မာရ်နတ်နှင့်စစ်ခင်းမည်လော
အပိုင်း နှစ်
********************
(က)ကာလဓမ္မ
•••••••••••••••
ကာလဓမ္မအရ ခေတ်ကိုကြည့်ရ၏။ကာလ
သည်တရားကိုစောင့်သောခေတ်(ကာလသမ္ပတ္တိ)
ဖြစ်လျှင်ကတညုတမင်္ဂလာကိုအထူးအားထုတ်
စရာမလိုအလွယ်နှင့်ပင်မာရ်နတ်ကိုနိုင်နှိုင်၏။
တရားကိုမစောင့်သောခေတ်(ကာလဝိပ္ပတ္တိ)ဖြစ်
လျှင်ကတညုတမင်္ဂလာဖြစ်ဖို့ခဲယဉ်း၏။အထူး
ဝါယမစိုက်ထုတ်၍အသိဉာဏ်ရှိရှိလုပ်ဆောင်
နှိုင်မှသာကတညုတဖြစ်နှိုင်၏။
သစ္စာကိုနားမလည်၍အမှန်ဟုထင်ရသည့်မိမိသဘော
အတိုင်းဆောင်ရွက်ပါကသစ္စာပျက်သည်။မင်္ဂလာ
ပျက်သည်။
ယ္ခုခေတ်အခါသည်ကာလဝိပ္ပတ္တိခေတ်ဟုဆိုရမည်။
တရားကိုစောင့်ချင်သူနည်းလွန်း သည်။
အထူးစဉ်းစဉ်းစားစားဝါယမစိုက်ထုတ်ဆောင်ရွက်
ပါမှမာရ်နတ်၏တပ်မကိုနိုင်မည် ဖြစ်၏။
(ခ)ဒေသဓမ္မ
••••••••••••••
ဒေသ ဓမ္မ အရနိုင်ငံကိုကြည့်ရ၏။နိုင်ငံသားအ
ဆင့်ကိုကြည့်ရ၏။အားလုံးတစ်တန်းစားတည်း
ထား၍မရ။
ဤသို့ကျင့်သုံးမှု့သည်မိမိတစ်နိုင်ငံတည်းမဟုတ်။
နိုင်ငံတိုင်းပင်ဖြစ်၏။
ပေါ့ပေါ့လျော့လျော့ဆောင်ရွက်သောနိုင်ငံများတွင်
ဆေးကြောင့်ဖြစ်သောအနာသည်ကုသရခက်သကဲ့
သို့ဆေးကိုမှီဝဲလေရောဂါသည်းလေဖြစ်တတ်၏။
(ဂ)ကုလစာရဓမ္မ
************
"ကုလစာရဓမ္မ" အရလောကကိုကြည့်ရာ၌အမျိုး
ကိုလည်းကြည့်ရ၏။
အမျိုးကိုကြည့်ရာ၌အခြေ ခံအားဖြင့်လူမျိုးကိုလည်း
ကြည့်ရ၏။လူမျိုး၏အစဉ်အလာယဉ်ကျေးမှု့ကိုလည်း
ကြည့်ရ၏။
ပဓာနအားဖြင့်တရားရှိသူနှင့်တရားမရှိသူတရားကျင့်
သူနှင့်တရားမကျင့်သူတန်းတူ ထား၍မရ။
"ကုလစာရဓမ္မ"၏အချိုးအဆအလိုက်
သာရှု့မြင်ရ၏။
"ကုလစာရ ဓမ္မ"အရလူတိုင်းလူတိုင်းမိမိကိုယ်မိမိ
တာဝန်ခံနှိုင်သောခံယူချက်ရှိဖို့လို၏။
ပုထုဇဉ်အားလျော်စွာအသိနှင့်ခံယူချက်သည်
တစ်ထပ်တည်းကျဖို့ခဲယဉ်း၏။
လူ့သမိုင်းတစ်လျောက်လုံးတွင်လူ့အဖွဲ့အစည်း
အတွက်အာမခံနှိုင်သောခံယူချက်မှာမိမိအပြုအမူ
ကိုမိမိတာဝန်ယူခြင်းပင်ဖြစ်၏။ဤသည်ကိုပင်
"အတ္တာဟိ အတ္တနော နာထော"ဟုဆိုရ၏။
မိမိသဘောအတိုင်းပြုလုပ်မှု့များကိုတာဝန်ယူ
သည်ဆိုစေဦး အသိနှင့်ခံယူချက်တစ်ထပ်တည်း
မကျသောသဘောနှင့်မိမိတစ်ဦးတည်း၏မှန်ကန်
နေမှု့သဘော(ပါရိဘာသိကသစ္စာ)ဖြစ်လျှင်
လောက အတွက် မငြိမ်းချမ်းဖွယ်ဖြစ် ရ၏။
ဤသည်ကိုကုစားနှိုင်ရန်အတွက်လူတိုင်းလူတိုင်း
အခြေခံ ကျင့်ဝတ် အနေဖြင့် ကံနှင့် ကံ ၏ အကျိုး
ကိုယုံကြည် ဖို့လို၏။
ကံနှင့်ကံ၏အကျိုးကို ယုံကြည်ချက်ခံယူချက်အဖြစ်
တည်ဆောက်နှိုင်မှသာသက်ရှိသတ္တဝါအချင်းချင်း
ကိုယ်ချင်းစာတတ်လာမည်ဖြစ်၏။
သို့မဟုတ်ပါကအချိန်မရွေးထပေါက်ကွဲနှိုင်သောမိုင်း
ဗုံးတစ်လုံးကိုဖင်ခုထိုင်နေရသလိုသာဖြစ်၏။
ကံနှင့် ကံ၏ အကျိုး ကိုယုံကြည် မှု့အား
"ကမ္မဿကတာသမ္မာဒိဋ္ဌိ"ဟူ၍ဆို၏။
"ကမ္မဿကတာသမ္မာဒိဋ္ဌိ"ကိုလည်း"သာသနိက"နှင့်
"ဗာဟီရက"ဟူ၍နှစ်မျိုးနှစ်စားခွဲခြားသိဖို့လိုသေး၏။
ဤနေရာ၌သာသနာတော်အတွက်သီးခြားဆိုရန်မရှိ
သဖြင့် သာသနာပတွင်ဖြစ်သော"ကံ နှင့် ကံ၏အကျိုး
ကိုယုံကြည်မှု့"ဗာဟီရက ကမ္မဿကတာ သမ္မာဒိဋ္ဌိ"
ကိုသာဆိုလိုရင်းဖြစ်၏။
အားမနာတမ်းဆိုရပါလျင်ကံနှင့်ကံ၏အကျိုးကိုမယုံ
ကြည်သည်နှင့်တစ်ပြိုင်နက်မည်သူမဆိုအမှားအ
ယွင်းကြီးကြီးမားမားကိုတစ်ချိန်မဟုတ်တစ်ချိန်တွင်
လုပ်မည်သာဖြစ်၏။ဤသည်ကိုရည်ရွယ်၍လောက
ကိုတစ် တန်းစား တည်းကြည့်လို့မရ။
ကံ၏အချိုးအဆအလိုက်သာအမျိုးကိုလည်းကြည့်
ရ၏။အစဉ် အလာ ယဉ်ကျေးမှု့ကိုလည်းကြည့်ရ၏။
တရားကျင့်မှု့မကျင့်မှု့ တရားရှိမှု့မရှိမှု့ ကိုလည်း
ကြည့်ရ၏။
သို့မှသာလောကငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နှိုင်
မည်သာဖြစ်၏။
(ဃ)သီလဓမ္မ
••••••••••••••
သီလဓမ္မအရ လောကကိုကြည့်ရာတွင်လည်းအရာ
ရာကိုတန်းတူထား၍ကြည့်လို့မရ။သီလအရအကျင့်
နှင့်စည်းကမ်းသည်ပဓာနအားဖြင့်ပါဝင်ပါသည်။
အကျင့်နှင့်စည်းကမ်းသည်လည်းလူသားတစ်ဦးအ
နေဖြင့်မိမိနှစ်သက်သလိုအကျင့်ကိုကျင့်နှိုင်၏။မိမိ
ကြိုက်သလိုစည်းကမ်းသတ်မှတ်နှိုင်၏။
မိမိ၏အကျင့်နှင့်စည်းကမ်းသည်မှန်ချင်မှမှန်မည်
ကောင်းချင်မှကောင်းမည်ဖြစ်သော်လည်းမိမိတစ်ဦး
တည်းအတွက်ပြဿနာမရှိ။လူ့အဖွဲ့အစည်းနှင့်နေ
ထိုင်မည့်သူသည် ဤသို့ပြုလုပ်၍မရ။
မိမိ၏ပုဂ္ဂလိကဘဝကိုစွန့်လွတ်၍အဖွဲ့အစည်းအ
တွင်း ၌အဖွဲ့အစည်း၏ စည်းကမ်းကိုပဓာနအားဖြင့်
လိုက်နာရ၏။သို့မှသာလောကသည်ရှေ့ခရီးကို
အဆင်ပြေပြေ ခရီး ဆက်နှိုင်မည်ဖြစ်၏။
မိမိတို့တစ်ဦးချင်းအနေဖြင့်လူသားသည်အကျင့်နှင့်
စည်းကမ်းကိုမိမိ၏ "အာသယ အနုသယ"နှလုံးသွင်း
ဉာဉ်အလိုက်နှင့်စရိုက်(စရိတ=ဤဘဝ ၌အဖြစ်များ
သောသဘော)အလိုက်သာသတ် မှတ်တတ်ကြ၏။
ဤသို့သော သဘော များ ကိုရှေး ဆရာများ သည်
သန္ဓေဟုလည်းကောင်းဗီဇဟုလည်းကောင်းနေ့စဉ်
သုံးစကားများထဲအထိရောက်ရှိအောင်
စွမ်းဆောင်နှိုင်ခဲ့ကြပါသည်။
သန္ဓေနှင့်ဗီဇ၏အကျိုးဆက်များမှာလူပုဂ္ဂိုလ်ကိုလိုက်
၍ကောင်းသည်လည်းရှိ၏။ဆိုးသည်လည်းရှိ၏။
လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ဆိုပါမူတစ်ခါတစ်
ရံ၌ သာ ကောင်းသူ များတတ်၍ လူဆိုးများ ကိုသာ
အမြဲတစ်စေလိုတွေ့နေရတတ်၏။
ဤသည်ကို ရည် ရွယ် ၍ မြတ်စွာဘုရား သည်
"အန္ဓီဘူတောအယံလောကော" ဟုမိန့်တော်မူ
ခဲ့ပါသည်။
လူ့သဘာဝသည်ဤသို့သောသဘောရှိနေသဖြင့်
ရှေ့သို့ချီတက်နှိုင်ရန်လူသားအချင်းချင်းအပြန်
အလှန်ထိမ်းညှိရေးသည်ပို၍ပဓာနကျလာ၏။
လူ့ အဖွဲ့အစည်း အတွက် လူမှု့ပဋိညာဉ်(Social
contract)မှာနိုင်ငံတော်အဆင့်ထိအလွန်အရေးပါ
သည်။ပွင့်လင်းလွတ်လပ်မှု့နှင့်လူများစု၏သဘော
ဆန္ဒသည်လူမှု့ရေးပဋိညာဉ်ကိုကောင်းအောင်ငြိမ်း
ချမ်းအောင်ဆောင်ရွက်နှိုင်သည်။
လူများစု၏သဘောဆန္ဒကိုလူနည်းစုက လေးစား
လိုက်နာရသည်။လူနည်းစု၏သဘောဆန္ဒကိုလူ
များစုကလေးစားရသည်မှန်သော်လည်းလိုက်နာ
ဆောင်ရွက်ရန်အကြောင်းတစ်စုံတစ်ရာမရှိချေ။
အပြန်အားဖြင့်လူနည်းစု၏သဘောဆန္ဒနှင့်ထင်သာ
မြင်သာမရှိမှု့တို့ကိုတရားဝင်အာဏာနှင့်တရားဝင်
ဥပဒေဖြစ်စေရန်ကြိုးပမ်းမှု့မှန်သမျှသည်မငြိမ်းချမ်း
အောင် တရားမျှတမှု့မရှိအောင်ပြုလုပ်ခြင်းပင်ဖြစ်၏။
မည်သို့ပင်ဖြစ်စေလူ့အဖွဲ့အစည်း ၏ စည်းကမ်း များ
အဖြစ်ဥပဒေပြုရေးနှင့်တရားစီရင်ရေးသည်အလွန်ပင်
အရေးကြီးသည်။
ဥပဒေနှင့်တရားစီရင်ရေးညံ့ဖျင်းလျှင်လူ့အဖွဲ့အစည်း
၏ ငြိမ်းချမ်းရေး လည်း ညံ့ ဖျင်း မည်သာ ဖြစ်၏။
ဥပဒေ ဆိုသည်မှာလည်း မှန်ကန်မှု့ခိုင်မာမှု့ရှိသင့်သ
လောက်သာရှိ၏။လူလုပ်ဥပဒေများ(man made
law) ဖြစ်သည့်အားလျော်စွာလိုအပ်လျှင်ပြင်ဆင်
ရမည်သာဖြစ်၏။
ဥပဒေဖြင့်ပြဌာန်းရန်ခက်ခဲသောလူထုစည်းမျဉ်းစည်း
ကမ်းများကိုလူထုယဉ်ကျေးမှု့ဖြစ်အောင်ပြုလုပ်၍စနစ်
တကျထိမ်းသိမ်းသင့်၏။မြန်မာတို့၏လူထုယဉ်ကျေးမှု့
(Public civilization)(Public culture)
တွင်အများအပြားတွေ့ရ၏။
ဆိုရပါလျှင်ဖော်ပြပါဒေသဆိုင်ရာသဘောတူညီမှု့များ
(Regional code)အစဉ်အလာသဘောတူညီမှု့များ
(Triditional code)သည်လူ့အဖွဲ့အစည်းငြိမ်းချမ်း
ရေးအတွက်များစွာအရေးပါသည်။
အထူးသဖြင့်မြန်မာတို့သည်ငါးပါးသီလဆောက်တည်
ကျင့်သုံးမှု့အားဘာသာရေးလုပ်ငန်းဘာသာရေးကျင့်
ဝတ်အဖြစ်သက်သက်ဆောင်ရွက်ခြင်းမျိုးမဟုတ်ပဲ
မိမိကိုယ်မိမိလူသားပီပီသသဖြစ်ရေးလူ့အဖွဲ့အစည်း
ငြိမ်းချမ်းရေးအတွက်မိမိအစွမ်းရှိသမျှဆောင်ရွက်
ကြခြင်းဖြစ်ပါသည်။
ယုံကြည်ချက်ခံယူချက်အနေဖြင့်လည်းလူသားမှန်
လျှင်ပြုလုပ်ရမည့်ဝတ္တရားရှိသည်ဟုအခိုင်အမာ
ဆိုကြပါ၏။
မိမိကမလိုက်နာနှိုင်သေးစေကာမူကြိုးစားဆောင်ရွက်
နေသူများကိုပြစ်တင်ကဲ့ရဲ့ခြင်းပုတ်ခတ်ဝေဖန်ခြင်းစ
သောအဆိုးမြင်များကိုမြန်မာမှန်လျှင်လုံးဝ
မပြုလုပ်ကြပါ။
လူအဖွဲ့အစည်းငြိမ်းချမ်းစွာနေနှိုင်ရေးနှင့်စည်းလုံးခိုင်
မာမှု့မပြိုကွဲရေးအတွက်အခြေခံကျသောအချက်
နှစ်ရပ်ရှိပါသည်။
အမြင်နှင့်အကျင့်တူညီမှု့ "ဒိဋ္ဌိ သီလ သာမည"
ဟုဆိုပါသည်။
တစ်သားတည်းသဘောဆောင်သောအရိယာတို့တွင်
စုစည်းစရာ-မလို ညှိနှိုင်းစရာမလို စည်းရုံးစရာမလို
(No gather :No collect :No organize :No
discuss :No campaign :No vote :No pool)
ဒိဋ္ဌိနှင့်သီလတူညီမှု့ကြောင့်နှစ်ဦးမပြားပဲတစ်
ဦးတည်းဖြစ်သွားခြင်းဖြစ်ပါသည်။
ပုထုဇဉ်နယ်ပယ်တွင်ရှိသော လူ့အဖွဲ့အစည်း၊ဝင်များ
အတူတကွယှဉ်တွဲ၍ငြိမ်းချမ်းစွာနေနှိုင်ရေးမှာအမြင်
များကိုထိမ်းချုပ်ရန်အခက်အခဲရှိသည်ဆိုစေဦးစည်း
ကမ်းနှင့်အကျင့်ကိုမိမိတို့၏ကာလ ဒေသ အစဉ်အ
လာယဉ်ကျေးမှု့များနှင့်အဟပ်ညီအောင်စနစ်တကျ
ရေးဆွဲအတည်ပြု၍ဆောင်ရွက်နှိုင်ပါမှပြဿနာများ
ဖြေရှင်းနှိုင်မည်ဖြစ်ပေသည်။
(င)သမထဓမ္မ
••••••••••••••
မာရ်နတ်၏ဒသမတပ်မကိုကတညုတလက်နက်ဖြင့်
အနိုင်တိုက်မည်ဆိုပါက"သမထဓမ္မ" ဖြင့်လောကကို
ကြည့်တတ်ဖို့လိုသေး၏။
မုချအနေဖြင့်လောကကို "သမထဓမ္မ" ဖြင့်ကြည့်
သောအခါ ဈာန်ရပုဂ္ဂိုလ် (ဈာနလာဘီ)များနှင့်
သမထအာရုံများ(ပရိကမ္မနိမိတ၊် ဥဂ္ဂဟနိမိတ် ၊
ပဋိဘာဂနိမိတ်)ကိုတွေ့ရ၏။
အချုပ်အားဖြင့်မိမိနှင့်လောက မိမိနှင့်နိမိတ် မကွဲပြား
ပဲတစ်သားတည်းဖြစ်နေမှု့ကြောင့်မာရ်နတ်၏ဘက်
တော်သားများဖြစ်သည့် "နီဝရဏ" တရားများကိုဝေး
ရာသို့တွန်းဖယ်ပစ်လိုက်သဖြင့်ငြိမ်းချမ်းသွားခြင်း
ဖြစ်ပါသည်။
မိမိသည် လည်းမိမိအသွင်ပျောက်၍ ဈာန်အင်္ဂါ
(ဝိတက္က ဝိစာရပီတိ သုခ ဧကဂ္ဂတာ)များအဖြစ်သ
ို့ရောက်ရှိသွားခြင်းဖြစ်ပါသည်။
မုချအားဖြင့်ဈာန်စိတ်(မဟဂ္ဂုတ်စိတ်)များနှင့်
(ဧကဂ္ဂတာစေတသိက်)ကိုဆိုလိုပါသည်။
ဧကဂ္ဂတာစေတသိက်မှာစိတ်အားလုံးနှင့်ဆက်ဆံ
သောစေတသိက်(သဗ္ဗစိတ္တသာဓာရဏစေတသိက်)
ဖြစ်သည်ကိုသတိချပ်စေချင်ပါသည်။ဆိုလိုသည်မှာ
မိမိတို့သာမာန်လူသားများနှင့်လည်းအသုံးပြုပုံကို
လိုက်၍အကျိုးရှိမှု့ မရှိမှု့ ဖြစ်နှိုင်ပါသည်။
သမထဓမ္မ၏တိုက်ရိုက်နားလည်အပ်သောအနက်
အဓိပ္ပါယ်အမှန်မှာ မျက်မှောက်ငြိမ်းအေးချမ်းသာစွာ
နေထိုင်ရေးတရား -(ဒိဋ္ဌဓမ္မ သုခ ဝိဟာရ တရား)
ဖြစ်ပါသည်။
လူမှု့အဖွဲ့အစည်းအတွင်း၌သမထဓမ္မကိုသုံးစွဲနှိုင်မှု့
အဆင့်အလိုက်သာငြိမ်းအေးချမ်းသာစွာနေထိုင်နှိုင်
မည်ဟုဆိုလိုပါသည်။
လူမှု့အဖွဲ့အစည်းအနေဖြင့်မိမိတို့၏ရည်မှန်းချက်ပန်း
တိုင်ကိုမျက်ခြေပြတ်မခံဘဲစူးစူးစိုက်စိုက်ဆောင်ရွက်
ကြဖို့ဖြစ်ပါသည်။
နိုင်ငံသားတိုင်းတွင်တာဝန်ရှိသော်လည်းထိုတာဝန်
ကိုကျေပွန်သောနိုင်ငံသားအရေအတွက်ရာနှုန်း
အပေါ်မူတည်၍အကျိုးဖြစ်ထွန်းနှိုင်စရာ ရှိပါသည်။
ထိုတာဝန်ကိုကျေပွန်စွာဆောင်ရွက်နှိုင်ရေးအတွက်
ပဓာနအားဖြင့်ဆောင်ရွက်သည့်မိမိတပ်သားတပ်မှုး
များမှာ အဓိပတိ တရားလေးပါးဖြစ်သည်ဟုဆိုရပါ
မည်။
[seq_02] အကျဉ်းသိသာရုံမျှဆိုရလျှင်
၁။စိတ္တာဓိပတိ
၂။ဆန္ဒာဓိပတိ
၃။ဝီရိယာဓိပတိ
၎။ဝီမံသာဓိပတိ
တို့ဖြစ်ပါသည်။
အသောကမင်းတရားကြီး၏ကျောက်စာတော်များ၌
(ငါ၏သားသ္မီးများဖြစ်သောတိုင်းသူပြည်သားများယ္ခု
မျက်မှောက်ချမ်းသာကိုခံစားရရုံမျှမက တမလွန်ဘဝ
ကောင်းစားရေးကိုပါဆောင်ရွက်ပေးလိုသောသဘော
ဆန္ဒငါ့၌ကြီးစွာရှိတော်မူသဖြင့်)စသဖြင့်ရေးထိုးထား
သည်ဟုသိရပါသည်။
အဓိကဆိုလိုရင်းမှာမိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို
မျက်စိ အောက်က အပျောက်မခံ ပဲစူးစူးစိုက်စိုက်ဖြင့်
အဓိပတိ တရားလေးပါး ထိုက်သင့်သလိုပါဝင်စေ၍
အရောက်ချီတက်နှိုင်ကြဖို့ဖြစ်ပါသည်။
သို့သော်အရောအနှောများဖြင့်အသားကျနေပြီဖြစ်
သောလောကထဲ၌မိမိအကျိုးစီးပွားသက်သက်(ကာ
မဂုဏ်အကျိုးစီးပွားကိုဆိုလိုပါသည်)သာစိတ်ဝင်စား
သူများမနည်းမနောရှိပါသည်။
ထိုသူများသည်ပန်းတိုင်နှင့်လွဲချော်အောင် နှောင့်နှေး
ကြန့်ကြာအောင် ပြုလုပ်မည့်ရန်သူမာရ်နတ်၏ဘက်
တော် သားများ ဖြစ်ကြပါသည်။
ထိုသူများကိုတစ်ပြေးညီ ဆက်ဆံခြင်း ဖြင့်မိမိတို့၏
အာရုံစူးစိုက်မှု့ဖရိုဖရဲဖြစ်ပြီးပန်းတိုင်ရောက်ရှိရေးမှာ
လည်းအလှမ်းကွာဝေးနေဦးမည်သာဖြစ်ပါ သည်။
သို့ဖြစ်ရာကတညုတမျက်စိဖြင့်အကျိုးရှိရှိဆောင်ရွက်
နှိုင်ဖို့ဆိုလျှင် လောကကို "သမထဓမ္မ" ဖြင့်လည်း
ကြည့်တတ်ဖို့လိုပါမည်။
ဥပမာအားဖြင့် စေတီတစ်ဆူကို တည်ဆောက်သော
အခါ-
[seq_02] အလှုတော်ငွေထည့်ဝင်သူများ
[seq_02] ပန်းရံဆရာများ
[seq_02] အုတ်ဖုတ်သူများ
[seq_02] အုတ်သယ်သူများ
[seq_02] ရေခပ်သူများ
[seq_02] ရေသယ်သူများ
[seq_02] သဲသယ်သူများ
[seq_02] ထုံးသယ်သူများ
စသည်ဖြင့်အမျိအစားများစွာပါဝင်ပါသည်။
မိမိတို့၏နှလုံးသွင်းအလိုက်မိမိတို့၏ကိုယ်ပိုင်ရည်
မှန်းချက်အရဆောင်ရွက်ကြရသည်များရှိနှိုင်သလို
အများနှင့်သက်ဆိုင်သောဘုံရည်မှန်းချက်ဖြစ်သည့်
"ဘုရားတည်ခြင်း"အမှု့ကိုအာရုံစူးစိုက်ထားဖို့
လိုပါသည်။
သို့မှသာ လူ အားလုံး တက်ညီ လက်ညီဖြင့်မိမိ၏
ဆောင်ရွက်ဖွယ်ရာ များ ကိုဆောင်ရွက်ရင်း လူတိုင်း
လူတိုင်းဘုရားတည်နှိုင်သောအဆင့်ရောက်မည်ဖြစ်
ပြီးဘုရားပြီးသောနေ့၌လည်းအလွန်ပင်သပ္ပါယ်သော
စေတီ တော်ကိုဖူးမြင်တွေ့ရှိရမည်ဖြစ်ပါသည်။
(စ)ဝိပဿနာဓမ္မ
************
"ဝိပဿနာဓမ္မ"အရလောကကိုကြည့်ရာတွင်"ပုဂ္ဂလ
သတ္တ၊ပညတ်"ကိုမတွေ့ရပဲ ခန္ဓာ ငါးပါးကိုသာတွေ့ရ
သည်။
သုဘ ကိုမတွေ့ရပဲ "အသုဘ" ကိုသာ တွေ့ရသည်။
နိစ္စ ကိုမတွေ့ရပဲ "အနိစ္စ"ကိုသာတွေ့ရသည်။
သုခ ကိုမတွေ့ရပဲ "ဒုက္ဓ"ကိုသာတွေ့ရသည်။
အတ္တ ကိုမတွေ့ရပဲ "အနတ္တ" ကိုသာ တွေ့ရသည်။
"ပုဂ္ဂလဗျာပါရ" အနေဖြင့် ဆောင်ရွက်မှု့မှန်သမျှသည်
ထင်သလိုဖြစ်မလာပဲ ၊ထင်သလို ဖြစ်လာသည်ဟုအ
ထင်ရောက်မှု့သည်လည်းမှားယွင်းစွာသုံးသပ်မိသော
ကြောင့်အသိမှားခြင်းပင်ဖြစ်သည်။
ဓမ္မဗျာပါရ အနေဖြင့် အကြောင်းတရားများပြည့်စုံ
သောအခါ အကျိုးတရားသည်ဖြစ်ပေါ်လာစမြဲဖြစ်ပေ
သည်။ဖြစ်ပေါ်လာသောတရားအစုသည်လည်းမတင့်
တယ်သော ၊မမြဲသော ၊ဆင်းရဲသော ၊တရားအစုသာ
လျှင်ဖြစ်ပေသည် ။
"အနိစ္စ သမ္ဗူတံ ကုတောနိစ္စံ ဘဝိဿတိ" ။ အရ
ဖြစ်လာသောတရားအစုမှန်သမျှသည် အားကိုးစရာ
မရှိ အချည်းအနှီး များပင်ဖြစ်ပေသည်။
"အနုလောမပဋိစ္စသမုပ္ပါဒ်" အရလောကဖြစ်စဉ်ကြီးသည်
အချည်းအနှီးပင်ဖြစ်သော်လည်း ရပ်တန့်မသွားပဲ
အကြောင်းတရားများ မကင်းပြတ်သရွေ့အချည်းအ
နှီးများကိုပင်ထပ်ခါတလဲလဲ ထုတ်လုပ်နေပေသည်။
အမှန်တစ်ကယ်လောကကောင်းစားရေးအတွက်ဆို
ပါလျှင်အချည်းအနှီးဖြစ်စဉ်ကြီးကိုရပ်တန့်သွားအောင်
လုပ်ဆောင်ဖို့လိုပါသည်။
"ဧကာယနော အယံဘိက္ခဝေ မဂ္ဂေါ" ။အရ ရပ်တန့်နှိုင်
မည့်တစ်ခုတည်းသောနည်းလမ်းမှာ -
-ဒုက္ခနိရောဓဂါမိနီပဋိပဒါ ပင်ဖြစ်ပါသည်။
-မဂ္ဂင်ရှစ်ပါး ပင်ဖြစ်ပါသည်။
-ပဋိလောမပဋိစ္စသမုပ္ပါဒ် ပင်ဖြစ်ပါသည်။
-သတိပဋ္ဌာန်တရားလေးပါးဖြင့်အကြောင်းတရားများ
ချုပ်ငြိမ်းသွားအောင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။
ဤသို့ဆောင်ရွက်မည်ဆိုလျှင်မိမိထင်သလိုဆောင်
ရွက်၍မရ ။တတိယမျက်လုံးဖြစ်သောဝိပဿနာမျက်
လုံးတပ်၍ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဝိပဿနာ၏အနှစ်သာရသဘောမှာ ပါရမီ ကုသိုလ်
များဆည်းပူးခြင်းပင်ဖြစ်ပါသည်။ပါရမီ ပြည့်သည်ကို
ပင် လွတ်မြောက်သည့်အကျိုးတရားဖြစ်ပေါ်ခြင်းဟု
ဆိုရသည်။
ပါရမီများကိုဖြည့်ဆည်းရာတွင်လည်း မင်္ဂလသုတ်လာ
မင်္ဂလာတရားတော်များနှင့်အညီ ဆောင်ရွက်ရသည်။
Dr.သီလာနန္ဒာ ဘိဝံသ ဆရာတော်၏ သင်တန်းပို့ချ
ချက်တစ်ခုတွင် "သာသနာတော်နှင့်ကြုံကြိုက်ရကျိုး
နပ်အောင် မည်သည့်ကုသိုလ်ကိုလုပ်သည်ဖြစ်စေပါ
ရမီကုသိုလ်ဖြစ်အောင်ပြုလုပ်ရမည်" ဟုဆိုပါသည်။
ပါရမီကုသိုလ်ဖြစ်အောင်လုပ်တော့မည်ဆိုလျှင်-
သဒ္ဓေယျဝတ္ထု လေးပါးကစရမည်ဖြစ်ပါသည်။
အကျိုးကြီးမားဖို့ ပါရမီ ထက်မြက်ဖို့ အာရုံပိုင်းများ
ကိုစိစစ်ရွေးချယ်ရပါသည်။
ပဋ္ဌာန်းဥပနိဿယ ပစ္စည်းပိုင်း၌လာသော အားကြီး
သောတည်ရာမှီရာများကိုဂရုပြုသင့်၏။
(ဥတုဘောဇနမ္ပိ ၊ပုဂ္ဂလောပိ ၊သေနာသနမ္ပိ)ဥပနိဿ
ယ ပစ္စယေန ပစ္စယော ။ဟုလာရှိ၏ ။
တစ်စုံတစ်ယောက်အနေဖြင့်မည်သည့်အရာကိုလုပ်
ဆောင်ရမည်နည်းဟုဆိုလျှင် မိမိစိတ်ကြိုက် နှစ်သက်
ရာကိုရွေးချယ်၍ လုပ်ဆောင်ရ၏ ။
မည်သည့်အရာကိုလုပ်သင့်သနည်းဟုဆိုလျှင်"ဘုရား
ရှင်"ညွှန်ပြသော နည်းလမ်းများအတိုင်းဆောင်ရွက်
ရမည်ဖြစ်ပေသည်။မင်္ဂလာတရားများဖြစ်ပွားအောင်
ဆောင်ရွက်ရမည်ဖြစ်ပေသည်။
ဝိပဿနာ၏ သဘောသည် "ဖဿပဉ္စမက"တရားငါး
ပါး အစုကို "ခဏိက" သမာဓိဖြင့် ရှု့မှတ်၍ ဆဋ္ဌမ
မြောက်"နီဝရဏ" တရား "အဝိဇ္ဇာ" ကိုပါးသွားအောင်
ချုပ်ငြိမ်းသွားအောင်ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။
"နိစ္စဓုဝ" ဖြစ်စဉ် အတွင်း၌ "ဒွါရ"သို့ ထင်လာသောအာရုံ
များမှာမရေမတွက်နိုင်အောင်များပြားလှသော်လည်း
တစ်ခုတည်းသော သိရမည့် ပစ္စုပ္ပန်အာရုံ မှတစ်ပါး
ကျန်အရာများကိုသာသိသဖြင့်"ဝိပဿနာ"မျက်လုံး
မသဲမကွဲ အမြင်မှုန်ဝါးနေရခြင်းဖြစ်ပါသည်။
လောကကောင်းစားဖို့ ငြိမ်းချမ်းဖို့ "ဝိပဿနာ"မျက်
လုံးကောင်းဖို့လိုပါသည် ။ဝိပဿနာမျက်လုံးဖြင့်လော
ကကိုကြည့်ရာတွင် "မင်္ဂလာ"ဖြစ်အောင်"ပါရမီ"ဖြစ်
အောင်ကြည့်တတ်ဖို့လိုပါသည် ။
အချုပ်အားဖြင့် လောက၌ အဓမ္မ က ဓမ္မ ကိုမလွှမ်း
မိုး နှိုင်အောင် ဓမ္မ က အဓမ္မ ကို ဖယ်ရှားနှိုင်အောင်
ကြိုးပမ်းဆောင်ရွက်မှု့မှန်သမျှသည် ၊မာရ်နတ် ၏
တပ်မကြီးများ၌အရှုံးမပေးအညံ့မခံပဲ သူရဲကောင်း
ပီသစွာ တိုက်ပွဲဝင်နေခြင်းပင်ဖြစ်ပါသည်။
သံသရာ၏ တစ်ခုသောအချိန် ၊တစ်ခုသောနေရာ
တွင် မာရ်နတ်၏ တပ်မကြီးများကို အမြစ်ပြတ်ချေ
မှုန်းသုတ်သင်နှိုင်မည်ဖြစ်ပေသည် ။