Monday, January 6, 2014

My memorial .H .000

သမိုင်းထဲကရာဇဝင်တစ်ချို့
******************
သမိုင်းဆိုတာ အတိတ်မှာ ဖြစ်ပျက်သွားတာတွေ ဆို
ပေမယ့် သမိုင်းမှတ်တမ်းတင်သူတွေ ချန်လှပ်ခဲ့ရတဲ့
အဖြစ်အပျက်တွေက ပိုလို့များပါတယ်။

မှတ်တမ်းတင်သင့်တာတွေကို ချန်လှပ်ထားခဲ့ရတဲ့သ
မိုင်းတွေလဲ ရှိပါတယ်။မျိုးဆက်တစ်ဆက်လွန်သွား
တဲ့အခါ သမိုင်းကို သာမာန်လေ့လာသူတွေအမှန်မြင်
နှိုင်ဖို့ အခက်အခဲရှိလာပါတယ်။

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေနဲ့သက်ဆိုင်တဲ့ သိ
သင့်တဲ့ သမိုင်းတစ်ခု မျှဝေချင်ပါတယ်။တစ်ချို့လည်း
သိပြီးသားဖြစ်ပါလိမ့်မယ်။မသိသေးတဲ့သူတွေသိစေ
ချင်လို့ဖြစ်ပါတယ်။

မြန်မာနှိုင်ငံတွင် သာမက တစ်ကမ္ဘာလုံးမှာပါ ရှာဖွေ
မတွေ့နှိုင်သော တိပိဋကဓရ ရှာဖွေဖော်ထုတ်ရေးအ
တွက် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး ကို--
၁၃၀၉-ခုနှစ် ၊နတ်တော်လဆန်း ၁-ရက်
(၁၃-၁၁-၄၇)  နေ့တွင်စတင်ဖွဲ့စည်း သည်။

၁၃၁၁-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏သင်းလုံး
ကျွတ်အစည်းအဝေးကဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။
တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ခွဲတစ်ခုထပ်မံဖွဲ့စည်း
ပြီး ရွေးချယ်ရေးဆိုင်ရာလိုက်နာရမည့်စည်းမျဉ်းဥပဒေ
ကိုရေးဆွဲခဲ့သည်။ထိုစည်းမျဉ်းအရ ( ၂ )နှစ်ဆက်တိုက်
အောင်မြင်သူမရှိလျှင် တိပိဋကဓရ ရွေးချယ်ရေးစာ
မေးပွဲများကို အပြီးတိုင်ဖျက်သိမ်းရမည်ဟုပါရှိသည်။

ပထမအကြိမ် တိပိဋကဓရ ရွေးချယ်ပွဲ
၁၃၁၀-ခုနှစ် ၊တပို့တွဲလဆန်း ၆-ရက်
ဖြေဆိုသံဃာတော် ( ၆ )ပါး
အောင်မြင်သူမရှိ

ဒုတိယအကြိမ် တိပိဋကဓရ ရွေးချယ်ပွဲ
၁၃၁၁-ခုနှစ် ၊ပြာသိုလ်လဆန်း ( ၇ )ရက်
ဖြေဆိုသံဃာတော် ( ၅ )ပါး
ဝိနည်းပါဠိတော် ( ၅ )ကျမ်းအောင် ( ၁ )ပါး
အထောက်အမလွတ် ဝိသိဋ္ဌဝိနယဓရ ဘွဲ့
ဆရာတော် ဦးပညာသာရ

တတိယအကြိမ် တိပိဋကဓရ ရွေးချယ်ပွဲ
၁၃၁၂-ခုနှစ် ၊ပြာသိုလ်လပြည့်ကျော် ( ၇ )ရက်
ဖြေဆိုသံဃာတော် ( ၅ )ပါး
ဝိနယပိဋက အာဂုံပြန်နှင့် သဘောရေးဖြေ ဂုဏ်ထူး
ဝိသိဋ္ဌဝိနယဓရ အရှင်ဝိစိတ္တာသာရာ ဘိဝံသ

ဆရာတော် ဝိစိတ္တာသာရာ ဘိဝံသ(မင်းကွန်းဆရာ
တော်ဘုရားကြီး)သည် ၁၃၁၂-ခုနှစ်တွင်မှစတင်ဝင်
ရောက်ဖြေဆိုတော်မူသည်။
ဆရာတော်ဖြေဆိုတော်မမူမီ တိပိဋကရွေးချယ်ရေး
စာမေးပွဲကြီးသည်အပြီးတိုင်ဖျက်သိမ်းရမည့်အခြေ
အနေနှင့် ကြုံတွေ့ခဲ့ရသည်။

ဒုတိယအကြိမ် စာမေးပွဲ၌ အောင်မြင်သည့် ဆရာ
တော်မရှိလျှင် အပြီးတိုင်ဖျက်သိမ်းပေးရမည်ဖြစ်ရာ
အောင်မြင်အောင်ဖြေဆိုမည့်သံဃာတော်ကိုခက်
ခက်ခဲခဲ ရှာဖွေခဲ့ရသည်ဟုဆိုပါသည်။

ထိုသို့သောအခြေအနေတွင် ညောင်တုန်းမြို့၊ရွှေ
ဟင်္သာတောရတိုက် ၊ဝိနည်းတော်စာပြန်ပွဲ၌ ဝိနည်း
ငါးကျမ်းလုံးကို အထောက်အမလွတ်ပြန်ဆိုအောင်
မြင်ခဲ့သော ဆရာတော်ဦးပညာသာရကို ဝင်ရောက်
ဖြေဆိုရန်အတွက် ရဟန်းဒကာဦးပွင့်ကောင်းအား
ရှာဖွေပင့်ဆောင်လာရန်တာဝန်ပေးလိုက်သဖြင့်ဆ
ရာတော် တောရဆောက်တည်သီတင်းသုံးရာပဲခူး
တောထဲသို့ခက်ခက်ခဲခဲသွားရောက်၍တောင်းပန်
်လျှောက်ထားသော်လည်းဆရာတော်သည် ပရိယတ္တိ
ကိုဖြတ်၍ပဋိပတ္တိလုပ်ငန်းများအားသွန်ဆောင်ရွက်
ရန်အဓိဋ္ဌာန်ပြီးဖြစ်သဖြင့်စာပြန်ပွဲ ဝင်ရောက်ပြန်ဆိုရန်
မဆောင်ရွက်နှိုင်ကြောင်းအမိန့်ရှိလေသည်။

့ဦးပွင့်ကောင်းလည်းအကျပ်ရိုက်ပြီး "တပည့်တော်ရဲ့
တာဝန်မှာအရှင်ဘုရားကိုအစိုးရမင်းများကပင့်လျောက်
ခိုင်းလို့လာရောက်ပင့်လျှောက်ရတာပါဘုရား အရှင်
ဘုရားငြင်းမယ်ဆိုလျှင်အစိုးရမင်းများနဲ့တွေ့တဲ့အခါ
ငြင်းတာပေါ့ဘုရား"ဟုလျောက်ထားပြီးပင့်ဆောင်ခဲ့
ရသည်။

ရန်ကုန်ရောက်၍ သမတကြီး စပ်ရွှေသိုက် နှင့်ခေါင်း
ဆောင်ကြီးများကအထပ်ထပ်တောင်းပန်လျှောက်ထား
သော်လည်း ဆရာတော်သည်လက်မခံပဲ ယတိပြတ်
ငြင်းဆိုခဲ့သဖြင့်သမတကြီးနှင့်တကွအားလုံးမျက်စိမျက်
နှာပျက်ဖြစ်ကုန်၏။

ဦးပွင့်ကောင်းလည်းမနေသာတော့ပဲ "အရှင်ဘုရား
ဆောင်ရွက်လိုသမျှ တပည့်တော်ကန့်ကွက်ခြင်းတား
ဆီးခြင်းမပြုဖူးပါ။အရှင်ဘုရားအလိုတော်ကျလိုက်လျော
ခဲ့သည်ချည်းဖြစ်ပါသည်။ဒီတစ်ကြိမ်တော့ခေါင်းဆောင်
ကြီးများရဲ့သာသနာပြုကိစ္စနဲ့အမျိုးဘာသာ သာသနာ
ကိုငဲ့ညှာသောအားဖြင့်အရှင်ဘုရားရဲ့အဓိဋ္ဌာန်ကိုဖျက်
ပြီးစာပြန်ပွဲဝင်ရောက်ပြန်ဆိုပေးပါရန်အထူးတောင်း
ပန်ပါသည်ဘုရား"ဟုလျှောက်ရသည်။

ဆရာတော်သည်ခဏမျှစဉ်းစား၍ "ရဟန်းဒကာကြီး
ရဲ့တောင်းပန်ချက်အရ ဒီတစ်ခါတော့ဝင်ရောက်ပြန်
ဆိုပေးပါ့မယ်။အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်
စေ နောက်ထပ်ဘယ်လိုအကြောင်းပြချက်နဲ့မှ ပရိယ
တ္တိ ကိုပြန်ဆိုဖို့မခိုင်းပါနဲ့" ဟုအမိန်ရှိလိုက်သည်။

ဆရာတော်စာအောင်၍ ဝိသိဋ္ဌဝိနယဓရ ဘွဲ့တော်
ဆက်ကပ်ပူဇော်ပွဲ ကြီးကိုခမ်းနားကြီးကျယ်စွာဆောင်
ရွက်ခဲ့သည်။ပူဇော်ပွဲကြီးနှစ်ကြိမ်ကျင်းပခဲ့ရာ လှူဖွယ်
ဝတ္တုပစ္စည်းများ အများအပြား ရရှိခဲ့သော်လည်း ဆရာ
တော် အရှင်ပညာသာရသည် နာရီတစ်လုံး ၊သင်္ကန်း
တစ်ထည် နှင့်သက္ကလတ် ခြုံထည်တစ်ထည်ကိုသာ
ယူတော်မူပြီး ကျန်ပစ္စည်းများကိုသင့်လျော်ရာကျောင်း
တိုက်အသီးသီးသို့ခွဲဝေပေးပို့လှူဒါန်းလိုက်သည်။

ဆရာတော်သည် သက်တော်နှစ်ဆယ့်ခြောက်နှစ်မျှ
သာရှိသေးသော်လည်းနှိုင်ငံတော်ခေါင်းဆောင်ကြီး
များ၏ရင်းနှီးကြည်ညိုမှု့ကိုလည်းမသာယာပဲစာပြန်
ပွဲကိစ္စ ပြီးပြတ်ချေက ပဲခူးတော ထဲသို့ပြန်ကြွရန်သာ
ဆန္ဒ ရှိတော်မှုသည်။့

တစ်ခါသော် အရှင်ပညာသာရအား စွဲစွဲမြဲမြဲ အနီးကပ်
ပူဇော်ကြည်ညိုကြသော ဇွဲဇုံရွာတည်စကပင်ရှိနေကြ
သည့် ဦးကံမြင့်- ဒေါ်ခင်ရီ တို့သည် မင်းကွန်းဆရာ
တော်ဘုရားကြီးထံဖူးမြော်ရောက်ရှိ၍ဦးပညာသာရ
အကြောင်းစကားစပ်မိ၍ မင်းကွန်းတိပိဋကဆရာတော်
ဘုရားကြီးကအောက်ပါအတိုင်းမိန့်ခဲ့သည်ဟုဆို၏။

ဘုန်းကြီးတို့တိပိဋကဖြစ်ရတာ ဦးပညာသာရကျေးဇူး
ကြောင့်ပဲ။ဦးပညာသာရ သာစာမေးပွဲဝင်ရောက်ဖြေ
ဆိုခြင်းမပြုလျှင် စာပြန်ပွဲကြီးကဖျက်ပြစ်လိုက်ရမှာ။
ဦးပညာသာရ ဝင်ရောက်ဖြေဆိုပြီးအောင်မြင်မှု့ရ
သွားလို့သာစာမေးပွဲဆက်လက်ကျင်းပနှိုင်ပြီးဘုန်း
ကြီးတို့ တိပိဋကဓရ ပုဂ္ဂိုလ်လေးပါးနှင့်အခြားပိဋက
နှစ်ပုံအောင်တစ်ပုံအောင်ပုဂ္ဂိုလ်တွေပေါ်ထွက်ခဲ့ရတာ။
ပိဋကသုံးပုံ ပြန်ဆို နှိုင်တဲ့လမ်းကြောင်းကြီးကိုသူက
ဖောက်ပေးသွားတာပါ။            

No comments:

Post a Comment