနားထုတ်လုပ်နေကြပါသည်။

ထာဝရပစ္စုပ္ပန်အနေဖြင့်လိုက်ပါလာသောကမ္မသတ္တိ
များနှင့်အနုသယကိလေသာများမှာခန္ဓာနာမ်ရုပ်တို့
၏အနိစ္စလက္ခဏာဖြစ်သော ဥပါဒ် ဌီ ဘင် (ဖြစ်
တည် ပျက် )သဘောမရှိပဲ ခန္ဓာ နာမ်ရုပ် တို့ကို အ
ကြောင်းအားလျော်စွာ ထုတ်လုပ်ပေးနှိုင်စွမ်း အ
ပြည့်ရှိကြပါသည်။

ကုသိုလ်နှင့်အကုသိုလ် ကမ္မသတ္တိများတွင်ခန္ဓာနာမ်
ရုပ် ကိုထုတ်လုပ်နှိုင်သည့်သတ္တိ( reproductive
power )အပြည့်အဝပါရှိပါသည်။

သို့ဖြစ်သောကြောင့်---
ကုသိုလ်နှင့်အကုသိုလ် ကမ္မသတ္တိများမှာလည်း
အချိန်တန်လျှင်ရင့်မှည့်၍ ခန္ဓာ နာမ် ရုပ်များ ကိုထုတ်
လုပ်ရသည့် ဧကန်ဖြစ်တန်စွမ်းပါရှိနေသဖြင့် အချိန်
မှလွတ်ကင်းသော ကာလဝိမုတ် တရားများမဟုတ်ပဲ
အချိန်မှမလွတ်ကင်းသည့် တရားများသာဖြစ်ပါသည်။

ကုသိုလ်ပင်ဖြစ်သော်လည်း သံသရာဝဋ်အတွင်း၌
အကျိုးပေးမှု့ကိုစိတ်အားထက်သန်မိချေက ခန္ဓာ
နာမ်ရုပ်များဖြစ်ပွားလျှက် ပါရမီကုသိုလ်အားလျော့
၍နိဗ္ဗာန်ခရီးမပေါက်မြောက်ပဲရှိတတ်သည်။နှောင့်
နှေးကြန့်ကြာမှု့ဖြစ်စေတတ်သည်။

ခန္ဓာ နာမ် ရုပ် တို့ဖြစ်ပွားလျှင် အနုသယကိလေသာ
သည် သံသရာဝဋ်လည်စေမည့်ကုသိုလ်နှင့်အကုသိုလ်
ကိုမရပ်မနားအတွင်လုပ်တော့သည်။ဤသို့ဖြင်သံသ
ရာဝဋ်လည်စေမည့် ကံ သစ်များထိန်းမနိုင်သိမ်းမရ
ဖြစ်ပွားကာ ခြာခြာလည်လျှက်သံသရာ့သစ်ငုတ်ဖြစ်
တတ်သည်။

သို့ဖြစ်ရာ-သေးသေးကြီးကြီး မည်သည့်ကုသိုလ်
ကောင်မှု့မျိုးကိုမဆို ပြုလုပ်ပြီးတိုင်း သံသရာမှလွတ်
မြောက်ရာ (သို့) ကာလ ၊ဒေသမှလွတ်မြောက်ရာ
နိဗ္ဗာန် ဆုကြီးကို စိတ်အားထက်သန်စွာတောင်းယူ
သင့်ပါသည်။ပါရမီရင့်ကျက်လာပါကနိဗ္ဗာန်ကိုမလွဲမ
သွေရရှိမည့်အပြင်သံသရာခရီးသွားစဉ်ကာလ၌
လည်းသူတော်ကောင်းဓာတ်ခံအပြည့်ဖြင့်လောကဓံ
ံရှစ်ပါးကိုအနှိုင်ရသူအမြဲဖြစ်နှိုင်ပါသည်။

သုမေဓာ ရှင်ရသေ့သည် သတ္တဝါများကိုသနားတော်
မူသဖြင့် သမ္မာသမ္ဗောဓိ ဆုကိုပန်ဆင်ကာ ပါရမီဖြည့်
ကျင့်ရာ ကာလတစ်လျှောက်လုံး ပြုပြုသမျှသော
ကုသိုလ်များ၏အကျိုးအဖြစ် သမ္မာသမ္ဗောဓိ
ဆုကိုသာရည်မှန်း၍ဆောင်ရွက်တော်မူခဲ့ခြင်းဖြစ်
သည်ကိုသတိမူကြပါကုန်။

#နှစ်သစ်ကူး၌ကောင်းမှု့ပြု၍ ဆုတောင်းတတ်သူများ
ဖြစ်ဖို့ လိုပါသည်။
#ပြုပြီးကုသိုလ်များကိုအာရုံပြု၍ ဆုတောင်းတတ်သူ
များဖြစ်ဖို့ လိုပါသည်။
#သူတစ်ပါးပြု၍အမျှပေးဝေသောကုသိုလ်များကို
သာဓုနုမောဒနာ ခေါ်ဆိုတတ်သူများဖြစ်ဖို့လိုပါသည်။့

No comments:

Post a Comment