Monday, November 17, 2014

သောတာပန်ဂုဏ်ရည်

#သောတာပန်

(ပုထုဇဉ်မလုပ်နှိုင်သောမကောင်းမှု့မည်သည်မရှိ။)

#သောတာပန်အရိယာများမပြုလုပ်တော့သောမကောင်းမှု့
  ခြောက်မျိုးလေးလီ

၁(က)။မြတ်စွာဘုရား၌မရိုမသေမလေးမစားမပြုခြင်း၊
  (ခ)။တရားတော်၌မရိုမသေမလေးမစားမပြုခြင်း။
  (ဂ)။သံဃာတော်၌မရိုမသေမလေးမစားမပြုခြင်း၊
  (ဃ)။မိမိသိက္ခာပုဒ်၌မရိုမသေမလေးမစားမပြုခြင်း။
  (င) ။သူတော်ကောင်းတို့မပြုလုပ်အပ်သောအမှု့များ၌
       ကျူးလွန်မှု့မရှိခြင်း၊
  (စ) ။ရှစ်ခုမြောက်ဘဝ၌ပဋိသန္ဓေမနေခြင်း၊
#သတ္ထုအဂါရဝ#ဓမ္မအဂါရဝ#သံဃအဂါရဝ#သိက္ခာယအဂါရဝ။
#အနာဂါမနိဝတ္ထုံ#နတေဘဝံအဋ္ဌမမာရိယန္တိ။

၂(က)။သင်္ခါရတရားမှန်သမျှ၌နိစ္စဟုရှု့မြင်မှု့မရှိခြင်း၊
  (ခ) ။သင်္ခါရတရားမှန်သမျှ၌သုခဟုရှု့မြင်မှု့မရှိခြင်း။
  (ဂ) ။ဓမ္မသဘာဝတရားမှန်သမျှ၌အတ္တဟုရှု့မြင်မှု့မရှိခြင်း၊
  (ဃ)။အာနန္တရိယကံငါးမျိုးကျူးလွန်မှု့မရှိတော့ခြင်း၊
  (င) ။ကောတူဟလမင်္ဂလာ၌ယုံကြည်မှု့မရှိခြင်း၊
  (စ) ။သာသနာပြင်ပ၌အလှူခံပုဂ္ဂိုလ်ကိုမရှာခြင်း၊

၃(က)။အမိသတ်မှု့ကိုမကျူးလွန်ခြင်း၊
  (ခ) ။အဖသတ်မှု့ကိုမကျူးလွန်ခြင်း၊
  (ဂ) ။ရဟန္တာသတ်မှု့ကိုမကျူးလွန်ခြင်း၊
  (ဃ)။မြတ်စွာဘုရားရှင်၌သွေးခြည်ဥအောင်မပြုခြင်း။
  (င) ။သံဃာသင်းခွဲသောအမှု့ကိုမပြုခြင်း၊
  (စ) ။ကံကြီးငါးပါးမကျူးလွန်ရုံမျှမက ပြစ်မှားမှု့ပင်မပြုခြင်း၊

၎(က)။သုခဒုက္ခ မိမိပြုလုပ်၍ဖြစ်သည်ဟူသောသာအယူမရှိခြင်း၊
  (ခ) ။သုခဒုက္ခ အတ္တပြုလုပ်၍ဖြစ်သည်ဟုအယူမရှိခြင်း၊
  (ဂ) ။သုခဒုက္ခ သူတစ်ပါးပြု၍ဖြစ်သည်ဟုအယူမရှိခြင်း၊
  (ဃ)။သုခဒုက္ခ ထာဝရဘုရားပြု၍ဖြစ်သည်ဟုအယူမရှိခြင်း၊
  (င) ။သုခဒုက္ဓ အကြောင်းမဲံဖြစ်သည်ဟုအယူမရှိခြင်း၊
  (စ) ။သုခဒုက္ခ အကြောင်းတုကြောင့်ဖြစ်သည်ဟုအယူမရှိခြင်း။

သောတာပန်ပုဂ္ဂိုလ်၏ကြည်ညိုဖွယ်အနှစ်သာရရှိသောဂုဏ်ရည်
များဖြစ်သည်။    ။
*****************************************

Thursday, October 30, 2014

သတိပဋ္ဌာန်-၂

သတိပဋ္ဌာန်အကြောင်းသိကောင်းစရာ-(၂)
*****************************
#ဝေနေယျလေးမျိုးနှင့်သတိပဋ္ဌာန်
ပရမတ္ထတရားများကို ခန္ဓာဖွဲ့လျှင် ခန္ဓာငါးပါးဖြစ်၏။ထိုတွင်-
#ရူပက္ခန္ဓာသည် ကာယာနုပဿနာ သတိပဋ္ဌာန်၏အာရုံဖြစ်၏။
#ဝိညာဏက္ခန္ဓာသည် စိတ္တာနုပဿနာ သတိပဋ္ဌာန်၏အာရုံဖြစ်၏။
#ဝေဒနက္ခန္ဓာသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်၏အာရုံဖြစ်၏။
#သညက္ခန္ဓာနှင့်သင်္ခါရက္ခန္ဓာတို့သည် ဓမ္မာနုပဿနာ၏ အာရုံဖြစ်၏။

ခန္ဓာသည်ငါးပါးရှိပါလျှက် အရှု့ခံအာရုံအဖြစ် လေးမျိုးသတ်မှတ်
ရခြင်းမှာ မဂ်ဖိုလ်ခရီးသွားလိုသည့် ဝေနေယျတို့သည် လေးမျိုး
ကွဲပြားသောကြောင့်ဖြစ်ပါသည်။

၁။ပင်ကိုယ်တဏှာဓာတ်ခံရှိ၍ အသိဉာဏ်အားနည်းသူ။
၂။ပင်ကိုယ်တဏှာဓာတ်ခံရှိ၍ အသိဉာဏ်အားကောင်းသူ။
၃။ပင်ကိုယ်ဒိဋ္ဌိဓာတ်ခံရှိ၍ အသိဉာဏ်အားနည်းသူ။
၎။ပင်ကိုယ်ဒိဋ္ဌိဓာတ်ခံရှိ၍ အသိဉာဏ်အားကောင်းသူ။

တဏှာဓာတ်ခံရှိသောပုဂ္ဂိုလ်တို့၌
တဏှာသည်ဝေဒနာကြောင့်ဖြစ်သည်။
ဝေဒနာသည်အာရုံနှင့်ဒွါရတို့ထိခိုက်မှု့ကြောင့်ဖြစ်သည်။
တဏှာဓာတ်ကိုပယ်သတ်ရန်ဝေဒနာ၏အပြစ်ကိုမြင်အောင်ရှု့ရမည်။

ဝေဒနာကားနာမ်တရားဖြစ်၍ ဉာဏ်အားနည်းသူတို့မြင်အောင်
ရှု့မှတ်နှိုင်ရန် မလွယ်ကူပါချေ။ထို့ကြောင့်ဉာဏ်အားနည်းသူများ
သည် သိမ်မွေ့သောဝေဒနာကိုမရှု့မှတ်ပဲ ဝေဒနာ၏မှီရာ ထင်ရှား
ပေါ်လွင်သည့် ရုပ်ခန္ဓာ၏ အပြစ်များကိုသာ မြင်အောင်ရှု့မှတ်ရ
ပါသည်။အမှတ်တစ်ပုဂ္ဂိုလ်များအတွက် ကာယာနုပဿနာသတိ
ပဋ္ဌာန်ကိုဟောကြားခြင်းဖြစ်ပါသည်။

ဉာဏ်ထက်မြက်သူများကား သိမ်မွေ့သောဝေဒနာ နာမ်တရားကို
ရှု့မှတ်နှိုင်စွမ်းရှိသဖြင့် ယင်းအမှတ်နှစ်အမျိုးအစားပုဂ္ဂိုလ်များအ
တွက် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကိုဟောကြားခြင်းဖြစ်ပါသည်။

ဒိဋ္ဌိဓာတ်ခံရှိသူများမှာ ရုပ်နာမ်ခန္ဓာတို့တွင် စိတ်စေတသိက်နာမ်
တရားများ၏ ဖောက်ပြန်ပျက်စီးမှု့ကိုမသိသောကြောင့် သိမှု့
မှတ်သားမှု့တွေ့ထိမှု့စသည်တို့၌ ငါသိသည် ငါမှတ်သားသည်
ငါတွေ့ထိသည် ဟု အထင်ရှိသူများဖြစ်ကြသည်။

စိတ်စေတသိက်တို့၏ သဘောလက္ခဏာကိုမြင်အောင်ရှု့မှတ်နှိုင်
လျှင် သိမှု့မှတ်သားမှု့တွေ့ထိမှု့တိုသည် ဖြစ်ချိန်တန်လျှင်ဖြစ်၍
ပျက်စီးသော ဓာတ်သဘောများသာဟု သိလာပြီး စိတ်စေတသိက်
နာမ်တရားများ၌ ငါ ဟုထင်မြင်နေမှု့များကင်းစင်နှိုင်ပါသည်။

စိတ်သည်ရာဂရှိခိုက် ရာဂနှင့်တကွဖြစ်သောစိတ် (သရာဂစိတ်)
ရာဂမရှိခိုက် ရာဂကင်းသောစိတ် (ဝီတရာဂစိတ်)စသဖြင့်အမျိုး
မျိုးဖြစ်သော်လည်း အမှန်မှာ သိမှု့သဘောတစ်ခုသာဖြစ်သဖြင့်
စိတ်ကိုဉာဏ်အားနည်းသူတို့ ရှု့မှတ်ရန်သင့်လျှော်ပါသည်။

ထို့ကြောင့် ဝိညာဏ်နက္ခန္ဓာသည် ဒိဋ္ဌိစရိုက်ရှိ၍ ဉာဏ်အားနည်း
သူတို့အတွက် ရှု့မှတ်ရန်သင့်လျော်သော အာရုံဖြစ်ပါသည်။ထို
တတိယမြောက်ပုဂ္ဂိုလ်များအတွက် စိတ္တာနုပဿနာ သတိပဋ္ဌာန်
ကိုဟောကြားတော်မူပါသည်။

ဝိညာဏက္ခန္ဓာနှင့်သင်္ခါရက္ခန္ဓာတို့သည် သဘောလက္ခဏာ သီး
ခြားစီဖြစ်သောကြောင့် တစ်ခုနှင့်တစ်ခု မရောယှက်ရအောင်
ရှု့မှတ်ရခက်ခဲ၏။ဉာဏ်ထက်မြက်သူတို့သာ နေရာကျရှု့မှတ်
နှိုင်ပါသည်။စတုတ္ထမြောက်ပုဂ္ဂိုလ်များအတွက် ဓမ္မာနုပဿနာ
သတိပဋ္ဌာန်ကို ဟောကြားတော်မူပါသည်။

Wednesday, October 29, 2014

သတိပဋ္ဌာန်-၁


#သတိပဋ္ဌာန်အကြောင်းသိကောင်းစရာ-၁
*****************************
#သတိပဋ္ဌာန် ဟူသော ဝေါဟာရသည်၊#သတိပဋ္ဌာန ဟူသော
ပါဠိမှဆင်းသက်လာသော ပါဠိသက် ဝေါဟာရဖြစ်သည်။

သတိပဋ္ဌာန်ကို
၁-သတိ၏ ကျက်စားရာ အာရုံ၊
၂-သုံးမျိုးသော သာဝကတို့ အပေါ်၌ မြတ်စွာဘုရား၏ ချစ်မှု့
   မုန်းမှု့ လွန်မြောက်ခြင်း၊
၃-သတိ ဟူ၍ သုံးမျိုး အနက်ပေးနှိုင်သည်။

၁-သတိ+ပဋ္ဌာန
သတိ=သတိ စေတသိက်။
ပဋ္ဌာန=(သတိ၏)ကျက်စားရာအာရုံ။
#သတိ၏ကျက်စားရာအာရုံ ဖြစ်ပါသည်။

၂-သတိ+ပဋ္ဌာန
သတိ=သတိ စေတသိက်။
ပဋ္ဌာန=သုံးမျိုးသော သာဝကတို့အပေါ်၌ မြတ်စွာဘုရား၏
          (သတိဖြင့်)မချစ် မမုန်းမှု့။
#သာဝကသုံးမျိုးအပေါ်၌ မြတ်စွာဘုရား၏ (သတိသမ္ပဇဉ်ဖြင့်)
မချစ် မမုန်း သတိဖြင့် ကျင့်သုံးခြင်း ဖြစ်ပါသည်။
(မြတ်စွာဘုရား၏ သြဝါဒကို လိုက်နာသော သာဝက၊ မလိုက်
နာသော သာဝက၊ တစ်ဝက်တစ်ပျက် လိုက်နာ၍ တစ်ဝက်တစ်
ပျက် မလိုက်နာသော သာဝက ဟူ၍ သုံးမျိုးရှိ၏။)

၃-သတိ+ပဋ္ဌာန
သတိ=သတိ စေတသိက်။
ပဋ္ဌာန=အာရုံ၌ စွဲစွဲမြဲမြဲ သက်ဝင်၍တည်နေသော သတိ။
#သတိ စေတသိက် သတိတရား ပင်ဖြစ်ပါသည်။

#ကာယာနုပဿနာ သတိပဋ္ဌာန် စသည်တို့၌
သတိပဋ္ဌာန် သည် သတိစေတသိက် သာလျှင် ဖြစ်ပါသည်။

#အပ္ပမာဒေါ အမတံ ပဒံ ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ နမီယန္တိ ၊ ယေပမတ္တာ ယထာ မတာ။

မမေ့မလျော့ခြင်းသည် နိဗ္ဗာန်ကိုရခြင်း၏ အကြောင်းတည်း။
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်းတည်း။
မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်။
မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။

လောကဝေါဟာရအလို သေဆုံးခြင်းဆိုသည်မှာ အသက်၏ကုန်
ခြင်းမျှကိုသာ သေဆုံးသည်ဟုဆိုသည်။အသက်မကုန်သေးသ
မျှ ရှင်သန်နေသည်ဟုဆိုသည်။

ဓမ္မအလိုအရ အသက်ရှင်လျှက် သေနေသူ(သေဆုံးသူ)များရှိနှိုင်
သလို ၊အသက်သေသော်လည်း ရှင်သန်နေသူများရှိပါသည်။

အထက်ပါ ဓမ္မပဒ ဂါထာအရ-
အပ္ပမာဒတရား(သတိတရား)လက်ကိုင်ပြုထားသော
ကုသိုလ်အစုစုတို့၌ မမေ့မလျော့သော သူသည် ရှင်သန်နေသူ
ဖြစ်ပါသည်။
ပမာဒတရား(မေ့လျော့ခြင်း)သတိမရှိခြင်း ဖြစ်၍
ကုသိုလ်တရားအစုစုတို့၌ မေ့မေ့လျော့လျော့နှင့် နေသောသူ
သည် အသက်ရှင်နေရပါသော်လည်း သေသောသူသာဖြစ်သည်။

သတ္တဝါတို့ အနေဖြင့် သေဆုံးရန် အခွင့်အလမ်းများစွာရှိသည့်
အနက် သတိတရားမရှိသဖြင့်သေဆုံးရခြင်းသည် ရှင်သန်ခြင်း
အတွက်လမ်းစပါပျောက်ဆုံးခြင်းလည်းဖြစ်ပါသည်။

ကံအားလျော်စွာ မှားယွင်းသော အမြင်များ၌ ဘဝကိုတည်
ဆောက်မိပါက ကုသိုလ်အစုစုတို့၌ မေ့လျော့သော ပမာဒတရား
လည်းဖြစ်ပေါ်လာပေမည်။
ထို့အတူ မှားယွင်းသော အတွေးအကြံ များကို ဖြစ်ပေါ်စေလျှက်
ပမာဒတရားဖြစ်ပွားကာ သေသူဖြစ်တတ်ပါသည်။
ဤအတူ မှားယွင်းသော (ကိုယ်မှု့နှုတ်မှု့များ အသက်မွေးမှု့များ
ကြိုးပမ်းဆောင်ရွက်မှု့များ ကျွမ်းကျင်လိမ္မာမှု့များ)ကြောင့်လည်း
ပမာဒတရားဖြစ်ပွားကာ(သတိချွတ်ယွင်းသဖြင့်)ကုသိုလ်အစုစုကို
မပြုမိတော့ပဲ သေဆုံးနေသူများသာ လျှင်ဖြစ်တတ်ပါသည်။

#ဥဋ္ဌာနေန'ပ္ပမာဒေန ၊သံယမေန ဓမ္မေန စ၊
ဒီပံ ကရိယာထ မေဒါဝီ ၊ယံသြဃော နာဘိကီရတိ။

ထကြွလုံ့လရှိ၍ မမေ့မလျော့ပဲ (သီလကို)စောင့်ရှောက်ထိမ်းသိမ်း
လျှက် (ဣနြေ္ဒကို)ဆုံးမခြင်းနှင့်ပြည့်စုံသော ပညာရှိသည် သံသ
ရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်ဟူသော မှီခိုရာကျွန်း
ကိုပြုလုပ်ရာ၏။ ယင်းကျွန်းကို ကိလေသာ ရေလျဉ်သည် မဖျက်
ဆီးနှိုင်ပေ။

သီလစသည့်ကျင့်ဝတ်ကိုဖြည့်ဆည်းခြင်း ၊ဣနြေ္ဒကိုကောင်းစွာ
စောင့်ထိမ်းခြင်း ၊စသည့် သံဝရသီလများကို မမေ့မလျော့ပဲ ထ
ကြွလုံ့လပြု၍ နေလျှက် သေမင်းမမြင်ရာ မိမိ၏မှီခိုရာ ကျွန်းကို
ပြုလုပ်လျှက် ဘေးရန်ကင်းစွာ ရှင်သန်နေကြဖို့ ဘုရားရှင်၏တိုက်
တွန်းတော်မူချက်ဖြစ်ပါသည်။

အပ္ပမာဒတရား ကုသိုလ်ပြုရေး၌ မမေ့မလျော့သော သတိတရား
ရှိသောသူသည် ရှင်သန်နေသူသာဖြစ်၍ သေမင်းမမြင်ရာ မှီခိုရာ
ကျွန်းကို ပြုလုပ်နှိုင်သူဖြစ်သဖြင့် ဘုရားရှင်၏ တိုက်တွန်းတော်မူ
ချက် အတိုင်းနေထိုင်သူလည်းဖြစ်ပါသည်။

ဤသည်တို့မှာ သတိတရားနှင့်စပ်၍ မှန်ကန်စွာ ရှု့မြင်နှိုင်ရန်
သတိချပ်စေလို၍ ဖြစ်ပါသည်။

ကောင်းသောလုပ်ငန်း အကျိုးရှိသောလုပ်ငန်း(ကုသိုလ်)ပင်မှန်
သော်လည်း ပိုမို၍အကျိုးများရာ ဖြစ်ဖြစ်မြောက်မြောက် လုပ်နှိုင်
ရာများကိုသာ ဦးစားပေးရွေးချယ်၍ လုပ်တတ်ဖို့အရေးကြီးပါ
သည်။ကုသိုလ်ကိုကား မည်သည့်ကုသိုလ်ပင်ဖြစ်စေ အထင်မ
သေးစကောင်းပေ။ကုသိုလ်မှန်သမျှ နိဗ္ဗာန်၏ အထောက်အပံ့
ပြုနှိုင်သည်ချည်းသာလျှင် ဖြစ်၏။

သတိပဋ္ဌာန အရ သတိ၏အာရုံများ အဖြစ် မြတ်စွာဘုရားသည်
လေးမျိုးဟောကြားခဲ့ပါသည်။ထက်မြက်သော သမ္မာသတိကိုထူ
ထောင်လိုသော ရဟန်းရှင်လူယောဂီသည် သီလစသည်ကိုပြည့်
စုံစေလျှက် သတိ၏တည်ရာ အာရုံများနှင့် စိတ်ကိုလေ့ကျင့်ပျိုး
ထောင်လျှင် သတိနှင့်ပြည့်စုံနှိုင်ပါသည်။

အာရုံလေးမျိုးမှာ-
(၁)။ကာယ ။(၂)။စိတ္တ။(၃)။ဝေဒနာ။(၄)။ဓမ္မ။ဖြစ်ပါသည်။
#ကာယဂတာနုပဿနာ သတိပဋ္ဌာန်
#စိတ္တာနုပဿနာ သတိပဋ္ဌာန်
#ဝေဒနာနုပဿနာ သတိပဋ္ဌာန်
#ဓမ္မာနုပဿနာ သတိပဋ္ဌာန်    ဟူ၍ သတိပဋ္ဌာန် လေးမျိုး။
ဟောတော်မူပါသည်။

Monday, June 2, 2014

Philosophy

အရှိအတိုင်းမြင်ခြင်းသည်သာ
အကောင်းမြင်ဖြစ်ပါလိမ့်မည်။
********************
"ရေ"ဟုဆိုလျှင် ဘာကိုဆိုလိုမှန်း အလွယ်နှင့်
သိနှိုင်သည်။"ရေ"ကို "ရေ"ဟု သိသည်မှာ ပြဿ
နာမရှိ -ဟူသော ခံယူချက်သည် အစဉ်အလာ
ယုံကြည်မှု့အရသာမှန်နှိုင်၏ ။

"ရေ"၏ ဝိသေသ လက္ခဏာများဖြစ်သော ခဲခြင်း
အငွေ့ပျံခြင်း အစရှိသည်များကိုလည်း အတွေ့
အကြုံအရ အလွယ်တကူပင်သိနှိုင်ပါသည်။

"ရေ"သည်အသွင်သဏ္ဍာန်ပိုင်းတွင် ရေခဲ-ရေငွေ့
အစရှိသဖြင့်မည်သို့ပင်ပြောင်းပြောင်း အနှစ်သာရ
အားဖြင့်"ရေ"သာလျှင်ဖြစ်ပါသည်။
အပူချိန်ကိုလိုက်၍သာလျှင် ရေ၏အသွင်အပြင်
သည် ကွဲ ပြားခြားနားသွား ရခြင်းဖြစ်ပေသည်။

ဤသည်မှာ"ရေ"ကိုရိုးရာမျက်လုံး(ပပဉ္စမျက်လုံး)
ဖြင့်မြင်ရသောအမြင်ဖြစ်သည်။
ရိုးရာမျက်လုံး(ပပဉ္စမျက်လုံး)ဖြင့်"ရေ"ကို ကြည့်
သောအခါ"ရေ"သည် အတော်အတန်ခိုင်မြဲ၍
မိမိ၏ သဘောကိုမစွန့်ဟူ၍သာမြင်ရပါသည်။

"ရေ"ကိုသိပ္ပံမျက်စိ (သမာဓိမျက်စိ) ဖြင့်ကြည့်
သောအခါ"ရေ"ကို "H2O"ဟုမြင်ရ၏။"ရေ"ကို
အရှိတရားပကတိသဘောအဖြစ်မြင်ခြင်းထက်
"ဟိုက်ဒြိုဂျင်"နှစ်လုံး "နှင့် အောက်စီဂျင်"တစ်လုံး
ပေါင်းစည်းမိခြင်းကြောင့် အသစ်ဖြစ်ပေါ်လာသော
အရည်အချင်းသစ်တစ်ရပ်အဖြစ်မြင်ရ၏ ။

"H2O"ကို ကွဲကွာသွားအောင် (သို့)"H2O2"အစရှိ
သဖြင့် တိုးချဲ့ပေါင်းစည်းလိုက်လျှင် "ရေ"သည်"ရေ"
မဟုတ်တော့ပဲ တစ်မျိုးတစ်မည်ဖြစ်သွားပါသည်။
ရေ၏သဘောသဘာဝကိုစွန့်ခွါသွားပါသည်။

သမာဓိမျက်စိ(သိပ္ပံမျက်စိ)ဖြင့် ကြည့်သောအခါ"ရေ"
သည် အတော်အတန်အပြောင်းအလဲလုပ်လျှင်"ရေ"
သဘောကိုစွန့်ခွာသွားသည်။
"ရေ"သည် ကြည့်ရှု့သောမျက်စိအပေါ်၌သာမူတည်
၍ မြဲခြင်း မမြဲခြင်း ထင်မြင်မှု့ကိုဖြစ်စေသည်။

ရိုးရာမျက်စိ(ပပဉ္စမျက်စိ)ဖြင့်ကြည့်လျှင်"ရေ"သည်
နှစ်သာရဖြစ်သည်။
သမာဓိမျက်စိ(သိပ္ပံမျက်စိ)ဖြင့်ကြည့်လျှင်"ရေ"သည်
မာယာဖြစ်သည်။
ဟိုက်ဒြိုဂျင်နှင့်အောက်စီဂျင် သည် ရေ၏ အနှစ်သာ
ရဖြစ်လာပါသည်။

ဤသည်မှာ"ရေ"ကို မြင်သော အမြင်များ ၏မတူညီ
မှု့ကို သတိချပ်မိစေလိုသောကြောင့်ဖြစ်ပါသည်။

ဟိုက်ဒြိုဂျင်ကိုမြင်သော အမြင်များ မှာလည်းအမျိုး
မျိုးရှိပါသေးသည်။မည်သို့ပင်ဆိုစေ ကနဦးစကြာ
ဝဠာပေါက်ကွဲမှု့ဖြစ်စဉ်(Big bang)မှစ၍ ဟိုက်ဒြို
ဂျင်သည် တည်မြဲသည့် တစ်ခုတည်းသောဒြပ်စင်
အဖြစ်အသိအမှတ်ပြုကြရပါသည်။

နေစကြဝဠာတွင်ဟိုက်ဒြိုဂျင်ပေါင်းစည်းခြင်းဖြင့်စွမ်း
အင်များထုတ်လွှတ်ကာ ၊အခြားသောဒြပ်များကိုဖြစ်
ပေါ်လာစေသည်ဟု ဆိုကြပါသည်။

ဤကားဦးစွာ သိမြင်စေလိုသည့် ဥပမာဖြစ်ပါသည်။
ဥပမာ နှင့် နှိုင်းယှဉ်၍ မိမိတို့၏ ဘဝကို သိရှိနှိုင်စေ
ရန် ဥပမေယျ ကိုဆိုပါမည်။

"သတ္တဝါ"ကို"သတ္တဝါ"ဟူ၍လည်းကောင်း"လူ"ကို
"လူ"ဟူ၍လည်းကောင်း သိခြင်းသည်"ရေ"ကို"ရေ"
ဟုသိသောအသိမျိုးပင်ဖြစ်သည်။

"သတ္တဝါ"အစား"လူ"ဟူ၍သာသုံးပါမည်။"လူ"သည်
အသွင်အပြင်အရ "ကာလ ဒေသ ဇာတိ"အလိုက်
အမျိုးမျိုးဖြစ် နှိုင်သော်လည်း အနှစ်သာရအားဖြင့်
"လူ"သာလျှင်ဖြစ်၏။

လူ-သည် ကာလ-ဒေသ-ဇာတိ အလိုက် နိုင်ငံသား
တစ်မျိုးမျိုးဖြစ်လာပါသည်။မိမိဖြစ်ချင်သောနိုင်ငံ
သားဖြစ်ခွင့်မရှိသလောက်နည်းပါသည်။လူမျိုးတစ်
ခုခုဖြစ်လာပါသည်။မိမိဖြစ်ချင်သောလူမျိုးဖြစ်၍
မရပါ။မိမိမွေးဖွားရာဇာတိ နှင့် အမျိုးကို စွဲ၍သာလျှင်
ဖြစ်ကြရသည်မှာဓမ္မတာသဘောဖြစ်ပါသည်။

ရိုးရာမျက်လုံး (ပပဉ္စမျက်လုံး-တဏှာ၊မာန၊ဒိဋ္ဌိ)ဖြင့်
"လူ"ကိုမြင်သောအခါ"ငါ"ကိုပါ"လူ"အဖြစ်မြင်ရ၏။

"ငါ"ကိုမြင်သဖြင့် "သူ"သည်အလိုလိုပေါ်လာရ၏။
ငါ-နှင့်သဘောတူရာ.ငါတို့-သည်လည်းကောင်း
သူ-နှင့်သဘောတူရာ.သူတို့-သည်လည်းကောင်း
ငါ-ငါတို့ ၊သူ-သူတို့-သည်ဖြစ်ပွားပေါ်ပေါက်လာ၏။
ဤသည်မှာလည်းဓမ္မတာသဘောပင်ဖြစ်ပါသည်။

"ငါ"၏အတော်အတန်ခိုင်မြဲသော သဘောသည်
လည်း အသိအမှတ်ပြုလာရသည်။ထို"ငါ"သည်ပင်
အနှစ်သာရသဘော အခိုင်အမာသဘောဖြင့် ရိုး
ရာမျက်စိ(ပပဉ္စမျက်စိ)၌မြင်ရ၏။

ရှေးခေတ်လူ့အဖွဲ့အစည်း၌တည်မြဲသော"ဇီဝအတ္တ"
(Indivitual Soul)အယူအဆသည် အတော်တွင်
ကျယ်စွာနေရာယူခဲ့၏။"သဿတ"အယူအဆဟုဆို
သည်။အတ္တ ၊ဇီဝ ၊လိပ်ပြာ ၊ဝိညာဏ် ၊အမျိုးစုံသည်။

သိပ္ပံ၏အကျိုးကျေးဇူးကြောင့် အတွေးပုံစံများပြောင်း
ကုန်သည်။Deoxyribonucleic acid(DNA)ဖက်
လှည့်ကုန်သည်။ပြောရလျှင်ခံယူချက်ခြင်းသိပ်မထူး
ဟုဆိုရမည်။ကျင့်ဝတ်များပြောင်းလဲခြင်းသာသိသိ
သာသာ ကွဲပြားခြားနားသည်။

ကျင့်ဝတ်ပိုင်းသည် ရုပ်သဘောပို၍ဆန်လာသည်။
ရုပ်အစွဲအလန်း(Material superstition)များကို
အခြေခံသော ဘဝနေထိုင်နည်းများ တွင်ကျယ်လာ
သည်။ပြောရလျှင်ပုဂ္ဂိုလ်တစ်ယောက်တည်းကပင်
"ဇီဝအတ္တ"အယူအဆနှင့်"ရုပ်ဝါဒ"တို့ကိုအလျဉ်း
သင့်သလိုကျင့်သုံးလာသည်။
(Material-Atheism)နှင့်(Theism)ကိုအဆင်ပြေ
သလို ခံယူလာကြသည်။

ပပဉ္စ မျက်စိ ဖြင့်မြင်ခြင်း ဖြစ်သဖြင့် ဤထက်ပို၍
မြင်နှိုင်စရာမရှိ ။တစ်နည်းအားဖြင့်"ရေ"ကို"ရေ"ဟု
မြင်သောအမြင်ထက် ဘာမျှမပို။

ဤအမြင်များဖြင့်ဘဝကိုဆောက်တည်သောအခါ
ငါ-သည် ဇာတိပြဋ္ဌာန်းသောလူမျိုးနှင့်တွဲ၍ ရှေ့တန်း
သို့ရောက်လာရခြင်းဖြစ်ပါသည်။အများစုအတွင်း၌
ငါ-နှင့် ငါတို့-သည် လူမျိုးဇာတ်ထက်ပင်ပို၍ အရေး
ပါလာသည့်သဘောရှိပါသည်။

ဗုဒ္ဓဒေသနာအရ ရုပ်သဘောတရားတစ်ခုနှင့်နာမ်
သဘောတရားတစ်ခုပေါင်းစပ်မိသောအခါ၌-
(သတ္တဝါနှင့်ငါ)ဟူသောအရည်အချင်းသစ်တစ်ရပ်
ဖြစ်ပွားပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။

ရုပ်သဘောကို မဟာဘုတ်လေးပါးဟုဆိုပါသည်။
နာမ်သဘောကို စိတ်နှင့်စေတသိက် ဟုဆိုပါသည်။
ပေါင်းစည်းမှု့ကို-ခန္ဓာ ငါးပါးဟုလည်းဆိုပါသည်။

ဤနေရာ၌ ကမ္မဇရုပ်ချည်းသက်သက် ဖြစ်သော
ရူပဗြဟ္မာ နာမ်ချည်းသက်သက်ဖြစ်သော အရူပ
ဗြဟ္မာ များကို သီးခြားလေ့လာစေလိုပါသည်။ဆရာ
တော်ကြီးများမှတ်ချက်ပေးသည်ကို လေ့လာကြည့်
ရာတွင် မိမိတို့၏ ပမာဏကိုကျော်လွန်နေသည်ဟု
သာယုံကြည်မိပါသည်။

"နာမ်ချည်းသက်သက်ဖြစ်တဲ့ ဗြဟ္မာဆိုတာစဉ်းစား
ကြည့်လို့ မလွယ်ပါဘူး ၊ဘုရားဟောဖြစ်တဲ့အတွက်
တစ်ကယ်ရှိတယ်လို့သိရတာပါ""မြတ်စွာဘုရားရဲ့
ဉာဏ်တော်ကြီးဟာ အလွန်ကြည်ညိုစရာကောင်း
လှပါတယ်""ဘုန်းကြီးတို့အသိဉာဏ်နဲ့ဒီလိုဗြဟ္မာရှိ
တယ်ဆိုတာမသိနှိုင်ပါဘူး"

အထင်ကရဆရာတော်ကြီးတစ်ပါး၏မှတ်ချက်ဖြစ်ပါ
သည်။အကျိုးမများနှိုင်ဟူသောယုံကြည်ချက်ကြောင့်
ဘွဲ့အမည်ကိုမဖော်ပြတော့ပါ။စဉ်းစားနှိုင်ရန်ဖော်ပြ
ခြင်းသာဖြစ်ပါသည်။

ဆက်လက်၍ ရုပ်နှင့်နာမ် ဖွဲ့စည်းမိ၍ အရည်အချင်း
သစ်အဖြစ် ပေါ်ပေါက်လာသော လူနှင့်-ငါ-ငါတို့-သူ-
သူတို့-အစရှိသောအမြင်များသည် ရုပ်နာမ်ကိုမသိ
မမြင်သဖြင့် ပပဉ္စမျက်စိ-ရိုးရာမျက်လုံး၌မြင်ရသော
အမြင်များပင်ဖြစ်ပါသည်။

ဤအမြင်များကိုလည်းဓမ္မတာအရလက်ခံရမည်သာ
ဖြစ်ပါသည်။ရုပ်နာမ်ကိုအမှန်အတိုင်းမသိမမြင်ပါပဲ
မျိုးရိုးဇာတိကိုငြင်းပယ်ခြင်းသည် မငြိမ်းချမ်းအောင်
ပြုလုပ်ဆောင်ရွက်မှု့သာဖြစ်ပါသည်။

သမာဓိမျက်စိ ဝိပဿနာ မျက်စိဖြင့်ကြည့်သောအ
ခါ လူကို ဗြဟ္မာ့ဝိဟာရတရားများအဖြစ်မြင်ရသည်။
လူကို ရုပ်နှင့်နာမ်အဖွဲ့အစည်းအဖြစ်မြင်ရသည်။
လူကိုနာမ်ရုပ်တို့၏ဝိသေသလက္ခဏာအဖြစ်မြင်ရ
သည်။လူကိုနာမ်ရုပ်တို့၏သာမညလက္ခဏာအဖြစ်
မြင်ရသည်။

အကယ်၍လူကိုရုပ်နာမ်အဖွဲ့အစည်းအဖြစ်မြင်နှိုင်
သောမျက်စိ မရှိစေကာမူ အနိမ့်ဆုံးအားဖြင့်လူကို
ဗြဟ္မာ့ဝိဟာရတရားများအဖြစ်မြင်နှိုင်လျှင်ပင်လူမှု့
ပဋိပက္ခများကင်းဝေးသော လူ့အဖွဲ့အစည်းအဖြစ်
ရပ်တည်နှိုင်မည်ဖြစ်ပေသည်။ဤသည်ပင် လူကို
လူဟူ၍မြင်ခြင်းဖြစ်သည်ဟုဆိုရပါသည်။

လူကိုလူဟူ၍ မြင်နှိုင်ရန် အနိမ့်ဆုံးအားဖြင့် အပ္ပနာ
၏အနီးအပါးဥပစာ၌ ဖြစ်သော ဥပစာရဈာန်နှင့်
ပြည့်စုံသူဖြစ်ဖို့လိုပါသည်။ဤသို့မဟုတ်ပါပဲလူကို
လူဟူ၍မြင်သည်ဟုဆိုခြင်းမှာအတုအယောင်သာ
ဖြစ်ပါသည်။တနည်းအားဖြင့်အမြင်မှားခြင်းသာ
လျှင်ဖြစ်ပါသည်။

ဤသို့အမြင်မှားမှု့ကိုအစစ်အမှန်ဟုထင်လျှက် ဘဝ ကိုတည်ဆောက်ရသောအခါ ချွတ်ချော်မှားယွင်းမှု့
များကိုနည်းနာကောင်းများဟုမှတ်ထင်လာတတ်ပါ
သည်။စိန်ခေါ်စမ်းသပ်မှု့များ၏ အဆုံးသတ်တိုက်
ပွဲတွင် ကျရှုံးမှု့များမငြိမ်းချမ်းနှင့်သာအဆုံးသတ်ရ
လေသည်။

ဗုဒ္ဓဒေသနာတော်အရ အပ္ပနာကို ဈာန်ဟုဆိုပါသည်။
ဒိဋ္ဌဓမ္မသုခဝိဟာရ တရားဟုဆိုပါသည်။မျက်မှောက်
ငြိမ်းအေးချမ်းသာရေးတရားဟုဆိုပါသည်။လူမှု့ပဋိ
ပက္ခများမှကင်းဝေးလျှက် လွတ်လပ်ငြိမ်းအေးချမ်း
သာစွာနေထိုင်ခြင်းပင်ဖြစ်ပါသည်။ဤအမြင်ဖြင့်
ဘဝကိုတည်ဆောက်နှိုင်ရန် အပ္ပနာ(ဈာန်)သမာဓိ
မျက်စိရှိရမည်ဖြစ်ပါသည်။

အကယ်၍သာ လူ ကို လူ ဟူ၍ မမြင်ပဲ -
လူကို နိုင်ငံရေးသတ္တဝါ အဖြစ်လည်းကောင်း-
လူကို လူမှု့ရေးသတ္တဝါ အဖြစ်လည်းကောင်း-
လူကို စီးပွားရေးသတ္တဝါ အဖြစ်လည်းကောင်း-
တစ်မျိုးမျိုးဖြင့်မြင်သည်ဟုဆိုပါလျှင်-
လူ ကို လူအဖြစ် မြင်တတ်သည့် မျက်စိမရှိသူသာ
လျှင်ဖြစ်သည်ဟုဆိုရာရောက်ပါသည်။

လူကို-လူ့အဖွဲ့အစည်းဝင်အဖြစ် အသိအမှတ်
ပြုလိုက်ရသည်နှင့်တစ်ပြိုင်နက် တစ်သီးပုဂ္ဂလလူ
သား၏ လွတ်လပ်ခွင့်နှင့်ယုံကြည်ချက်ခံယူချက်
များကို အားလုံးဖြစ်စေ အချို့အဝက်ဖြစ်စေ စွန့်
လွှတ်လိုက်ရခြင်းပင်ဖြစ်ပါသည်။

လူသည် နိုင်ငံရေးသတ္တဝါဖြစ်သည်ဟူ၍ ခံယူလိုက်
သည်နှင့် နိုင်ငံရေးအယူအဆ ဝါဒတစ်ခုခု၏ သိမ်း
ပိုက်ခြင်းကိုခံလိုက်ရပါသည်။နိုင်ငံရေးအသင်းအဖွဲ့
တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်သွားပါသည်။ဤသည်ပင်
အဖွဲ့၏မူဝါဒများနှင့်စည်းကမ်းများက မိမိ၏ပုဂ္ဂလ
လူသားလွတ်လပ်ခွင့်ကို ဝင်ရောက်စွက်ဖက်၍
လူကို လူအဖြစ် မြင်နှိုင်ရန် ပိုမို၍ ဝေးကွာသွားစေ
ပါသည်။

အဘယ်ကြောင့်ဆိုသော် ငါ-ငါတို့ ကိုအခြေခံမိသည်
နှင့်တစ်ပြိုင်နက် သူ-သူတို့သည် ရန်သူအဖြစ်နှင့်
သော်လည်းကောင်း ပြိုင်ဘက်အနေဖြင့်သော်လည်း
ကောင်း မလွှဲမသွေ ပေါ်ပေါက်လာသောသဘော
ရှိသည်သာလျှင်ဖြစ်သောကြောင့် ဖြစ်ပါသည်။
ဤသည်မှာလည်းဓမ္မတာသဘောပင်ဖြစ်ပါသည်။

အမှန်စင်စစ်အားဖြင့် လူသားသည် မျိုးရိုးဇာတိကို
မွေးရာပါ အရည်အချင်းတစ်ခုအဖြစ် လက္ခံရမည်
သာဖြစ်ပေသည်။ငြင်းပယ်ခြင်းဖြင့် မိမိနှင့်မိမိ၏လူ့
အဖွဲ့အစည်းကို များစွာထိခိုက်နစ်နာစေပါသည်။

လူသားသည်မလွှဲမရှောင်သာသောတာဝန်ယူမှု့
များကိုလည်း မိမိနှင့်သက်ဆိုင်သည့်လူ့အဖွဲ့အစည်း
နှင့်ပူးပေါင်းဆောင်ရွက်ရမည်သာဖြစ်ပါသည်။ဤသို့
ဆောင်ရွက်ခြင်းဖြင့်လူ့အဖွဲ့အစည်း၏ယဉ်ကျေးမှု့
ကိုလိုက်နာရသည့်အတွက်မိမိ၏တစ်ကိုယ်တော်
တစ်သီးပုဂ္ဂလလွတ်လပ်ခွင့်ကို ရှေ့တန်းတင်၍ ပြု
လုပ်ဆောင်ရွက်ခြင်းများသည်အမှားစင်စစ်သာဖြစ်
ပေသည်။

လူသည်မွေးရာပါပြဋ္ဌာန်းချက်များကိုလျစ်လျူရှု့၍
စိတ်ကူးယဉ်အတွေးအကြံများဖြင့်မိမိ၌မရှိသော
အရည်အချင်း(မျက်စိ)ဖြင့်လူ့လောကကိုရှု့မြင်၍
တည်ဆောက်မိသောအခါ အမှားမှားအယွင်းယွင်း
များကိုပင်အမှန်ဟုထင်မြင်လာပါသည်။

အကျိုးဆက်အားဖြင့် အားထုတ်လုပ်ဆောင်မှု့မှန်
သမျှသည် ရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းသာ
ယာမှု့ကိုရှာမတွေ့တော့ပဲ ပင်ပန်းဆင်းရဲခြင်းများ
နှင့်မိမိ၏ဆန့်ကျင်ဘက်ရန်သူများကိုသာအမြဲလို
လိုမြင်တွေ့နေရခြင်းဖြင့်သာအဆုံးသတ်ရလေ့ရှိပါ
သည်။

အချုပ်အားဖြင့်ဆိုရလျှင် ယနေ့ကမ္ဘာ့နိုင်ငံရေးဇာတ်
ခုံတွင် နေရာတကာ လူကိုလူလိုမြင်သောအမြင်ဖြင့်
အဆင့်မြင့်မြင့်တည်ဆောက်၍မရဟုဆိုရပါမည်။

လူကို စစ်အာဏာရှင်အဖြစ်လည်းမြင်ရသည်။
လူကို ခရိုနီအဖြစ်လည်းမြင်ရသည်။
လူကို ပါတီဝင်အဖြစ်လည်းမြင်ရသည်။
လူကို အမျိုးစောင့်သူအဖြစ်လည်းမြင်ရသည်။
လူကို အမျိုးဖျက်သူအဖြစ်လည်းမြင်ရသည်။

မိမိကအမျိုးဖျက်သူဖြစ်ပါလျှက် လူကိုလူလိုမြင်သူ
ဟုကြွေးကြော်လျှင် ရယ်ဖွယ်သာဖြစ်ပေသည်။
မိမိကခရိုနီဖြစ်ပါလျှက် သူတော်ကောင်းဟုကြွေး
ကြော်လျှင် ရယ်ဖွယ်သာဖြစ်ပေသည်။မိမိကစစ်
အာဏာရှင်ဖြစ်ပါလျှက် ကယ်တင်ရှင်ဟုကြွေး
ကြော်လျှင် ရယ်ဖွယ်သာဖြစ်ပေသည်။

မိမိ၏ပမာဏနှင့်ပကတိအခြေအနေကိုကျော်လွန်
၍ စိတ်ကူးယဉ်လျှက်တွေးတောဆောင်ရွက်ခြင်း
ကိုမပြုအပ်ပေ။ဆေးကြောင့်ဖြစ်သောအနာရောဂါ
သည်အကုသရခက်သကဲ့သို့မသင့်လျှော်သောနည်း
လမ်းဖြင့်ဆောင်ရွက်မှု့များကြောင့်မငြိမ်းချမ်းခြင်း
သည်သာလျှင်ဖြစ်ပွားလာစရာရှိပါသည်။

ယနေ့လူကိုနိုင်ငံရေးသတ္တဝါအဖြစ်သတ်မှတ်လိုက်
ရခြင်း၏အကျိုးဆက်အနေဖြင့် မငြင်းပယ်သင့်သည်
များကိုငြင်းပယ်လျှက် မိမိ၌မရှိသောအရည်အချင်း
များရှိသည်ဟုအထင်ရောက်ကာ မိတ်ဆွေအချင်း
ချင်းသော်လည်းကောင်းမိသားစုဝင်အချင်းချင်း
သော်လည်းကောင်း စိတ်ဝမ်းကွဲပြားမှု့များကိုမြင်
တွေ့နေရပါသည်။တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာ
သည်ဟုဆိုရမည်ဖြစ်ပါသည်။

မူလကရည်မှန်းသောဒီမိုကရေစီပန်းတိုင်သို့ချဉ်းကပ်
နှိုင်ရေးအတွက် ယုံကြည်ချက်များလျော့ပါးလာနေ
သည့်သဘောဖြစ်ပါသည်။တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေး ယုံကြည်ချက်ခိုင်မာရေး တန်းတူညီမျှ
အခွင့်အရေး အတွက် ပြည်ထောင်စုစနစ် ကိုအ
ကောင်အထည်ဖော်နှိုင်ရန် လက်နက်ကိုင်ပဋိပက္ခ
ချုပ်ငြိမ်းရေးဆွေးနွေးနေသည့်ကြားမှာပင် ဘာလက်
နက်မှမကိုင်ဆောင်သည့် စုစုစည်းစည်းရှိနေသည့်
ဒီမိုကရက်အင်အားစုများ ပြိုကွဲလာနေသည့်သဘော
ဖြစ်ပါသည်။

နိုင်ငံသားများ မဲဆန္ဒရှင်များ ဒီမိုကရက်အင်အားစု
များ အနေဖြင့် ပေါ်ပြူလာနိုင်ငံရေးပုံစံများကိုစနစ်
တကျမြင်ကြည့်တတ်ဖို့ဖြစ်ပါသည်။အရှိအတိုင်းမြင်
ကြည့်တတ်ဖို့ဖြစ်ပါသည်။ပကာသန နိုင်ငံရေးအလှ
အပ တန်းဆာဆင်မှု့များကို သာယာနေဦးမည်ဆို
လျှင် ဒီမိုကရေစီ ချဉ်းကပ်လမ်းနှင့်ဝေးမြဲဝေးနေဦး
မည်သာဖြစ်ပါသည်။

ဥပမာအားဖြင့်ဆိုရလျှင်-
နိုင်ငံရေးလှည့်ကွက် ဟုအလှအပတန်းဆာဆင်မှု့
က တရားခံအစစ်အမှန်ကိုဖော်ထုတ်နှိုင်ခြင်းမရှိ
သည့်အပြင် မိမိ၏အင်အားကို များစွာထိခိုက်နစ်
နာစေပါသည်။

မိမိအနေဖြင့်နိုင်ငံရေးအကြောင်း ပြောလိုစိတ်မရှိပါ။
နိုင်ငံရေးကြောင့် ပြိုကွဲစပြုနေသော မိတ်ဆွေအ
ပေါင်းအသင်း ညီကိုမောင်နှမ သူငယ်ချင်းများကို
မူလအတိုင်းချစ်ချစ်ခင်ခင် ရှိစေလိုသောကြောင့်
သာ ပြောဆိုခြင်းဖြစ်ပါသည်။

**************************