Monday, January 13, 2014

Just do that

#TT Note#I love Buddhism သာသနာကိုချစ်လျှင်အမျိုးကိုချစ်မှဖြစ်မည် ***************************** သာသနာဆိုသည်မှာလူတို့၏သန္တာန်၌တည်နေရ သောကြောင့်လူမျိုးတိမ်ကောလျှင်သာသနာလည်း တိမ်ကောရစမြဲပေတည်း။ လူမျိုးဇာတ်သုဉ်းသွားခြင်း ၊တိမ်ကော၍သွားခြင်း မှာများစွာနစ်နာလှသည်ဟူ၍ မဆိုထိုက်ပါ။မှန်ကန် ဖြောင့်မတ်၍ မြင့်မြတ်ထူးချွန် သောသာသနာတော် ကြီးပျက်စီးတိမ်ကော၍သွားခြင်းကိုသာလျှင်အနန္တ ကပ်ကမ္ဘာတွင်လွန်စွာနစ်နာလှသည်ဟူ၍ဆိုထိုက် ပေသည်။ အကြောင်းကိုဆိုသော်လူမျိုးဇာတ်မှာရခဲသောဒုလ္လဘ အမျိုးမဟုတ်။ကမ္ဘာရှိလျှင် လူမျိုးဇာတ်ရှိမြဲ ပင်တည်း။ မှန်ကန်ဖြောင့်မတ်၍ထွဋ်မြတ်သောသာသနာဆိုသည် မှာလွန်စွာ ရခဲသော ဒုလ္လဘ အမျိုးကြီး ဖြစ်ပေသည်။ ထို့ကြောင့် လူမျိုးဇာတ် သုဉ်း၍သွားခြင်း ထက်ဘုရား ရှင်၏သာသနာတော်ကြီးသုဉ်း၍သွားခြင်းကိုသာပို၍ လွန်စွာနစ်နာသည်ဟူ၍ဆိုရ၏။ တစ်စုံတစ်ယောက်သောသူသည် မိမိကံအားလျော် စွာကမ္ဘာပေါ်၌ လူအဖြစ်သို့ ရောက်လာရာ မိမိတို့ဖြစ် ပွားရာဖြစ်သော ကိုယ့်ဇာတ်နှင့် ကိုယ့်အမျိုးကို မထီ လေးစားမပြုသင့်မိမိတို့အစွမ်းရှိသမျှချီးမြှင့်ထိုက်ကြ ပေသည်။ မိမိအမျိုးကို မထီလေးစားပြု၍ ကဲ့ရဲ့ရှုတ်ချ ခြင်းပြုပါ လျှင် မိမိ ကိုယ်ကို မိမိ ဆဲရေး သည်နှင့် တူ၏။ မိမိ၏ကံကိုလည်းမိမိဆဲရေးသည်နှင့်တူ၏။မိမိကိုယ် နှင့်မိမိကံကိုဆဲရေးသောအကြင်သူသည်ဗာလအင်္ဂါ တို့တွင်လွန်စွာကြီးလေးသောအပြစ်အင်္ဂါတစ်မျိုးဖြစ် သည်ဟူ၍နီတိဆရာတို့ဆိုကုန်၏။ ထိုဗာလအင်္ဂါနှင့်ပြည့်စုံသော သူသည် မိမိကံ နှင့်မိမိကိုယ်ကိုသာ ဆဲရေးရုံမျှ မကပဲ မိမိကိုမွေးဖွားသော အမိအဖ မှ စ၍ ဘေး ဘိုး ဘီဘင် အစဉ်အဆက်ကို လည်း တစ်လျောက်လုံးထိခိုက်အောင်ဆဲရေးသူပင်ဖြစ်လေတော့သည်။ မိမိကံအရင်းကြောင့်ဖြစ်သောမိမိအမျိုးဇာတ်ကိုအ မြဲမပြတ်ချီးမြှင့်အားပေးထိုက်၏။မည်သည့်အခါမှမ ထီလေးစားမပြုထိုက် မည်သည့်အကြောင်းနှင့်မျှ မထီလေးစားမပြုထိုက် ။် အကြောင်းကိုဆိုသော် မိမိ အမျိုးဇာတ်မြင့်မြတ် လျှင်မိမိလည်း မြင့်မြတ်လေ တော့၏။မိမိအမျိုးဇာတ် ယုတ်နိမ့်လျှင်မိမိလည်းအလိုလိုယုတ်နိမ့်လေတော့၏။ ထို့ကြောင့်ကိုယ့်အမျိုးဇာတ်ကိုအမြဲမပြတ်ချီးမြှင့်အား ပေးထိုက်၏။မည်သည့်အကြောင်းနှင့်မျှမထီလေးစား မပြုထိုက်။ မူရင်း လူမျိုးနှင်မူလသာသနာကိုပျက်စီးစေရန်အမြဲမ ပြတ်ကြံစည်၍နေကြကုန်သောအခြား လူမျိုး အခြား သာသနာ တို့၏ ဘေးရန်ကို သတိရှိရှိဖြင့် ကာကွယ် တားဆီးခြင်းအမှု မိမိတို့၏လူမျိုးနှင့်မိမိတို့၏ဘာသာ သာသနာ ကို ချီးမြှောက်ခြင်းအမှု့ တို့ကို မပြတ်ရွက် ဆောင်ရာ ၏။ ထိုသို့ပြုလုပ် ဆောင်ရွက်ခြင်းသည်မငြိမ်းချမ်းစေရန် ဆောင်ရွက်ခြင်းမဟုတ်ငြိမ်းချမ်းစေရန်ဆောင်ရွက်ခြင်း သာဖြစ်၏။ကမ္ဘာလူသားတို့၏အကျိုးအတွက်ဓမ္မကိုမ တိမ် ကောစေရန်လည်း ဖြစ်၏။ နောက်ထပ်အသစ်ဝင်ရောက်လာသောအခြားလူမျိုး အခြားဘာသာဝင်တို့သည်မူလလူမျိုး မူလသာသနာ ကိုပျက်စီးစေလို၍သော်လည်းကောင်းဖယ်ရှားပစ်လို ၍ လည်းကောင်း နည်း အမျိုးမျိုးဖြင့် မျက်နှာပြောင် တိုက် ဆောင်ရွက်နေသည်မှာ ကမ္ဘာ အနှံ့ဖြစ်၏။ ထိုသူတို့ အထံတွင်ဟိရီ နှင့်သြတ္တပ္ပတရား မြူမှုန်မျှ မရှိကြ။ အဟိရိကနှင့်အနောတြတ္တပ္ပတရားများသည်လောက ပျက်စီးကြောင်းတရားများဖြစ် သည့်အားလျော်စွာအ သစ်ဝင်ရောက်လာသောထို လူမျိုးနှင့်ထိုဘာသာဝင်တို့၏ လက်တွင်း သို့နိုင်ငံ အုပ်ချုပ်ရေး ရောက်ရှိသွား ပါက မူလလူမျိုးနှင့်မူလ လူမျိုး၏ သာသနာ တော်မြတ်ကြီး မှာ မြေကြီးလက် ခတ်မလွဲဧကန် မုချမတရားအဖျက်ဆီးခံရမည်ကို သံသယဖြစ်ဖွယ်အကြောင်းတစ်စုံတစ်ရာမရှိပေ။ ဤမျှဖြင့်ရှေးဆရာတို့၏အဆိုများထဲမှဖြစ်သင့်သည် များကိုရွေးနှုတ်၍ဆောင်ရွက်နှိုင်သည်များကိုဆောင် ရွက်ကြရန်ဖြစ်၏။မိမိကံအရင်းကြောင့်ဖြစ်သောအမျိုး အချင်းချင်းသာသနာတော်မြတ်ကြီးထံ၌ခိုလှုံကြသူ အချင်းချင်းပဓါနအကြောင်းများကိုဦးစားပေးလျက် ညီညွတ်ကြရန်ဖြစ်၏။ မည်သည့်အကြောင်းပြချက်နှင့်ဖြစ်စေမည်သူမဆို မိမိ၏ကံအရင်းကြောင့်ဖြစ်သောမိမိလူမျိုးကိုသော် လည်းကောင်းမွန်မြတ်၍မှန်ကန်မြင့်မြတ်သောသာ သနာတော်ကြီးကိုသော်လည်းကောင်းအနည်းငယ် မျှသောမထီလေးစားမှု့ကိုမပြုလုပ်အပ်။

No comments:

Post a Comment