Sunday, December 29, 2013

philosophy.politics.001

နှစ်သစ် မှာ မင်္ဂလာ ရှိစေချင်
ဆုတောင်းတတ်သူများဖြစ်စေချင်
**********************
        နက်ပိတ်ပြီးမှဖတ်မယ်
၂၀၁၃-ခုနှစ် ကုန်ဆုံးတော့မည်။
၂၀၁၄-ခုနှစ် ရောက်ပါတော့မည်။
  အသက် တစ်နှစ်ကြီး သွားပါသည်။
  အရွယ် တစ်နှစ်စာ အိုသွားပါသည်။
  အသက်တမ်း တစ်နှစ် လျော့သွားပါသည်။
  ဘာတွေဖြစ်ခဲ့သည်ကိုသိသလိုလိုရှိသည်။
  ဘာတွေဖြစ်ဦးမည်ကိုမသိပါ။
  ဘယ်လိုတွေဖြစ်သည်ကိုသိသလိုလိုရှိသည်။
  ဘာတွေကြောင့်ဖြစ်သည်ကို သိသလိုလိုရှိသည်။

်သေချာတာတစ်ခုရှိပါသည်။၂၀၁၃-ခုနှစ်ကတော့
ဘယ်သောအခါမှပြန်လာတော့မည်မဟုတ်သဖြင့်
၂၀၁၃-ခုနှစ်ကို မိမိတို့ နောက်တစ်ဖန် စီမံခန့်ခွဲ၍
မရနှိုင်တော့ပါ။  

၂၀၁၃-ခုနှစ်သည်သမိုင်းဖြစ်သွားပါသည်။
၂၀၁၃-ခုနှစ်သည်အတိတ်ဖြစ်သွားပါသည်။
၂၀၁၃-ခုနှစ်သည်သင်ခန်းစာဖြစ်သွားပါသည်။
၂၀၁၃-ခုနှစ်သည်အတွေ့အကြုံဖြစ်သွားပါသည်။
 
၂၀၁၃-ခုနှစ်သည် ကုန်ဆုံးသွားပါသည်။သို့သော်-
အချိန်သည် ကုန်ဆုံးမသွားပါ။အချိန်ကိုရင်ဆိုင်ရ
ပါဦးမည်။အချိန်ကိုနောက်ထပ် ဘယ်၍ဘယ်မျှရင်
ဆိုင်ရဦးမည်ကို မသိပါ။အချိန်ကိုနားလည်သလိုလို
ရှိသည်။သို့သော် အချိန်ကို မသိပါ။အချိန်ကိုသိသ
လိုလိုရှိသည်။သို့သော်အချိန်ကို နားမလည်ပါ။

တစ်လက္မ တစ်ပေ တစ်ကိုက် တစ်မိုင် စသည်တို့
သည် အလျားမဟုတ် အနံမဟုတ် အမြင့်(ထု)
မဟုတ် ပမာဏများ အရွယ်အစားတန်ဖိုးများသာ
ဖြစ်ကြသည်။တစ်စက္ကန့် တစ်မိနစ် တစ်နာရီ တစ်
ရက် တစ်လ တစ်နှစ် စသည်တို့သည် အချိန်မဟုတ်
အချိန်၏ ပမာဏများ အချိန်၏ အမှတ်အသားများ
သာဖြစ်သည်။အချိန်သည် မည်သည့်အရာပေနည်း။

                      ( က )
အချိန်သည် အတိတ်မှပစ္စုပ္ပန် ၊ပစ္စုပ္ပန်မှအနာဂါတ်
တောက်လျောက် ခရီးနှင်နေသည်။အချိန်ကိုရပ်တန့်
လို့မရ ၊ရပ်တန့်ဖို့ မဖြစ်နှိုင်။ အချိန်သည် မည်သည့်
အရာကိုမျှ မှီခိုမှု့မရှိပဲ လွတ်လပ်စွာခရီးနှင်နေသည်။
အချိန်သည် ပကတိ ဖြစ်သည်။အချိန်သည် သက်ရှိ
သက်မဲ့အရာအားလုံးကို ဝါးမျိုဖျက်ဆီးပြစ်သည်။

ဤအမြင်သည် အရပ်ဖက် အမြင်ဖြစ်သည်။
ဤအမြင်သည် လူများစု၏ အမြင်ဖြစ်သည်။
ဤအမြင်သည် သမားရိုးကျ အမြင်ဖြစ်သည်။

                    ( ခ )
အချိန်သည် နှိုင်းရ ဖြစ်သည်။အချိန်သည်စန့်ထွက်
နှိုင်သည်။အချိန်သည် ကိုယ်ပိုင် အချိန် နှင့် နှိုင်းရ
အချိန် နှစ်မျိုးဖြစ်သည်။အချိန်သည် ရွေ့လျားနှုန်း
(အလျှင်)ကိုမှီခိုရသည်။အချိန်သည် အရာဝတ္ထုတိုင်း
အတွက် ပကတိ မဟုတ် နှိုင်းရဖြစ်သည်။

ဤအမြင်သည် အိုင်းစတိုင်း၏အမြင်ဖြစ်သည်။
ဤအမြင်သည်ဒီတာမနစ်စတစ်သိပ္ပံအမြင်ဖြစ်သည်။
ဤအမြင်သည်ရီလေတီဗီတီသီအိုရီအမြင်ဖြစ်သည်။
(deterministic science)(relativity theory)
      
ရှု့မှတ်သူနှင့် ရှု့မှတ်ခံ၏ နှိုင်းရ အလျှင်သုည အခြေ
နေ၌သာ ရှု့မှတ်ခံ ၏ အချိန်နှင့် ရှု့မှတ်သူ ၏ အချိန်
တို့တူညီမှု့ရှိနှိုင်သည်။
ရှု့မှတ်ခံ နှင့် ရှု့မှတ်သူ ၏ နှိုင်းရအလျှင်သည် တစ်
စက္ကန့်လျှင် ကီလိုမီတာ နှစ်သိန်း ခြောက်သောင်း
ဖြစ်လျှင် ရှု့မှတ်ခံ၏ အချိန်သည်ရှု့မှတ်သူ၏အချိန်
ထက်နှစ်ဆပိုကြာသည်။(photo-တွင်ကြည့်ပါ)
ဆိုလိုသည်မှာ ရှု့မှတ်သူ၏အချိန်ကုန်ဆုံးသွားသော်
လည်း ရှု့မှတ်ခံ၏ အချိန်သည် တစ်ဝက်သာ ရှိသေး
သည်။အချိန်စန့်ထွက်သည်ဟုဆိုသည်။အချိန်စန့်
ထွက်ခြင်းအကျိုးဟုခေါ်သည်။
             (Time delation effect)
                
                   ( ဂ )
အကြောင်းတရားများပြည့်စုံသောအခါ ခန္ဓာနာမ် ရုပ် တို့
သည် ဖြစ်ပေါ် လာရ ပေသည်။ခန္ဓာ နာမ် ရုပ်
တို့၏ ဖြစ်ခြင်းကြောင့်သာလျှင် အချိန်သည်ဖြစ်ပေါ်
လာရပေသည်။

အချိန်သည်သံသရာ ဖြစ်သည်။ ခန္ဓာနာမ် ရုပ် တို့
ဖြစ်လျှင်သံသရာဖြစ်သည်။အချိန်မှလွတ်လျှင်
သံသရာမှလွတ်သည်။ ခန္ဓာ နာမ်ရုပ် တို့ မဖြစ်လျှင်
သံသရာမဖြစ် ။သံသရာမဖြစ်လျှင် အချိန် မဖြစ်။ဤသည်
တို့မှာရှု့မှတ်သူ၏ ကိုယ်ပိုင်အချိန်များကိုဆိုလိုသည်။

အချိန်သည် သတ္တဝါ ကို တတိတတိနှင့်ကိုက်ခဲဝါး
မြိုစားသောက်၏။ရဟန္တာအရှင်သူမြတ်တို့သည်
အချိန်ကိုစားသောက်ပြစ်၏။  

ကံနှင့်ကိလေသာ သည် ခန္ဓာနာမ်ရုပ်တို့ကိုဖြစ်စေ၏။
ကံနှင့်ကိလေသာ သည် သံသရာကို ဖြစ်စေ၏။
ကံနှင့်ကိလေသာ သည် အချိန်ကို ဖြစ်စေ၏။

သံသရာဆိုသည်ကား---
တစ်ယောက်တစ်ယောက်သော သတ္တဝါဟု ခေါ်ဝေါ်
အပ်သော ခန္ဓာ ,အာယတန ,ဓာတ် ,တို့၏ အနမတဂ္ဂ
သံသရာ ကာလ၌ ဘဝအဆက်ဆက် ကမ္ဘာအဆက်
ဆက်အားဖြင့် မပြတ်မလပ် ဆက်လက်ဖြစ်ပွားလျှက်
နေသော အစဉ်သည် သံသရာမည်၏။
(လယ်တီနိဗ္ဗာန်-မှ)                                       

သံသရာဆိုသည် မှာ အစမထင်သည့်အလွန်ရှည်လျား
လှသော အဓွန့် ရှိသည့် ကာလ ဖြစ်သည်။

နှစ်သစ်ကူး ဆုတောင်း-----
နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးလျှင် တစ်ဦးချင်းဖြစ်စေ
အစုလိုက်အဖွဲ့လိုက်ဖြစ်စေ နှစ်သစ်ကူးဆုတောင်း
အဖြစ် မိမိ၊မိမိတို့ဆန္ဒရှိရာဖြစ်လိုသည်များကိုတောင်း
ခံဆန္ဒပြုလေ့ရှိကြသည်။

ဆုတောင်းမှု့ကို အပိုလုပ်ငန်း ဟုအမြင်မရှင်း သူများ
ကယူဆပါသည်။လက်တွေ့ပဓာနဝါဒ သမားများက
လက်တွေ့ကျကျ ဆောင်ရွက်မှု့မှအပ အခြားသော
အရိုအသေပေးခြင်း ဆုတောင်းခြင်း အမျှပေးဝေခြင်း
သာဓုခေါ်ခြင်း စသောလုပ်ငန်းများကိုအပိုအမိုလုပ်
ငန်းများအဖြစ် ရှု့မြင်လေ့ရှိသည်။

ဆုတောင်းခြင်းသည်အပိုလုပ်ငန်းမဟုတ်ပါ။လုပ်နည်း
လုပ်ဟန်မှန်ကန်မှု့ရှိဖို့တော့လိုသည်။
နှစ်သစ်ကူးပြောင်းရုံမျှဖြင့် ဆုတောင်းမှု့ ပြုလုပ်ခြင်း
သည်မှန်ကန်မှု့မရှိပါ။
ဆုတောင်းခြင်းအမှု့မပြုမီ ကောင်းမှု့ပြုရပါမည်။
ထိုထိုကောင်းမှု့၏အားလျော်စွာကောင်းကျိုးရရှိမည်
မှာလည်း ဧကန်ပင်ဖြစ်သည်။
မိမိဖြစ်လိုသည် ကို ဆုတောင်း ယူရခြင်းမှာ ထိုထို
ကောင်းမှု့၏ အကျိုးပေး တည်မြဲစေဖို့ နှင့်
ဖရိုဖရဲ မဖြစ်စေဖို့ဖြစ်ပါသည်။

မန္တလေးသို့ရောက်လိုသူသည် မန္တလေးသို့ဦးတည်
သွားဖို့လိုပါသည်။မိုးကုတ်သို့ရောက်လိုသူသည်
မိုးကုတ်သို့ဦးတည်သွားဖို့လိုပါသည်။ ခရီးသွား
သည်ဆိုရုံမျှဖြင့်မိမိရောက်လိုသော ပန်းတိုင်ကို
ရောက်မည်မရောက်မည်မှာမသေချာပေ။သံသရာ
ခရီးသည် အသွားခက်လှသဖြင့်မရောက်ဖို့ပိုများပါ
သည်။

မည်သူမဆိုမိမိရလိုဖြစ်လိုသောဆုကိုကောင်းမှု့ပြု
ပြီးတိုင်းတောင်းယူနှိုင်သည်။သို့သော်သာသနာတွင်း
သားများအနေဖြင့် ခန္ဓာနာမ်ရုပ် တို့မဖြစ်ရာနိဗ္ဗာန်ကို
တောင်းယူသင့်သည်။

နိဗ္ဗာန်ကိုမြင်နှိုင်ရောက်နှိုင်သောကုသိုလ်မှာမုချအား
ဖြင့် မဂ်ကုသိုလ်သာဖြစ်ပါသည်။သို့သော်လည်းနိဗ္ဗာန်
သည် ကုသိုလ်အားလုံးနှင့်အလျော်ဖြစ်သဖြင့်မည်
သည့်ကုသိုလ်ကိုပြုပြုနိဗ္ဗာန်ကိုဆုတောင်းသဖြင့်
လျှင်မြန်စောစွာရရှိနှိုင်ပါသည်။

သောက်တော်ရေတစ်ခွက်ကပ်လှူသည့်ကုသိုလ်
ကလည်းနိဗ္ဗာန်အကျိုးကိုပေးနှိုင်ပါသည်။ဆုတောင်း
သောအခါ၌စိတ်ပါလက်ပါဖြစ်ဖို့သာအရေးကြီးသည်။
ထုံးတမ်းစဉ်လာအရဆုတောင်းခြင်းသူတစ်ပါးတိုက်
တွန်းချက်အရဆုတောင်းခြင်းအစရှိသည့်စိတ်အား
မထက်သန်သည့်ဝတ်တရားကျေဆုတောင်းခြင်းကို
စိတ်ထက်သန်လာအောင်ပြုပြင်ပေးဖို့လိုပါသည်။

တစ်ယောက်တစ်ယောက်စီ၏သံသရာထဲတွင်ကုသိုလ်
နှင့်အကုသိုလ်တို့သည်မရေမတွက်နှိုင်လောက်အောင်
်ပင် အလွန့်အလွန်အမြောက်အများ ထာဝရပစ္စုပ္ပန်
အနေဖြင့် ထာဝစဉ်ကပ်လျှက်လိုက်ပါကာ ခဏ
ပစ္စုပ္ပန်အနေဖြင့်ခန္ဓာ နာမ် ရုပ်များ ကိုတရစပ်အလုအ
ယက်မရပ်မနားထုတ်လုပ်နေကြပါသည်။

ထာဝရပစ္စုပ္ပန်အနေဖြင့်လိုက်ပါလာသောကမ္မသတ္တိ
များနှင့်အနုသယကိလေသာများမှာခန္ဓာနာမ်ရုပ်တို့
၏အနိစ္စလက္ခဏာဖြစ်သော ဥပါဒ် ဌီ ဘင် (ဖြစ်
တည် ပျက် )သဘောမရှိပဲ ခန္ဓာ နာမ်ရုပ် တို့ကို အ
ကြောင်းအားလျော်စွာ ထုတ်လုပ်ပေးနှိုင်စွမ်း အ
ပြည့်ရှိကြပါသည်။

ကမ္မသတ္တိများနှင့်အနုသယကိလေသာများတွင်ခန္ဓာ
နာမ် ရုပ် ကိုထုတ်လုပ်သည့်သတ္တိ( reproductive
power )အပြည့်ပါရှိပါသည်။သို့ဖြစ်သောကြောင့်---
ကမ္မသတ္တိများနှင့်အနုသယကိလေသာများမှာလည်း
အချိန်တန်လျှင်ရင့်မှည့်၍ ခန္ဓာ နာမ် ရုပ်များ ကိုထုတ်
လုပ်ရသည့် ဧကန်ဖြစ်တန်စွမ်းပါရှိနေသဖြင့် အချိန်
မှလွတ်ကင်းသော ကာလဝိမုတ် တရားများမဟုတ်ပဲ
အချိန်စန့်ခြင်းတစ်မျိုးဖြင့် တည်ရှိနေသောအချိန်မှ
မလွတ်ကင်းသည့် တရားများသာဖြစ်ပါသည်။

ကုသိုလ်ပင်ဖြစ်သော်လည်း သံသရာဝဋ်အတွင်း၌
အကျိုးပေးမှု့ကိုစိတ်အားထက်သန်မိချေက ခန္ဓာ
နာမ်ရုပ်များဖြစ်ပွားလျှက် ပါရမီကုသိုလ်အားလျော့
၍နိဗ္ဗာန်ခရီးမပေါက်မြောက်ပဲရှိတတ်သည်။

ခန္ဓာ နာမ် ရုပ် တို့ဖြစ်ပွားလျှင် အနုသယကိလေသာ
သည် သံသရာဝဋ်လည်စေမည့်ကုသိုလ်နှင့်အကုသိုလ်
ကိုမရပ်မနားအတွင်လုပ်တော့သည်။ဤသို့ဖြင်သံသ
ရာဝဋ်လည်စေမည့် ကံ သစ်များထိန်းမနိုင်သိမ်းမရ
ဖြစ်ပွားကာ ခြာခြာလည်လျှက်သံသရာ့သစ်ငုတ်ဖြစ်
တတ်သည်။

သို့ဖြစ်ရာ-သေးသေးကြီးကြီး မည်သည့်ကုသိုလ်
ကောင်မှု့မျိုးကိုမဆို ပြုလုပ်ပြီးတိုင်း သံသရာမှလွတ်
မြောက်ရာ နှင့်ကာလ ၊ဒေသမှလွတ်မြောက်ရာ
နိဗ္ဗာန် ဆုကြီးကို စိတ်အားထက်သန်စွာတောင်းယူ
သင့်ပါသည်။ပါရမီရင့်ကျက်လာပါကနိဗ္ဗာန်ကိုမလွဲမ
သွေရရှိမည့်အပြင်သံသရာခရီးသွားစဉ်ကာလ၌
လည်းသူတော်ကောင်းဓာတ်ခံအပြည့်ဖြင့်လောကဓံ
ံရှစ်ပါးကိုအနှိုင်ရသူအမြဲဖြစ်နှိုင်ပါသည်။

သုမေဓာ ရှင်ရသေ့သည် သတ္တဝါများကိုသနားတော်
မူသဖြင့် သမ္မာသမ္ဗောဓိ ဆုကိုပန်ဆင်ကာ ပါရမီဖြည့်
ကျင့်ရာ ကာလတစ်လျှောက်လုံး ပြုပြုသမျှသော
ကုသိုလ်များ၏အကျိုးအဖြစ် သမ္မာသမ္ဗောဓိ
ဆုကိုသာရည်မှန်း၍ဆောင်ရွက်တော်မူခဲ့ခြင်းဖြစ်
သည်ကိုသတိမူကြပါကုန်။

နှစ်သစ်ကူး၌ကောင်းမှု့ပြု၍ ဆုတောင်းတတ်သူများ
ဖြစ်ဖို့ လိုပါသည်။
ပြုပြီးကုသိုလ်များကိုအာရုံပြု၍ ဆုတောင်းတတ်သူ
များဖြစ်ဖို့ လိုပါသည်။
သူတစ်ပါးပြု၍အမျှပေးဝေသောကုသိုလ်များကို
သာဓုနုမောဒနာ ခေါ်ဆိုတတ်သူများဖြစ်ဖို့လိုပါသည်။့

Saturday, December 28, 2013

Philosophy.politics.001

မျိုးဆက်သစ်တို့ရဲ့ကမ္ဘာ
****************
ယ္ခု ကျွန်တော်တို့ နေထိုင်အသုံးပြုနေတဲ့ ကမ္ဘာကြီး
ဟာ ကျွန်တော်တို့ ပိုင်တဲ့ ကမ္ဘာကြီးမဟုတ်ပါဘူး။

ကျွန်တော်တို့ ဟာ ဒီကမ္ဘာကြီးကို အနာဂါတ်မျိုး
ဆက်သစ်တွေဆီကနေ ခဏ ငှားရမ်းပြီး နေထိုင်
အသုံးပြု နေကြရတာပါ။

UN.ရဲ့ဆောင်ပုဒ် တစ်ခုဖြစ်ပါတယ်။

ဒီကမ္ဘာကြီးကို မိမိပိုင် ပစ္စည်းတစ်ခုလို သဘောထား
သုံးစွဲနေတဲ့ မတော်လောဘ ရှိသူတွေ အမြင်မှန်ရစေ
ဖို့ပါ။ကျွန်တော်တို့ ဘာတွေကို ဘယ်လို သုံးစွဲပါသလဲ
ဘယ်သူတွေက ဘာတွေကို ဘယ်လို သုံးစွဲပါသလဲ။

ဒီနေရာမှာ ကျွန်တော်တို့ အသက်ရှင်နေထိုင်တဲ့ပုံစံ
ကို ကြည့်ကြရအောင်ပါ။ကျွန်တော်တို့ အသက်ရှင်
နေထိုင်ဖို့ စွမ်းအင်လိုအပ်ပါတယ်။လိုအပ်တဲ့စွမ်းအင်
ကို ဘယ်လိုရှာဖွေပြီး ဘယ်လိုသုံးစွဲမှာပါလဲ။

လူသားများရဲ့ အသက်ရှင်နေထိုင် နှိုင်မယ့် နေထိုင်
မှု့စနစ်ကို ယဉ်ကျေးမှု့ပုံစံ ခေတ်လေးခေတ် ယူဆ
ထားပါတယ်။

၁။Type one civilization -ပထမအဆင့်အသက်
    ရှင်နေထိုင်မှု့ပုံစံ ယဉ်ကျေးမှု့။
ဒီအဆင့်မှာ လူသားတွေ အသက်ရှင်နေထိုင်နှိုင်ဖို့လို
အပ်တဲ့ စွမ်းအင်ကို ကမ္ဘာကြီးရဲ့အတွင်းထဲက နှိုက်
ထုတ်သုံးစွဲရင်း ကမ္ဘာကြီးကိုကြေမွပျက်စီးအောင်ဖျက်
ဆီးတာလို့ဆိုပါတယ်။

သဘာဝ သယံဇာတရင်းမြစ်(Natural resources)
တွေရဲ့မူလပိုင်ရှင်ဖြစ်တဲ့ နောင်မျိုးဆက်သစ်တွေဆီ
က ခဏတာချေးငှားပြီး သုံးစွဲသူတွေဟာ ကမ္ဘာကြီး
ကိုဘယ်လိုသဘောထားကြပါသလဲ။

သဘာဝသယံဇာတရင်းမြစ်တွေ ကို ဘယ်သူတွေ
ဘယ့်လောက်များ ခိုးဝှက်လုယက်ယူငင်ဖျက်ဆီး
ပြူန်းတီးစေခဲ့ပါသလဲ။ခရစ်ရှနာမူရတီး ပြောခဲ့တာ
ကိုသတိရမိပါတယ်။"လူတစ်ယောက်အတွက်လူ
ပီပီသသ အသက်ရှင်နေထိုင်နှိုင်မယ့်တစ်ကယ့်လို
အပ်ချက်ပမာဏဟာနည်းနည်းလေးပါ။"တဲ့

ဒီလိုဆိုရင် အပိုအလျှံ အလေအလွင့် အပျက်အစီး
တွေ ကြောင့်ကမ္ဘာကြီးရဲ့ ရှိသင့်တဲ့သက်တမ်းထက်
အများကြီးတိုတောင်းသွားအောင်လုပ်တာဘယ်သူ
တွေလဲ။အနာဂါတ်မျိုးဆက်သစ်တွေဆီက တင်မက
ပဲ ခေတ်ပြိုင် အတူယှဉ်တွဲနေထိုင်နေတဲ့ သူတွေဆီ
ကပါ ခိုးဝှက်လုယက်ယူငင်နေကြတာဘယ်သူတွေ
လဲ။ တစ်ကမ္ဘာလုံး ခြုံကြည့်ရင် လူနည်းစုကပဲဖျက်
ဆီးနေတာပါ။အပြစ်တင်ခံရတဲ့အခါလူအားလုံးပါ။

သစ်တောတစ်တောခုတ်တဲ့သူကချောက်တီးချောက်
ချက်ကျောင်းတစ်ကျောင်းလောက်ဆောက်ပေးပြီးသူ
ကောင်းပြုခံတာမျိုးတွေ ၊မဖြစ်စလောက်ထောက်ပံ့
ကြေးလေးထုတ်ပေးပြီးတောင်တွေကိုဖြိုချလို့ချ၊ဧရာ
ဝတီလိုမြစ်ကိုတောင် မီးရှုးမီးပန်းနဲ့အလဲအလှယ်လုပ်
မဲ့သဘောတွေ မတားနှိုင် မဆီးနှိုင် ဖြစ်နေတာအနာ
ဂါတ်အလားအလာမကောင်းပါ။

ဒီလိုလူတွေရှိနေတဲ့ကမ္ဘာကြီးအသက်တိုဖို့ပဲရှိပါတယ်။
ဒီလိုနဲ့သဘာဝရင်းမြစ်တွေကုန်ဆုံးသွားရင်လူတွေအ
သက်ရှင်ဖို့လိုအပ်တဲ့စွမ်းအင်ကိုကမ္ဘာကြီးကပေးနှိုင်
လိမ့်မယ်မဟုတ်ပါ။လူတွေအသက်ရှင်ဖို့လိုအပ်တဲ့
စွမ်းအင်ကိုနောက်ထပ်ဖြစ်နှိုင်စရာရစရာကတော့နေ
မင်းကြီးဆီကပါ။

၂။Type two civilization -ဒုတိယဆင့် အသက်
    ရှင်နေထိုင်မှု့ပုံစံ ယဉ်ကျေးမှု့။
ဒီအဆင့်မှာ လူတွေအသက်ရှင်နေထိုင်နှိုင်ဖို့လိုအပ်
တဲ့စွမ်းအင်ကို နေမင်းကြီးဆီကရမယ်လို့ဆိုပါတယ်။

မျက်စိရှုပ်နားရှုပ်မဖြစ်အောင်ဒါလောက်ဆိုသဘော
ပေါက်မယ်လို့ယူဆပါတယ်။

ငှားရမ်းသုံးစွဲသူတွေရဲ့လူမဆန်မှု့ကြောင့်ပိုင်ရှင်အ
စစ်ဖြစ်တဲ့နောင်လာနောက်သားများဒုက္ခရောက်စေ
သတည်းပေါ့ဗျာ။ရှေးမွေး၍ ရှေးခွေးဖြစ်သူလူတစ်
စုကြောင့် နောင်မျိုးဆက်သစ်များဒုက္ခရောက်ရပေ
တော့အံ့။



်ွ

MY ART.POEM.002

ဥပရိပဏ္ဏာသပါဠိတော်
အနာထပိဏ္ဌ္ဌိကောဝါဒသုတ်
မြန်မာပြန်လင်္ကာ
••••••••••••••••••••••••••••••
ဤလင်္ကာများမှာ ယ္ခုအသုံးမပြု အသုံးမဝင် သကဲ့သို့
ဖြစ်လျှင်လည်း ၊မိတ်ဆွေအတွက် နောင်တစ်ချိန်ချိန်
တွင် များစွာအကူအညီ ပေးနှိုင်ပါလိမ့်မည်။
သို့ဖြစ်ရာ တစ်နည်းနည်းဖြင့် ထိမ်းသိမ်းထားသင့်
သည်ဟု ဦးစွာအကြံပြုလိုက်ပါသည်။

     (က)အကြည်ဓာတ်ခြောက်ပါး
၁။မျက်စိတွင်မည် ၊ရုပ်အကြည်ကား ၊***

မြင့်ရှည်ကာလ ၊မတည်ထဘဲ၊
ခဏဖြစ်လျှက် ၊ခဏပျက်၏ ။
ဖြစ်ပျက်နှစ်တန် ၊နှိပ်စက်ဒဏ်ဖြင့် ၊
တရံမစဲ ၊လွန်ဆင်းရဲ၏ ။
ခိုင်မြဲကျောမာ ၊နှစ်မပါဘူး ၊
ပညာစက္ခု ၊မျှော်ထောက်ရှု့လျှင် ၊
သူ့သဘာဝ ၊အနိစ္စနှင့် ၊
ဒုက္ခ ,အနတ္တာ ၊မှန်လှစွာ၏။
ငါ, ငါ့ဥစ္စာ ၊ငါ့လိပ်ပြာတို့၊
ဘာတစ်ခုမျှ ၊မဟုတ်ကြသည် ၊
ဓမ္မ သက်သက်ပါတကား။  ။

၂။နားဟုတွင်မည် ၊ရုပ်အကြည်လည်း ၊***
၃။နှာခေါင်းတွင်မည် ၊ရုပ်အကြည်လည်း ၊***
၎။လျှာဟုတွင်မည် ၊ရုပ်အကြည်လည်း ၊***
၅။ကိုယ်ဟုတွင်မည် ၊ရုပ်အကြည်လည်း ၊***
၆။မနောတွင်မည် ၊ရုပ်အကြည်လည်း ၊***

        (ခ) အာရုံခြောက်ပါး
၇။အဆင်းတွင်မည် ၊ရုပ်ထိုဤကား ၊***
၈။အသံတွင်မည် ၊ရုပ်ထိုဤလည်း ၊***
၉။အနံ့တွင်မည် ၊ရုပ်ထိုဤလည်း ၊***
၁၀။အရသာတွင်မည် ၊ရုပ်ထိုဤလည်း ၊***
၁၁။အတွေ့တွင်မည် ၊ရုပ်ထိုဤလည်း ၊***
၁၂။ဓမ္မတွင်မည် ၊ရုပ်နာမ်သည်လည်း ၊***

        (ဂ)ဝိညာဏ် ခြောက်ပါး
၁၃။မျက်စိ၌မှီ ၊ဝိညာဏ်သည်ကား ၊***
၁၄။နား၌စွဲမှီ ၊ဝိညာဏ်သည်လည်း ၊***
၁၅။နှာခေါင်း၌မှီ ၊ဝိညာဏ်သည်လည်း ၊***
၁၆။လျှာ၌စွဲမှီ ၊ဝိညာဏ်သည်လည်း ၊***
၁၇။ကိုယ်၌စွဲမှီ ၊ဝိညာဏ်သည်လည်း ၊***
၁၈။မနောတွင်မည်  ၊ဝိညာဏ်သည်လည်း ၊***

           (ဃ)ဖဿ ခြောက်ပါး
၁၉။မျက်စိ၌မှီ ၊အတွေ့သည်ကား ၊***
၂၀။နား၌စွဲမှီ ၊အတွေ့သည်လည်း ၊***
၂၁။နှာခေါင်း၌မှီ ၊အတွေ့သည်လည်း ၊***
၂၂။လျှာ၌စွဲမှီ ၊အတွေ့သည်လည်း ၊***
၂၃။ကိုယ်၌စွဲမှီ ၊အတွေ့သည်လည်း ၊***
၂၄။မနော၌မှီ ၊အတွေ့သည်လည်း ၊***

             (င)ဝေဒနာ ခြောက်ပါး
၂၅။မျက်စိအတွေ့ ၊တွဲယှဉ်၍လျှင်
      ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်ကား ၊***
၂၆။နား၌အတွေ့ ၊တွဲယှဉ်၍လျှင် ၊
      ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***
၂၇။နှာခေါင်းအတွေ့ ၊တွဲယှဉ်၍လျှင် ၊
      ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***
၂၈။လျှာ၌အတွေ့ ၊တွဲယှဉ်၍လျှင် ၊
       ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***
၂၉။ကိုယ်၌အတွေ့ ၊တွဲယှဉ်၍လျှင် ၊
       ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***
၃၀။မနောအတွေ့ ၊တွဲယှဉ်၍လျှင် ၊
       ဖြစ်လေ့ပွားစည် ၊ဝေဒနာသည်လည်း ၊***

            (စ)ဓာတ် ခြောက်ပါး
၃၁။အကြမ်းအနု ၊နှစ်ခုပထဝီ ၊
      မြေဓာတ်သည်ကား ၊***
၃၂။ဖွဲ့သောစီးသော ၊အာပေါနှစ်မည် ၊
      ရေဓာတ်သည်လည်း ၊***
၃၃။ပူသောအေးသော ၊တေဇောနှစ်မည် ၊
      မီးဓာတ်သည်လည်း ၊***
၃၄။လျော့သောတင်းသော ၊ဝါယောနှစ်မည် ၊
      လေဓာတ်သည်လည်း ၊***
၃၅။ကလာပ်ခြားမှ ၊အာကာသမည် ၊
      ထိုဓာတ်သည်လည်း ၊***
၃၆။မြင်,ကြား,နံ,စား,၊ထိ,သိ အားဖြင့် ၊
    ခြောက်ပါးဓာတ်မည် ၊ဝိညာဏ်သည်လည်း ၊***

            (ဆ)ခန္ဓာ ငါးပါး
၃၇။ရုပ် ဟုတွင်မည် ၊ခန္ဓာသည်ကား ၊***
၃၈။ဝေဒနာမည် ၊ခန္ဓာသည်လည်း ၊***
၃၉။သညာတွင်မည် ၊ခန္ဓာသည်လည်း ၊***
၄၀။သင်္ခါရမည် ၊ခန္ဓာသည်လည်း ၊***
၄၁။ဝိညာဏ်ခြောက်မည် ၊ခန္ဓာသည်လည်း ၊***

            (ဇ)အရူပဈာန်လေးပါး
၄၂။အာကာတွင်မည် ၊ဈာန်စိတ်သည်ကား ၊***
၄၃။ဝိညာဉ်တွင်မည် ၊ဈာန်စိတ်သည်လည်း ၊***
၄၄။အာကိဉ်တွင်မည် ၊ဈာန်စိတ်သည်လည်း ၊***
၄၅။နေဝတွင်မည် ၊ဈာန်စိတ်သည်လည်း ၊***

             (ဈ)စည်းစိမ် နှစ်ပါး
၄၆။ဤဘဝတည် ၊စည်းစိမ်သည်ကား ၊***
၄၇။တမလွန်တည် ၊စည်းစိမ်သည်လည်း ၊***

             (ည)ဒိဋ္ဌာဒိဝါရ
၄၉။မြင်အပ် ကြားအပ် ၊ရောက်သိအပ်ဟု ၊
     လေးရပ်တွင်မည် ၊ရုပ်နာမ်သည်လည်း ၊
မြင့်ရှည်ကာလ၊မတည်ထဘဲ၊
ခဏဖြစ်လျှက်၊ခဏပျက်၏ ။
ဖြစ်ပျက်နှစ်တန်၊နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊လွန်ဆင်းရဲ၏ ။
ခိုင်မြဲကျောမာ၊နှစ်မပါဘူး၊
ပညာစက္ခု ၊မျှော်ထောက်ရှု့လျှင်၊
သူ့သဘာဝ၊အနိစ္စနှင့်၊
ဒုက္ခ အနတ္တာ၊မှန်လှစွာ၏ ။
ငါ,ငါ့ဥစ္စာ၊ငါ့လိပ်ပြာတို့၊
ဘာတစ်ခုမှ၊မဟုတ်ကြသည်၊
ဓမ္မ သက်သက်ပါတကား ။  ။

(တိပိဋကဓရ မင်းကွန်းဆရာတော်)