မဇ္ဈိမလမ်းစဉ်-( ၃ )
*************
သက္ကာယဒိဋ္ဌိ
*********
သက္ကာယ-ဟူသည် ထင်ရှားရှိသောခန္ဓာငါးပါးပင်ဖြစ်၏။
သက္ကာယဒိဋ္ဌိ-ဟူသည် ထင်ရှားရှိသော ခန္ဓာငါးပါးအ
ပေါင်း၌ မှားယွင်းသောအားဖြင့်နှလုံးသွင်းခြင်း၊မှားယွင်း
သောအားဖြင့်သုံးသပ်ခြင်း၊ပင်ဖြစ်သည်။
ပဋိသမ္ဘိဒါမဂ် ပါဠိတော် မြန်မာပြန်၌-
ရုပ်ကို-ဤရုပ်သည် ငါ၏ဥစ္စာတည်း။
ဤရုပ်သည် ငါဖြစ်၏။ဤရုပ်သည် ငါ၏ကိုယ်တည်း။
ဝေဒနာကို------
သညာကို-------
သင်္ခါရကို-------
ဝိညာဏ်ကို------ငါ၏ကိုယ်တည်းစသဖြင့်---
မှားယွင်းသောအားဖြင့်နှလုံးသွင်းခြင်း။
မှားယွင်းသောအားဖြင့် သုံးသပ်ခြင်းသည်
သက္ကာယဒိဋ္ဌိ မည်၏။
သက္ကာယဒိဋ္ဌိ ကိုပင် ငါ ဟူသော အတ္တ အစဉ်လိုက်
ပါတတ်သောကြောင့် အတ္တနုဒိဋ္ဌိ ဟုလည်းခေါ်ကြ
သေးသည်။(အတ္တ အစဉ်လိုက်သော ဒိဋ္ဌိ)
သံယုတ်ပါဠိတော် ၊နေတ္တိပါဠိတော် ၊စူဠနိဒ္ဒေသပါဠိတော်
စသည်၌ "ခန္ဓာငါးပါးကို ခန္ဓာငါးပါးဟု မရှု့မမြင် မယူ
ဆပဲ ၊ပုဂ္ဂိုလ်၊သတ္တဝါ၊လူ၊နတ်၊ဗြဟ္မာ၊ယောကျာ်း၊မိန်းမ၊
အသက်ကောင်၊သူ၊ငါ၊လောက၊စသည်တို့ဖြစ်၏။"ဟု
အထင်မှား အမြင်မှားလျှက် ရှု့မြင်ယူဆသည့် ဒိဋ္ဌိ ကို
သက္ကာယဒိဋ္ဌိ ဟုဟောတော်မူ၏။
ခန္ဓာငါးပါးနှင့်စပ်၍ သက္ကာယဒိဋ္ဌိ ( ၂၀ )
၁။ရုပ် ကို အတ္တ ဟူ၍ ရှု့၏။
၂။ရုပ် ရှိသော အတ္တ ဟူ၍ရှု့၏။
၃။အတ္တ ၌ ရုပ် ရှိ၏ ဟုရှု့၏။
၎။ရုပ် ၌ အတ္တ ရှိ၏ ဟုရှု့၏။
၅။ဝေဒနာ ကို အတ္တ ဟူ၍ရှု့၏။
၆။ဝေဒနာ ရှိသော အတ္တ ဟူ၍ရှု့၏။
၇။အတ္တ ၌ ဝေဒနာ ရှိ၏ဟုရှု့၏။
၈။ဝေဒနာ ၌ အတ္တ ရှိ၏ဟုရှု့၏။
၉။သညာ ကို အတ္တ ဟူ၍ရှု့၏။
၁၀။သညာ ရှိသော အတ္တ ဟူ၍ရှု့၏။
၁၁။အတ္တ ၌ သညာ ရှိ၏ဟုရှု့၏။
၁၂။သညာ ၌ အတ္တ ရှိ၏ဟုရှု့၏။
၁၃။သင်္ခါရ ကို အတ္တ ဟူ၍ရှု့၏။
၁၄။သင်္ခါရ ရှိသော အတ္တ ဟူ၍ရှု့၏။
၁၅။အတ္တ ၌ သင်္ခါရ ရှိ၏ဟုရှု့၏။
၁၆။သင်္ခါရ ၌ အတ္တ ရှိ၏ဟုရှု့၏။
၁၇။ဝိညာဏ် ကို အတ္တ ဟူ၍ရှု့၏။
၁၈။ဝိညာဏ် ရှိသော အတ္တ ဟူ၍ရှု့၏။
၁၉။အတ္တ ၌ ဝိညာဏ် ရှိ၏ဟုရှု့၏။
၂၀။ဝိညာဏ် ၌ အတ္တ ရှိ၏ဟုရှု့၏။
၁။ရုပ် ကို အတ္တ ဟူ၍ရှု့၏။ဆိုရာ၌ ရုပ်နှင့်အတ္တ မခွဲ
ခြားပဲ တစ်ခုတည်း ဟုစွဲလန်းမှတ်ယူခြင်းဖြစ်၏။
မီးတောက်နှင့်အလင်းရောင် မခွဲခြားပဲ မီးတောက်
သည်ပင် အလင်းရောင် ဟုယူဆခြင်းမျိုးဖြစ်၏။
၂။ရုပ် ရှိသော အတ္တ ဟူ၍ရှု့၏။ဆိုရာ၌ ရုပ်နှင့်အတ္တ
ခွဲခြား၍ စွဲလန်းမှတ်ယူခြင်းဖြစ်၏။
အရိပ်ရှိသောသစ်ပင် ဟူ၍ဆိုရာ၌ အရိပ်တခြားသစ်
ပင်တခြား ဟုယူဆခြင်းမျိုးဖြစ်၏။
၃။အတ္တ ၌ ရုပ် ရှိ၏ ဟုရှု့၏။ဆိုရာ၌ အတ္တတခြားရုပ်
တခြား ဟုစွဲလန်းမှတ်ယူခြင်းဖြစ်၏။
ပန်း၌အနံ့ရှိ၏ ဟုဆိုရာ၌ ပန်းသည် အနံ့၏တည်ရာ
ဖြစ်သည် ဟုယူဆခြင်းမျိုးဖြစ်၏။
၎။ရုပ် ၌ အတ္တ ရှိ၏ ဟုရှု့၏။ဆိုရာ၌ ရုပ်တခြားအတ္တ
တခြား ဟုစွဲလန်းမှတ်ယူခြင်းဖြစ်၏။
ပတ္တမြားကြုတ်၌ပတ္တမြားရှိ၏ ဟုဆိုရာ၌ ကြုတ်သည်
ပတ္တမြား၏ တည်ရာဖြစ်သည် ဟုယူဆခြင်းမျိုးဖြစ်၏။
ဝေဒနာ အစရှိသည်တို့၌လည်း ဤအတူပင် စွဲလန်း
မှတ်ယူခြင်းဖြစ်၏။ဤကားသက္ကာယဒိဋ္ဌိနှစ်ဆယ်၏
သဘောအဓိပ္ပါယ်များဖြစ်ပါသည်။
ဤဆိုခဲ့ပြီးသော သက္ကာယဒိဋ္ဌိ ခေါ် အတ္တ စွဲလန်းမှု့
မပျောက်သမျှ မဂ် ဖိုလ် သို့မရောက်နှိုင်ပေ။
ထိုသက္ကာယဒိဋ္ဌိ သည် မိစ္ဆာဒိဋ္ဌိ အားလုံး၏ အစမူလ
ပင်ဖြစ်သည်။မိစ္ဆာဒိဋ္ဌိတို့၏ ရေခံမြေခံသဖွယ်ဖြစ်၏။
သက္ကာယဒိဋ္ဌိ ခေါ် အတ္တ စွဲလန်းမှု့သည် အပါယ်သို့
ကျစေနှိုင်သော အပြစ်မျိုးမဟုတ်သလို နတ်ရွာသုဂတိ
ကိုလည်း မတားဆီးနှိုင်ပေ။သို့သော် သက္ကာယဒိဋ္ဌိခေါ်
အတ္တအစွဲအလန်း မိမိသန္တာန်မှာယူဆစွဲလန်းလာပါက
အဖန်ဖန်မှားယွင်းစွာနှလုံးသွင်း၍သုံးသပ်မိလျှင်နောက်
ဆက်တွဲအနေဖြင့် အလွန်ဆိုးရွားသော ဥစ္ဆေဒဒိဋ္ဌိနှင့်
သဿတဒိဋ္ဌိတို့ကိုဖြစ်ပွားစေလျှက် အပါယ်ငရဲသို့
လည်းကျရောက်နှိုင်စရာရှိသဖြင့်အထူးသတိပြုဆင်
ခြင်အပ်ပေသည်။
သက္ကာယဒိဋ္ဌိ နှင့်ပါတ်သက်၍ သတိပေးချက်အဖြစ်
သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် ဝါသုဒတ္တ သုတ်တွင်
သတ္တိယာ ဝိယ သြမဋ္ဌော ၊ဒယှမာနောဝ မတ္တကေ၊
သက္ကာယဒိဋ္ဌိံ ပဟာနာယ ၊သတော ဘိက္ခု ပရိဗ္ဗဇေ။
လှံမဖြင့် အထက်မှနှိပ်၍ အထိုးခံနေရသောသူသည်
စူးဝင်နေသော ထိုလှံမကိုပယ်နှုတ်ရန် အပူတပြင်း
အားထုတ်ရာသကဲ့သို့လည်းကောင်း ၊ဦးခေါင်း၌ မီးစွဲ
လောင်နေသောသူသည် မီးကိုငြိမ်းသတ်ရန် အဆော
တလျှင် ပြုလုပ်ဆောင်ရွက်ရာသကဲ့သို့လည်းကောင်း၊
သံသရာဘေးကိုရှု့မြင်တတ်သောပုဂ္ဂိုလ်သည် ပရမတ္ထ
အားဖြင့် ထင်ရှားရှိနေသော ခန္ဓာငါးပါးအပေါ်၌ မှား
ယွင်းစွာသုံးသပ်၍ စွဲလန်းတတ်သော အထင်မှားမှု့
( သက္ကာယဒိဋ္ဌိ )ကို ပယ်နှုတ်ရန် သတိပညာနှင့်ပြည့်
စုံသည်ဖြစ်၍ အဆောတလျှင် အားထုတ်ကျင့်ကြံရ
မည်။ဟုဟောတော်မူလေသည် ။
သက္ကာယဒိဋ္ဌိ ပယ်နှုတ်ရန် နည်းမှန်လမ်းမှန်အဖြစ်သိ
ရှိကြရမည်မှာ---
၁။သက္ကာယအဖို့အစုများ
၂။သက္ကာယဖြစ်ကြောင်းတရားများ
၃။သက္ကာယချုပ်ရာနေရာ
၎။သက္ကာယချုပ်ကြောင်းအကျင့်များ
စသည်တို့ဖြစ်ကြပါသည်။
၁။သက္ကာယအဖို့အစုဆိုသည်မှာ
ဥပါဒါနက္ခန္ဓာ ငါးမျိုးကိုဆိုလိုပါသည်။အကျယ်ကို
ဆင်ခြင်လေ။
၂။သက္ကာယဖြစ်ကြောင်းတရားများဆိုသည်မှာ
ကာမ၌တပ်မက်သော-ကာမတဏှာ
ဘဝ၌တပ်မက်သော-ဘဝတဏှာ
ဘဝပြတ်ခြင်း၌တပ်မက်သော-ဝိဘဝတဏှာ
ထိုထိုအာရုံထိုထိုဘဝ၌နှစ်သက်သောတဏှာ-
တို့သည် သက္ကာယဖြစ်ကြောင်းတရားများဖြစ်ကြ၏။
၃။သက္ကာယချုပ်ရာနေရာ အဖို့အစုဆိုသည်မှာ
ဤတဏှာ၏ အကြွင်းမရှိကင်းပြတ်ချုပ်ငြိမ်းမှု့စွန့်မှု့
မကပ်ငြိမှု့လွတ်မြောက်မှု့မတွယ်တာမှု့တို့ဖြစ်၏။
၎။သက္ကာယချုပ်ကြောင်းအကျင့်များ ဆိုသည်မှာ
သမ္မာဒိဋ္ဌိ။သမ္မာသင်္ကပ္ပ။သမ္မာဝါစာ။သမ္မာကမ္မန္တ။
သမ္မာအာဇီဝ။သမ္မာဝါယာမ။သမ္မာသတိ။သမ္မာသမာဓိ။
ဟူသော အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်ပင်ဖြစ်၏။