Tuesday, April 29, 2014

The Middle Way.01

ပုထုဇဉ်နှစ်မျိုး
----------------
မဇ္ဈိမခရီးစဉ်(၁)
•••••••••••••
ကိစ္ဆော မနုဿပဋိလာဘော ၊ကိစ္ဆံ မစ္စာန ဇီဝိတံ၊
ကိစ္ဆံ သဒ္ဓမ္မဿဝနံ ၊ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ ။

လူအဖြစ်ကိုရခြင်းသည်ခဲယဉ်း၏။သတ္တဝါတို့၏အ
သက်ရှည်ခြင်းသည်ခဲယဉ်း၏။သူတော်ကောင်းတ
ရားကိုနာကြားရခြင်းသည်ခဲယဉ်း၏။ဘုရားရှင်တို့ပွင့်
ထွန်းပေါ်ပေါက်လာရခြင်းသည်ခဲယဉ်း၏ ။
ဓမ္မပဒ။၁၈၂ ။

ပုထုဇဉ်
*****
ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ ၊ဗုဒ္ဓေနာဒိစ္စ ဗန္ဓုနာ ။
အန္တော ပုထုဇ္ဇနော ဧကော ၊ကလျာဏေကော
ပုထုဇ္ဇနော ။(အဋ္ဌကထာ)

နေမင်း၏ အနွယ်ဖြစ်တော်မူသော မြတ်စွာဘုရား
သည် နှစ်ယောက်ကုန်သော ပုထုဇဉ်တို့ကိုဟော
တော်မူအပ်ကုန်၏ ။

-အန္တောပုထုဇ္ဇနော ဧကော ။ပညာမျက်စိကန်းသော
အန္ဓပုထုဇဉ်လည်းတစ်ယောက် ။

-ကလျာဏေကော ပုထုဇ္ဇနော ။ပညာမျက်စိကောင်း
သော ကလျာဏပုထုဇဉ်လည်းတစ်ယောက် ။

အန္ဓပုထုဇဉ်လက္ခဏာ
***************
ယဿ ခန္ဓ ဓာတု အာယတန ပစ္စယကာရ သတိ
ပဋ္ဌာနာ ဒီသု ဥဂ္ဂဟပရိပုစ္ဆာဝိနိစ္ဆယရဟိတတ္တာ ဒိဋ္ဌိ
ပဋိသေဓကော နေဝအာဂမော ။(အဋ္ဌကထာ)

အကြင်ပုဂ္ဂိုလ်အား-
( ခန္ဓ ဓာတု အာယတန ပစ္စယကာရ သတိပဋ္ဌာနာ
ဒီသု )
ခန္ဓာတရား ၊ဓာတ်တရား၊အာယတနတရား ၊ပဋိစ္စ
သမုပ္ပါဒ်တရား ၊သတိပဋ္ဌာန်တရား ၊စသည်တို့၌ ။

( ဥဂ္ဂဟပရိပုစ္ဆာဝိနိစ္ဆယရဟိတတ္တာ )
ပါဠိကိုအစွဲအမြဲရခြင်း ၊အနက်ကိုဆွေးနွေးခြင်း ၊
ဆုံးဖြတ်ရှင်းလင်းနှိုင်ခြင်းမှ ကင်းသည်၏ အဖြစ်
ကြောင့် ။

( ဒိဋ္ဌိပဋိသေဓကော )
မိမိသန္တာန်၌ရှိနေသော သက္ကာယဒိဋ္ဌိတရားကိုတား
မြစ်ပယ်ဖျက်နှိုင်သော ။

(အာဂမော)
အဘိဓမ္မာ ၊သုတ္တန် ကျမ်းဂန် နှုတ်ငုံလေ့ကျက်
ဆောင်ရွက်ရရှိသော ပါဠိတရားသည် ။

(နေဝအတ္ထိ) မရှိ ။(သော) ထိုပုဂ္ဂိုလ်ကို ။( အဿုတ
ဝါ ဣတိ ) သုတဗုဒ္ဓိ ဉာဏ်မျက်စိမှကင်းသော အန္ဓ
ပုထုဇဉ်ဟူ၍ ။ (ဉေ ယျော ) သိအပ်၏ ။

ကလျာဏပုထုဇဉ်
*************
ခန္ဓာငါးပါး ၊အာယတန ၁၂-ပါး ၊ဓာတ် ၁၈-ပါး ။
ပါဠိဘာသာအတိုင်းသရုပ်ကွဲစွဲမြဲခြင်းဟူသော-
ဥဂ္ဂဟ ။

မိမိတို့ဘာသာစကားနှင့်နေရာတကျပြ၍ပြောနှိုင်
ခြင်းဟူသော- ပရိပုစ္ဆာ ။

ကိုယ်တွေ့ဒိဋ္ဌိဟူသော- ဥဒါဟရုဏ် လည်းကောင်း ။

ထင်မြင်နှိုင်ရန် ပုံသဏ္ဍာန်ဟူသော- ဥပမာလည်း
ကောင်း ။

ဤသို့-တစ်ခုတစ်ခုသောဓာတ်၌ ဥဒါဟရုဏ် ပုံသက်
သေ သာဓက တို့တကွနှင့် နေရာတကျ ပြောဆိုနှိုင်
ခြင်းဟူသော- ဝိနိစ္ဆယ ။

ဤသို့-ဥဂ္ဂဟ ပရိပုစ္ဆာ ဝိနိစ္ဆယ သုံးပါးတို့ဖြင့် ခန္ဓာတ
ရား၌ ဉာဏ်မျက်စိပေါက်ပြီးသူ ။

အာယတန ဓာတ် တို့၌ ဉာဏ်မျက်စိပေါက်ပြီးသူ ။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးတို့၌ ဉာဏ်မျက်စိပေါက်
ပြီးသူ ။

သတိပဋ္ဌာန်လေးပါး ၊ဣဒ္ဓိပါဒ်လေးပါး ၊ဣိနြေ္ဒငါးပါး ၊
ဗိုလ်ငါးပါး ၊ဗောဇ္ဈင် ၇-ပါး ၊မဂ္ဂင်ရှစ်ပါး ၊ဟူသော
ဗောဓိပက္ခိယတရား ၃၇-ပါးတို့၌ ကွဲပြားရှင်းလင်းစွာ
ဉာဏ်မျက်စိပေါက်သောသူ ။

( ကလျာဏပုထုဇဉ်ကို ကျမ်းဂန်တို့၌ စူဠသောတာ
ပန် ဟုလည်းဆိုသည်။)

( ဓမ္မ-အက္ခိ )တရားမျက်စိ-ဉာဏ်မျက်စိ ရှိသောသူ
ကို ကလျာဏပုထုဇဉ် ဟုခေါ်၍ ----

တရားမျက်စိ-ဉာဏ်မျက်စိ မရှိသောသူကို အန္ဓပုထု
ဇဉ်ဟုခေါ်သည် ။----

ဤကား လယ်တီဆရာတော်၏ ဥတ္တမပုရိသဒီပနီ
၌ ဖော်ပြသော ပုထုဇဉ်နှစ်မျိုး ဖြစ်ပါသည် ။

ပုထုဇဉ်နှစ်မျိုး
**********
၁။သက္ကာယဒိဋ္ဌိအားကြီးစွာဖြစ်သောပုထုဇဉ် ။
၂။သက္ကာယဒိဋ္ဌိအားကြီးစွာမဖြစ်သောပုထုဇဉ် ။
(ယင်းနှစ်မျိုးတွင် သက္ကာယဒိဋ္ဌိအားကြီးစွာဖြစ်သော
ပုထုဇဉ် ပုဂ္ဂိုလ်တို့သည် ကြောက်ရွံ့ခြင်း ကင်း၍ အ
လွန်ရဲဝံ့ကြကုန်၏ ။ယင်းသို့မကြောက်ရွံ့ကြခြင်းသည်
ယင်းပုထုဇဉ် သတ္တဝါတို့ သန္တာန်၌ သက္ကာယဒိဋ္ဌိအား
ကြီးခြင်း ၊ထောင်လွှားမှု့မာန်မာနအားကြီးခြင်း ၊ယင်း
သက္ကာယဒိဋ္ဌိ ၊မာန တို့ကိုမှီ၍ ပြင်းစွာတွေဝေခြင်းမော
ဟ စသည်တို့ ကိန်းဝပ်တည်ရှိနေခြင်းကြောင့်ဖြစ်၏။)

အန္ဓပုထုဇဉ်ပုဂ္ဂိုလ်
*************
ခန္ဓာ ။အာယတန ။ဓာတ် ။သစ္စာ ။ပဋိစ္စသမုပ္ပါဒ် ။
သတိပဋ္ဌာန် ။စသည်တို့ကို သင်ယူခြင်း မေးမြန်းခြင်း
မရှိသည်ဖြစ်၍ လုံးဝမသိနားမလည်သော ပုဂ္ဂိုလ်မျိုး
ကို အန္ဓပုထုဇဉ်ဟုခေါ်သည် ။

ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်
*****************
ခန္ဓာ ။အာယတန ။ဓာတ် ။သစ္စာ ။ပဋိစ္စသမုပ္ပါဒ် ။
သတိပဋ္ဌာန် ။စသည်တို့ကို သင်ယူခြင်း မေးမြန်းခြင်း
ရှိသည်ဖြစ်၍ တတ်သိနားလည်သော ပုဂ္ဂိုလ်မျိုးကို
ကလျာဏပုထုဇဉ်ဟုခေါ်သည် ။
(အဘိ ။ဋ္ဌ ။၁ ။၃၈၃ ။)

အန္ဓပုထုဇဉ်ပုဂ္ဂိုလ်များသည် သက္ကာယဒိဋ္ဌိမှ မလွတ်
ကင်းနှိုင်သူများဖြစ်ကြသည် ။

ယင်းပုဂ္ဂိုလ်တို့သည် ဘုရားအစရှိသော အရိယာသူ
တော်ကောင်းတို့၏ တရားကိုကျင့်သုံးဖို့ မဆိုထားနှင့်
ကြားမျှမကြားဖူးသူများဖြစ်ကြသည့် အလျောက်----
ခန္ဓာငါးပါးကို အတ္တ(ငါ)ဟူ၍၄င်း----
အတ္တ(ငါ)ကို ခန္ဓာငါးပါးဟူ၍၄င်း----
အတ္တ(ငါ)၌ ခန္ဓာငါးပါးရှိ၏ဟူ၍၄င်း----
ခန္ဓာငါးပါး၌ အတ္တ(ငါ)ရှိ၏ဟူ၍၄င်း-----
အလွဲလွဲအချော်ချော် ရှု့မြင်ကြသူများဖြစ်ကြ၍
သက္ကာယဒိဋ္ဌိမှ မလွတ်ကင်းနှိုင်သူများဖြစ်ကြသည်။

ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်များသည် သက္ကာယဒိဋ္ဌိမှ
လွတ်ကင်းနှိုင်သူများဖြစ်ကြသည် ။

ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်များသည် ခန္ဓာငါးပါးကို အ
ရိယာလမ်းစဉ် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် အမှန်အတိုင်း
ဉာဏ်သက်ဝင် ရှု့မြင်သူများဖြစ်ကြ၍ သက္ကာယဒိဋ္ဌိ
မှ လွတ်ကင်းနှိုင်သူများဖြစ်ကြသည် ။

ခန္ဓာငါးပါးတို့၌ ဟုတ်တိုင်းမှန်စွာသိမှု့ ဝိဇ္ဇာ(အမောဟ)
တည်းဟူသောအလင်းရောင်ကိုရကြကုန်လျှက် မိမိတို့
၏ အတ္တ(ငါ)ကောင်းစားရေး အတွက်မဟုတ်တော့ပဲ
ခန္ဓာငါးပါးချုပ်ရာ ဒုက္ခကုန်ရာ နိဗ္ဗာန်ကို မျှော်မှန်း၍
ဒါနစသောကောင်းမှု့ကံတို့ကိုပြုလုပ်ကြကုန်၏ ။

သို့ဖြစ်၍ လောကမှထွက်မြောက်ရာ နိဗ္ဗာန်သို့ဆိုက်
ရောက်လိုကြသော သူသူငါငါ ဟူသမျှတို့သည် ၊သံ
သရာခရီး၌ လမ်းမှန်စွာသွားတတ်သော ကလျာဏ
ပုထုဇဉ် ဖြစ်ဖို့ရန် အလွန်အရေးကြီးလှပေသည် ။

ယ္ခုကာလ ဗုဒ္ဓမြတ်စွာသာသနာနှင့် ကြုံကြိုက်နေချိန်
ဝယ် ခန္ဓာ ၊အာယတန ၊ဓာတ် ၊သစ္စာ ၊ပဋိစ္စသမုပ္ပါဒ် ၊
သတိပဋ္ဌာန်စသည်တို့၏ အမည်နှင့်အဓိပ္ပါယ်ကို သို့
မဟုတ် ရုပ်နာမ် နှစ်ပါး အကြောင်း ရှင်းလင်းကွဲပြား
စွာ သိရှိနားလည်တတ်ကျွမ်းအောင် အဘိဓမ္မာအရာ
၌ ကျွမ်းကျင်တတ်မြောက်နားလည်သော ပညာရှိတို့
အထံ ရိုသေစွာဆည်းကပ်လျှက် သင်ကြားနာယူမှတ်
သားကာ ကလျာဏပုထုဇဉ် ဖြစ်ရေးကို လက်မနှေး
သင့် ၊လျှင်မြန်စွာပြုလုပ်ဆောင်ရွက်သင့်လှသည် ။

1 comment:

  1. ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ
    ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်ခဲသည်ဟူရာ၌
    ဒါနတရား သီလတရား ဘာဝနာတရားများအတွက်
    နှင့် ကြုံကြိုက်ခဲသည်ဟုဆိုသည်မဟုတ်---

    ဘုရားသာသနာအစစ်ဖြစ်သော ဗောဓိပက္ခိယတရား
    ၃၇-ပါး အတွက်နှင့်သာ ကြုံကြိုက်ခဲသည်ဟုဆိုခြင်း
    ဖြစ်ပေသည် ။

    လူ နတ် ဗြဟ္မာ ချမ်းသာ ကိုဖြစ်စေတတ်သော ဒါန
    သီလ ဘာဝနာ တရား သာမည များသည် ဘုရား
    မပွင့်ရာ စကြဝဠာ အနန္တတို့မှာလည်း ဖြစ်ပွားပေါ်
    ပေါက်နှိုင်ပေသည် ။

    ဗောဓိပက္ခိယတရား ၃၇-ပါးတို့မှာကား ဘုရားသာ
    သနာနှင့်ကြုံကြိုက်ပါမှ---
    နာကြားနှိုင်ရန်အခွင့်ကိုရကြကုန်၏ ။
    သင်ယူလေ့ကျက်နှိုင်ရန်အခွင့်ကိုရကြကုန်၏ ။
    ပွားများအားထုတ်နှိုင်ရန်အခွင့်ကိုရကြကုန်၏ ။
    ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်ကို သိမြင်နှိုင်ရန်အ
    ခွင့်ကိုရကြကုန်၏ ။

    အခါကောင်းအခွင့်ကောင်းကို လက်လွတ်မခံပဲ
    ဗောဓိပက္ခိယတရား ၃၇-ပါးကို တတ်သိနားလည်
    သည့်ဆရာသမားတို့အထံ၌ ရိုသေစွာချဉ်းကပ်၍
    လေ့လာသင်ယူမှု့ကိုမချွတ်ဧကန်ပြုသင့်လှပေသည်။

    ReplyDelete