Saturday, December 28, 2013

MY ART.POEM.002

ဥပရိပဏ္ဏာသပါဠိတော်
အနာထပိဏ္ဌ္ဌိကောဝါဒသုတ်
မြန်မာပြန်လင်္ကာ
••••••••••••••••••••••••••••••
ဤလင်္ကာများမှာ ယ္ခုအသုံးမပြု အသုံးမဝင် သကဲ့သို့
ဖြစ်လျှင်လည်း ၊မိတ်ဆွေအတွက် နောင်တစ်ချိန်ချိန်
တွင် များစွာအကူအညီ ပေးနှိုင်ပါလိမ့်မည်။
သို့ဖြစ်ရာ တစ်နည်းနည်းဖြင့် ထိမ်းသိမ်းထားသင့်
သည်ဟု ဦးစွာအကြံပြုလိုက်ပါသည်။

     (က)အကြည်ဓာတ်ခြောက်ပါး
၁။မျက်စိတွင်မည် ၊ရုပ်အကြည်ကား ၊***

မြင့်ရှည်ကာလ ၊မတည်ထဘဲ၊
ခဏဖြစ်လျှက် ၊ခဏပျက်၏ ။
ဖြစ်ပျက်နှစ်တန် ၊နှိပ်စက်ဒဏ်ဖြင့် ၊
တရံမစဲ ၊လွန်ဆင်းရဲ၏ ။
ခိုင်မြဲကျောမာ ၊နှစ်မပါဘူး ၊
ပညာစက္ခု ၊မျှော်ထောက်ရှု့လျှင် ၊
သူ့သဘာဝ ၊အနိစ္စနှင့် ၊
ဒုက္ခ ,အနတ္တာ ၊မှန်လှစွာ၏။
ငါ, ငါ့ဥစ္စာ ၊ငါ့လိပ်ပြာတို့၊
ဘာတစ်ခုမျှ ၊မဟုတ်ကြသည် ၊
ဓမ္မ သက်သက်ပါတကား။  ။

၂။နားဟုတွင်မည် ၊ရုပ်အကြည်လည်း ၊***
၃။နှာခေါင်းတွင်မည် ၊ရုပ်အကြည်လည်း ၊***
၎။လျှာဟုတွင်မည် ၊ရုပ်အကြည်လည်း ၊***
၅။ကိုယ်ဟုတွင်မည် ၊ရုပ်အကြည်လည်း ၊***
၆။မနောတွင်မည် ၊ရုပ်အကြည်လည်း ၊***

        (ခ) အာရုံခြောက်ပါး
၇။အဆင်းတွင်မည် ၊ရုပ်ထိုဤကား ၊***
၈။အသံတွင်မည် ၊ရုပ်ထိုဤလည်း ၊***
၉။အနံ့တွင်မည် ၊ရုပ်ထိုဤလည်း ၊***
၁၀။အရသာတွင်မည် ၊ရုပ်ထိုဤလည်း ၊***
၁၁။အတွေ့တွင်မည် ၊ရုပ်ထိုဤလည်း ၊***
၁၂။ဓမ္မတွင်မည် ၊ရုပ်နာမ်သည်လည်း ၊***

        (ဂ)ဝိညာဏ် ခြောက်ပါး
၁၃။မျက်စိ၌မှီ ၊ဝိညာဏ်သည်ကား ၊***
၁၄။နား၌စွဲမှီ ၊ဝိညာဏ်သည်လည်း ၊***
၁၅။နှာခေါင်း၌မှီ ၊ဝိညာဏ်သည်လည်း ၊***
၁၆။လျှာ၌စွဲမှီ ၊ဝိညာဏ်သည်လည်း ၊***
၁၇။ကိုယ်၌စွဲမှီ ၊ဝိညာဏ်သည်လည်း ၊***
၁၈။မနောတွင်မည်  ၊ဝိညာဏ်သည်လည်း ၊***

           (ဃ)ဖဿ ခြောက်ပါး
၁၉။မျက်စိ၌မှီ ၊အတွေ့သည်ကား ၊***
၂၀။နား၌စွဲမှီ ၊အတွေ့သည်လည်း ၊***
၂၁။နှာခေါင်း၌မှီ ၊အတွေ့သည်လည်း ၊***
၂၂။လျှာ၌စွဲမှီ ၊အတွေ့သည်လည်း ၊***
၂၃။ကိုယ်၌စွဲမှီ ၊အတွေ့သည်လည်း ၊***
၂၄။မနော၌မှီ ၊အတွေ့သည်လည်း ၊***

             (င)ဝေဒနာ ခြောက်ပါး
၂၅။မျက်စိအတွေ့ ၊တွဲယှဉ်၍လျှင်
      ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်ကား ၊***
၂၆။နား၌အတွေ့ ၊တွဲယှဉ်၍လျှင် ၊
      ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***
၂၇။နှာခေါင်းအတွေ့ ၊တွဲယှဉ်၍လျှင် ၊
      ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***
၂၈။လျှာ၌အတွေ့ ၊တွဲယှဉ်၍လျှင် ၊
       ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***
၂၉။ကိုယ်၌အတွေ့ ၊တွဲယှဉ်၍လျှင် ၊
       ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***
၃၀။မနောအတွေ့ ၊တွဲယှဉ်၍လျှင် ၊
       ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***

            (စ)ဓာတ် ခြောက်ပါး
၃၁။အကြမ်းအနု ၊နှစ်ခုပထဝီ ၊
      မြေဓာတ်သည်ကား ၊***
၃၂။ဖွဲ့သောစီးသော ၊အာပေါနှစ်မည် ၊
      ရေဓာတ်သည်လည်း ၊***
၃၃။ပူသောအေးသော ၊တေဇောနှစ်မည် ၊
      မီးဓာတ်သည်လည်း ၊***
၃၄။လျော့သောတင်းသော ၊ဝါယောနှစ်မည် ၊
      လေဓာတ်သည်လည်း ၊***
၃၅။ကလာပ်ခြားမှ ၊အာကာသမည် ၊
      ထိုဓာတ်သည်လည်း ၊***
၃၆။မြင်,ကြား,နံ,စား,၊ထိ,သိ အားဖြင့် ၊
    ခြောက်ပါးဓာတ်မည် ၊ဝိညာဏ်သည်လည်း ၊***

            (ဆ)ခန္ဓာ ငါးပါး
၃၇။ရုပ် ဟုတွင်မည် ၊ခန္ဓာသည်ကား ၊***
၃၈။ဝေဒနာမည် ၊ခန္ဓာသည်လည်း ၊***
၃၉။သညာတွင်မည် ၊ခန္ဓာသည်လည်း ၊***
၄၀။သင်္ခါရမည် ၊ခန္ဓာသည်လည်း ၊***
၄၁။ဝိညာဏ်ခြောက်မည် ၊ခန္ဓာသည်လည်း ၊***

            (ဇ)အရူပဈာန်လေးပါး
၄၂။အာကာတွင်မည် ၊ဈာန်စိတ်သည်ကား ၊***
၄၃။ဝိညာဉ်တွင်မည် ၊ဈာန်စိတ်သည်လည်း ၊***
၄၄။အာကိဉ်တွင်မည် ၊ဈာန်စိတ်သည်လည်း ၊***
၄၅။နေဝတွင်မည် ၊ဈာန်စိတ်သည်လည်း ၊***

             (ဈ)စည်းစိမ် နှစ်ပါး
၄၆။ဤဘဝတည် ၊စည်းစိမ်သည်ကား ၊***
၄၇။တမလွန်တည် ၊စည်းစိမ်သည်လည်း ၊***

             (ည)ဒိဋ္ဌာဒိဝါရ
၄၉။မြင်အပ် ကြားအပ် ၊ရောက်သိအပ်ဟု ၊
     လေးရပ်တွင်မည် ၊ရုပ်နာမ်သည်လည်း ၊
မြင့်ရှည်ကာလ၊မတည်ထဘဲ၊
ခဏဖြစ်လျှက်၊ခဏပျက်၏ ။
ဖြစ်ပျက်နှစ်တန်၊နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊လွန်ဆင်းရဲ၏ ။
ခိုင်မြဲကျောမာ၊နှစ်မပါဘူး၊
ပညာစက္ခု ၊မျှော်ထောက်ရှု့လျှင်၊
သူ့သဘာဝ၊အနိစ္စနှင့်၊
ဒုက္ခ အနတ္တာ၊မှန်လှစွာ၏ ။
ငါ,ငါ့ဥစ္စာ၊ငါ့လိပ်ပြာတို့၊
ဘာတစ်ခုမှ၊မဟုတ်ကြသည်၊
ဓမ္မ သက်သက်ပါတကား ။  ။

(တိပိဋကဓရ မင်းကွန်းဆရာတော်)

No comments:

Post a Comment