Saturday, December 28, 2013

Philosophy.politics.001

မျိုးဆက်သစ်တို့ရဲ့ကမ္ဘာ
****************
ယ္ခု ကျွန်တော်တို့ နေထိုင်အသုံးပြုနေတဲ့ ကမ္ဘာကြီး
ဟာ ကျွန်တော်တို့ ပိုင်တဲ့ ကမ္ဘာကြီးမဟုတ်ပါဘူး။

ကျွန်တော်တို့ ဟာ ဒီကမ္ဘာကြီးကို အနာဂါတ်မျိုး
ဆက်သစ်တွေဆီကနေ ခဏ ငှားရမ်းပြီး နေထိုင်
အသုံးပြု နေကြရတာပါ။

UN.ရဲ့ဆောင်ပုဒ် တစ်ခုဖြစ်ပါတယ်။

ဒီကမ္ဘာကြီးကို မိမိပိုင် ပစ္စည်းတစ်ခုလို သဘောထား
သုံးစွဲနေတဲ့ မတော်လောဘ ရှိသူတွေ အမြင်မှန်ရစေ
ဖို့ပါ။ကျွန်တော်တို့ ဘာတွေကို ဘယ်လို သုံးစွဲပါသလဲ
ဘယ်သူတွေက ဘာတွေကို ဘယ်လို သုံးစွဲပါသလဲ။

ဒီနေရာမှာ ကျွန်တော်တို့ အသက်ရှင်နေထိုင်တဲ့ပုံစံ
ကို ကြည့်ကြရအောင်ပါ။ကျွန်တော်တို့ အသက်ရှင်
နေထိုင်ဖို့ စွမ်းအင်လိုအပ်ပါတယ်။လိုအပ်တဲ့စွမ်းအင်
ကို ဘယ်လိုရှာဖွေပြီး ဘယ်လိုသုံးစွဲမှာပါလဲ။

လူသားများရဲ့ အသက်ရှင်နေထိုင် နှိုင်မယ့် နေထိုင်
မှု့စနစ်ကို ယဉ်ကျေးမှု့ပုံစံ ခေတ်လေးခေတ် ယူဆ
ထားပါတယ်။

၁။Type one civilization -ပထမအဆင့်အသက်
    ရှင်နေထိုင်မှု့ပုံစံ ယဉ်ကျေးမှု့။
ဒီအဆင့်မှာ လူသားတွေ အသက်ရှင်နေထိုင်နှိုင်ဖို့လို
အပ်တဲ့ စွမ်းအင်ကို ကမ္ဘာကြီးရဲ့အတွင်းထဲက နှိုက်
ထုတ်သုံးစွဲရင်း ကမ္ဘာကြီးကိုကြေမွပျက်စီးအောင်ဖျက်
ဆီးတာလို့ဆိုပါတယ်။

သဘာဝ သယံဇာတရင်းမြစ်(Natural resources)
တွေရဲ့မူလပိုင်ရှင်ဖြစ်တဲ့ နောင်မျိုးဆက်သစ်တွေဆီ
က ခဏတာချေးငှားပြီး သုံးစွဲသူတွေဟာ ကမ္ဘာကြီး
ကိုဘယ်လိုသဘောထားကြပါသလဲ။

သဘာဝသယံဇာတရင်းမြစ်တွေ ကို ဘယ်သူတွေ
ဘယ့်လောက်များ ခိုးဝှက်လုယက်ယူငင်ဖျက်ဆီး
ပြူန်းတီးစေခဲ့ပါသလဲ။ခရစ်ရှနာမူရတီး ပြောခဲ့တာ
ကိုသတိရမိပါတယ်။"လူတစ်ယောက်အတွက်လူ
ပီပီသသ အသက်ရှင်နေထိုင်နှိုင်မယ့်တစ်ကယ့်လို
အပ်ချက်ပမာဏဟာနည်းနည်းလေးပါ။"တဲ့

ဒီလိုဆိုရင် အပိုအလျှံ အလေအလွင့် အပျက်အစီး
တွေ ကြောင့်ကမ္ဘာကြီးရဲ့ ရှိသင့်တဲ့သက်တမ်းထက်
အများကြီးတိုတောင်းသွားအောင်လုပ်တာဘယ်သူ
တွေလဲ။အနာဂါတ်မျိုးဆက်သစ်တွေဆီက တင်မက
ပဲ ခေတ်ပြိုင် အတူယှဉ်တွဲနေထိုင်နေတဲ့ သူတွေဆီ
ကပါ ခိုးဝှက်လုယက်ယူငင်နေကြတာဘယ်သူတွေ
လဲ။ တစ်ကမ္ဘာလုံး ခြုံကြည့်ရင် လူနည်းစုကပဲဖျက်
ဆီးနေတာပါ။အပြစ်တင်ခံရတဲ့အခါလူအားလုံးပါ။

သစ်တောတစ်တောခုတ်တဲ့သူကချောက်တီးချောက်
ချက်ကျောင်းတစ်ကျောင်းလောက်ဆောက်ပေးပြီးသူ
ကောင်းပြုခံတာမျိုးတွေ ၊မဖြစ်စလောက်ထောက်ပံ့
ကြေးလေးထုတ်ပေးပြီးတောင်တွေကိုဖြိုချလို့ချ၊ဧရာ
ဝတီလိုမြစ်ကိုတောင် မီးရှုးမီးပန်းနဲ့အလဲအလှယ်လုပ်
မဲ့သဘောတွေ မတားနှိုင် မဆီးနှိုင် ဖြစ်နေတာအနာ
ဂါတ်အလားအလာမကောင်းပါ။

ဒီလိုလူတွေရှိနေတဲ့ကမ္ဘာကြီးအသက်တိုဖို့ပဲရှိပါတယ်။
ဒီလိုနဲ့သဘာဝရင်းမြစ်တွေကုန်ဆုံးသွားရင်လူတွေအ
သက်ရှင်ဖို့လိုအပ်တဲ့စွမ်းအင်ကိုကမ္ဘာကြီးကပေးနှိုင်
လိမ့်မယ်မဟုတ်ပါ။လူတွေအသက်ရှင်ဖို့လိုအပ်တဲ့
စွမ်းအင်ကိုနောက်ထပ်ဖြစ်နှိုင်စရာရစရာကတော့နေ
မင်းကြီးဆီကပါ။

၂။Type two civilization -ဒုတိယဆင့် အသက်
    ရှင်နေထိုင်မှု့ပုံစံ ယဉ်ကျေးမှု့။
ဒီအဆင့်မှာ လူတွေအသက်ရှင်နေထိုင်နှိုင်ဖို့လိုအပ်
တဲ့စွမ်းအင်ကို နေမင်းကြီးဆီကရမယ်လို့ဆိုပါတယ်။

မျက်စိရှုပ်နားရှုပ်မဖြစ်အောင်ဒါလောက်ဆိုသဘော
ပေါက်မယ်လို့ယူဆပါတယ်။

ငှားရမ်းသုံးစွဲသူတွေရဲ့လူမဆန်မှု့ကြောင့်ပိုင်ရှင်အ
စစ်ဖြစ်တဲ့နောင်လာနောက်သားများဒုက္ခရောက်စေ
သတည်းပေါ့ဗျာ။ရှေးမွေး၍ ရှေးခွေးဖြစ်သူလူတစ်
စုကြောင့် နောင်မျိုးဆက်သစ်များဒုက္ခရောက်ရပေ
တော့အံ့။



်ွ

No comments:

Post a Comment